လက်သည်းခြေသည်းတွေ ဆိုတာ ကိုယ့်ကျန်းမာရေး အခြေအနေကို ပြန်ထင်ဟပ်စေနိုင်တဲ့ ကြေးမုံပြင်လေးတွေပါ။ သူ့တို့ရဲ့ အရောင်၊ ပုံပန်း သဏ္ဍန်ကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို အကြမ်းဖျင်းသိနိုင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။
ပုံမှန် လက်သည်းဆိုတာ ဘယ်လိုမျိုးလဲ ။ ။
လက်သည်းအရောင်ကကြည်နေသင့်ပြီး ပန်းရောင်သန်းနေရပါမယ်။ မျက်နှာပြင်မှာလည်း အစင်းရာလေးတွေ ၊ ဖုထစ်နေတာမျိုးတွေ ရှိမနေသင့်ဘဲ ပြောင်ချော ဖြစ်နေရပါမယ် ။ ။
လက်သည်းက ကိုယ့်ကျန်းမာရေးကို ဘယ်လိုပြောပြနိုင်မှာလဲ ။ ။
လက်သည်း အရောင်
- ဖျော့နေတဲ့ လက်သည်းရောင် ။ ။ ပုံမှန် ပန်းရောင် မဟုတ်ဘဲ ဖျော့နေတယ်ဆိုရင် သွေးအားနည်းတာ၊ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ အာဟာရ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
- လက်သည်းဖြူနေတာ ။ ။ လက်သည်းကို ကြည့်လိုက်ရင် ကြည်ကြည်လေးဖြစ်မနေဘဲ ထုံးတွေ တို့ထားသလို ဖြူဖြူကြီးဖြစ်နေမယ်ဆိုရင် ဒါ သင့်အသည်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြတာပါ။
- လက်သည်းဝါတာ ။ ။ လက်သည်းတွေက တအားကို ဝါနေမယ်ဆိုရင် ဒါ လက်သည်းမှိုစွဲနေတာဖြစ်နိုင်ပါတယ်။ တစ်ခြား ဖြစ်တတ်တာတွေကတော့ အသည်းရောင် အသားဝါကြောင့် လက်သည်းတွေဝါတာ၊ အဆုတ်ရောဂါ နဲ့ သိုင်းရွိုက် ဂလင်းရောဂါတွေ ကြောင့်လည်း လက်သည်း ဝါတတ်ပါသေးတယ်။
- ပြာနေတဲ့ လက်သည်းခွံ။ ။ သင့်ကိုယ်ခန္ဓါ အောက်ဆီဂျင် လုံလောက်အောင် မရဘူးဆိုတာကို အရင်ဆုံး ပြောပြမှာကတော့ ပြာနေတဲ့ လက်သည်းခွံလေးတွေပဲ ဖြစ်ပါတယ်။ အဆုတ်ရောဂါတွေနဲ့ အခြား မွေးရာပါ နှလုံးရောဂါတွေကြောင့် လက်သည်းပြာနိုင်ပါသေးတယ်။
- လက်သည်းပေါ်က အဖြူစက်လေးတွေ ။ ။ ငယ်ငယ်ကဆော့လေ့ရှိတဲ့ မုန်း၊ညှိုး၊ချစ်၊ ခင်၊ သနားတို့ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဒီ လက်သည်းပေါ်က အဖြူစက်လေးတွေက သင် ဇင့်ဓါတ်ချို့တဲ့နေတာကိုပြချင်တာပါ။
လက်သည်း မျက်နှာပြင်
- လက်သည်း မျက်နှာပြင်ဟာ မချောမွတ်ဘဲ အပ်ပေါက်ရာလေးတွေ ဖောက်ထားသလို အထစ်ထစ်ဖြစ်နေမယ်ဆိုရင် psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးနဲ့ အဆစ်အမြစ်ရောင် ရောဂါ တို့ကြောင့်ဖြစ်ရတာပါ။
- လက်သည်း ခြေသည်းထိပ်တွေမှာ ခြောက်ပြီး အဖြူဖတ်တွေကပ်နေသလိုမျိုးဖြစ်ဖူးပါသလား။ အဲဒီနေရာက လက်သည်းက ပျော့နေပြီး အလွယ်တကူ ချိုးလို့ရတယ်လေ။ တစ်ရံတစ်ခါလည် းဝါဝါ ကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လက်သည်း၊ခြေသည်း မှိှုစွဲတာကြောင့်ဖြစ်ပါတယ်။
- လက်သည်းမှာ ကန့်လန့်ဖြတ် အစင်းရာတွေ များနေရင် ဒါဟာ စိတ်ဖိစီးမှု များနေတယ်ဆိုတာကို ပြောချင်တာပါ။
- ဒေါင်လိုက်က အစင်းတွေ ။ ။ အစာအိမ်နဲ့ ပက်သက်တဲ့ ရောဂါ၊ အသည်း ၊ ေကျာက်ကပ်ဝေဒနာတွေ ခံစားရတဲ့သူမှာ တွေ့ရများပါတယ်။
- လက်သည်း အောက်က အမဲစင်းတွေ ။ ။ လက်သည်းအောက်က အမဲအစင်းကြောင်းကတော့ melanoma လို့ခေါ်တဲ့ အရေပြားကင်ဆြာဖစ်စေတတ်တဲ့ ဓါတ်တစ်မျိုးကြောင့်ဖြစ်ရတာပါ။ ။
- လက်သည်းထိပ်တွေ မညီမညာဖြစ်နေတာ ။ ။ လက်သည်းထိပ်က ဝိုက်ဝိုက်လေးမဟုတ်ဘဲ အထစ်အထစ်တွေနဲ့ ဖြစ်နေပြီဆိုရင် သင့်မှာ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိနေရပါမယ်။ လက်သည်းကိုက်တတ်တယ်ဆိုတာ ပုံမှန် မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုများတဲ့ စိတ်ရောဂါ ရဲ့ လက္ခဏာတစ်ခုပါ။
လက်သည်းခြေသည်းတွေ က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေများပဲ ဖြစ်ပါတယ်။ ဒါတွေ ရှိလို့ ကျန်းမာရေး ချို့ယွင်းနေပြီလို့ တထစ်ချပြောလို့မရပါဘူး။ ပုံမှန် လူတွေ တော်တော်များများမှာလည်း ဒီလို လက်သည်း ပြဿနာလေးတွေ ရှိတတ်တာကြောင့် သင့်စိတ်ထဲ စနိုးစနောင်ြ့ဖစ်နေရင်တော့ ဆရာဝန်၊ အရေပြား ဆရာဝန်တွေ ဆီမှာ သွားပြတာ အကောင်းဆုံးပါ။
[embed-health-tool-bmi]