backup og meta

Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်ပြင်ဆင်မှုစစ်ဆေးမှုစစ်ဆေးပြီးနောက်ရလဒ်

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်) ကဘာလဲ။

ကွန်ပျူတာဓါတ်မှန် (CT) ဟာ ကိုယ်ခန္ဓါရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကန့်လန့်ဖြတ်အပိုင်းလိုက်ပုံရိပ် တွေ ထုတ်လုပ်ပေးနိုင်တဲ့ X-ray ဓါတ်မှန် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ခါးကွန်ပျူတာဓါတ်မှန် မှာ သင့်ဆရာဝန်ဟာ သင့်ရဲ့ ခါးနောက်ပိုင်းကို ဖြတ်ပြီး မြင်ရမှာ ဖြစ်ပါတယ်။ စက် ဟာ ကိုယ်ခန္ဓါ အနှံ့လည်နေမှာ ဖြစ်ပြီး ကွန်ပျူတာပေါ်ကို ဓါတ်ပုံတွေ ပို့ပေးမှာ ဖြစ်ပြီး ဒါတွေကိုပညာရှင် က ပြန်ကြည့်မှာ ဖြစ်ပါတယ်။

ကျောရိုးမရဲ့ ခါးအပိုင်း ဟာ ခါးနာခြင်းတွေ အဓိက ဖြစ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ ခါး ဟာ ကျောရိုးမရဲ့ အောက်ဘက်အကျဆုံးနေရာဖြစ်ပြီး ကျောရိုးအဆစ် ၅ ခုနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး sacrum နဲ့ coccyx မြီးညှောင့်ရိုး တို့ ပါဝင်ပါတယ်။ သွေးကြောကြီး၊ အာရုံကြော၊ အရိုးနု၊ အရွတ်တွေဟာလည်း ခါးကျောရိုး ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

Lumbar spine CT scan တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ကွန်ပျူတာဓါတ်မှန် (CT) ဟာ ခါးနောက်ပိုင်းရဲ့ အသေးစိတ် ဓါတ်ပုံတွေကို ပေးစွမ်းနိုင်ပါတယ်။ အောက်ပါအချက်တွေကို ရှာဖွေဖို့ ပြုလုပ်ကြပါတယ်။

• ကလေးတွေမှာ မွေးရာပါ ချို့ယွင်းမှုတွေ

• ခါးအောက်ပိုင်း ဒဏ်ရာရရှိခြင်း

• သံလိုက်ဓါတ်မှန် (MRI) အသုံးမပြုနိုင်တဲ့ ကျောရိုးမ ပြဿနာများ

ဒီစစ်ဆေးမှုကို ကျောရိုးမနဲ့ အာရုံကြောအမြစ် တွေရဲ့ X-ray ဓါတ်မှန် (သို့) ကျောရိုးဆစ် အချပ်ပြား ရဲ့ X-ray ဓါတ်မှန် ပြုလုပ်နေစဉ်နဲ့ ပြုလုပ်အပြီးတွေမှာ အသုံးပြုနိုင်ပါတယ်။

ပြင်ဆင်မှု

Lumbar spine CT scan ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

တခါတရံမှာ CT အဖြေတွေဟာ အခြား X-rays အဖြေတွေ၊ MRI အဖြေတွေနဲ့ အာထရာဆောင်း အဖြေတွေနဲ့ ကွဲပြားခြားနားမှု ရှိတတ်ပါတယ်။ ဘာလို့လဲဆိုတော့ CT ဟာ မတူညီတဲ့ မြင်ကွင်းအစုံကို ဖေါ်ပြလို့ပဲဖြစ်ပါတယ်။

CT လိုအပ်တဲ့ ကလေးတွေဟာ စစ်ဆေးမှုအတွက် အထူးညွှန်ကြားချက်တွေ လိုအပ်ပါတယ်။ တကယ်လို့ ကလေးဟာ ငြိမ်ငြိမ်နေဖို့ ငယ်လွန်းသေးရင် (သို့) ကြောက်နေရင် ကလေးငြိမ်သွားဖို့အတွက် ဆရာဝန်က စိတ်ငြိမ်ဆေးအနည်းငယ် ပေးနိုင်ပါတယ်။

တကယ်လို့ သင့်ကလေးကို CT အတွက် အစီအစဉ် ဆွဲထားတယ်ဆိုရင် သင့်ကလေးဆရာဝန်နဲ့ CT ရိုက်ဖို့ လိုအပ်ချက်တွေနဲ့ သင့်ကလေးကို ထိနိုင်တဲ့ ဓါတ်ရောင်ခြည်အကြောင်းတွေကို ဆွေးနွေးသင့်ပါတယ်။

MRI ဟာ CT ထက် ကျောရိုးအဆစ်ကြားအချပ်ပြား တွေနဲ့ ကျောရိုးမအကြောင်း အချက်အလက်တွေကို ပိုမိုဖေါ်ပြနိုင်ပါတယ်။

Lumbar spine CT scan တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Lumber spine CT scan ဟာ ထိခိုက်မှုနည်းသော စစ်ဆေးနည်းတစ်ခုဖြစ်ပါတယ်။

တင်းကျပ်မှုမရှိပဲ သက်တောင့်သက်သာ ရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး စားပွဲပေါ်မှာ လှဲနေရမှာဖြစ်ပါတယ်။ လက်ဝတ်ရတနာတွေနဲ့ အခြားကိုယ်ခန္ဓါက သတ္တု ပစ္စည်းတွေကို ဖယ်ရှားစေပါလိမ့်မယ်။ တကယ်လို့ သင့်မှာ ကိုယ်ခန္ဓါ အတွင်း သတ္တု ထည့်ထားခြင်း ပြုလုပ်ဖူးရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

CT မပြုလုပ်ခင် သင့်ဆရာဝန်ကို သင့်မှာ အောက်ပါအချက်အလက်တွေထဲက တစ်ခုခု ရှိခဲ့ရင် ပြောပြသင့်ပါတယ်။

• ဘေရီယမ် ပုံရိပ်ဖော် ဆိုးဆေးအရည် နဲ့ ဓါတ်မတည့်ရင်

• အစာမစားပဲနေခြင်းဟာ သွေးသကြားဓါတ်ကို နည်းစေမှာ ဖြစ်တာကြောင့် ဆီးချိုရှိခဲ့ရင်

• ကိုယ်ဝန်ရှိခဲ့ရင်

စစ်ဆေးမှု

Lumbar spine CT scan နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

CT စက် ရဲ့အလယ်က စားပွဲ ကျဉ်းကျဉ်းလေးပေါ်ကို လူနာကို လဲလျောင်းနေစေမှာ ဖြစ်ပါတယ်။

ဖတ်တဲ့စက် ထဲရောက်ပြီဆိုတာနဲ့ စက်ရဲ့ X-ray ရောင်ခြည်စု တွေဟာ သင့်ပတ်ပတ်လည်မှာ လည်နေမှာ ဖြစ်ပါတယ်။

ကွန်ပျူတာဟာ ကျောရိုးမရဲ့ မတူညီတဲ့နေရာတွေက ပုံရိပ်တွေကို ဖေါ်ပြပေးမှာဖြစ်ပြီး သူတို့ကို slices လို့ခေါ်ပါတယ်။ ဒီပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ ဖေါ်ပြမှာ ဖြစ်ပြီး ဖလင်ပေါ်မှာလည်း ပေါ်မှာ ဖြစ်ပါတယ်။ ကျောရိုးမရဲ့ 3D ပုံရိပ်တွေကိုတော့ slices တွေကို ထပ်ထည့်ခြင်းအားဖြင့် ဖန်တီးနိုင်ပါတယ်။

စစ်ဆေးမှု ပြုလုပ်စဉ်မှာ ငြိမ်နေရမှာ ဖြစ်ပါတယ်။ လှုပ်ရှားလိုက်ရင် ပုံရိပ်တွေ ဝါးနိုင်ပါတယ်။ ခဏတာ အသက်ရှူအောင့်ခိုင်းတာမျိုး စေခိုင်းနိုင်ပါတယ်။ ရိုက်လို့ပြီးရင် ခဏတာ စောင့်ဆိုင်းဖို့ လိုအပ်ပြီး ပညာရှင် က ပုံရိပ်တွေကို ပြန်ကြည့်ကာ ဆရာဝန်က သေချာစွာဖတ်နိုင်ဖို့ ကြည်လင်ရဲ့လားဆိုတာ သေချာအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးနည်း ဟာ ၁၀-၁၅ မိနစ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Lumbar spine CT scan လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

စစ်ဆေးမှုအပြီးမှာ သင်ဝတ်တဲ့ အဝတ်တွေကို ပြန်လည်ဝတ်ဆင်ကာ ပုံမှန်အတိုင်းနေနိုင်ပြီ ဖြစ်ပါတယ်။ CT အဖြေတွေဟာ တစ်ရက်ကြာတတ်တာမို့ သင့်ဆရာဝန်က အဖြေကို ဆွေးနွေးဖို့နဲ့ တွေ့ရှိချက်တွေပေါ်မူတည်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် အခြေအနေကို ရှင်းပြမှာ ဖြစ်ပါတယ်။ သွေးစစ်ခြင်း နှင့် အခြား စစ်ဆေးမှုတွေကို ရောဂါသေချာစွာ သိရှိစေဖို့နဲ့ ကုသမှုစတင်နိုင်ဖို့ ပြုလုပ်မှာဖြစ်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lumbar Spine Ct Scan (ခါးကျောရိုးမ ကွန်ပျူတာ ဓါတ်မှန်)အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ပုံမှန်

ပုံရိပ်တွေထဲမှာ ခါးအပိုင်း မှာ ပြဿနာ မရှိရင် အဖြေကို ပုံမှန်လို့ ယူဆမှာဖြစ်ပါတယ်။

ပုံမှန်မဟုတ်

ပုံမှန်မဟုတ်တဲ့အဖြေတွေဟာ

• ကျောရိုးမ မွေးရာပါ ချို့ယွင်းခြင်း

• အရိုးပြဿနာများ

• အရိုးကျိုးခြင်း

• ခါးကျောရိုးဆစ်ကျွံခြင်း

• ခါးကျောရိုးဆစ်ကျဉ်းခြင်း

• ခါးကျောရိုးဆစ် အနေအထားလွဲခြင်း ဖြစ်နိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Lumbar spine CT scan ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Lumbar spine CT scan နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Computerized Tomography (CT Scan) http://www.spine-health.com/treatment/diagnostic-tests/computerized-tomography-ct-scan. Accessed July 5, 2016.

Lumbar spine CT scan https://www.nlm.nih.gov/medlineplus/ency/article/007350.htm. Accessed July 5, 2016.

Lumbar Spine CT Scan http://www.healthline.com/health/lumbar-spine-ct-scan#Overview1. Accessed July 5, 2016.

Computed Tomography (CT) Scan of the Spine http://www.webmd.com/back-pain/computed-tomography-ct-scan-of-the-spine?print=true. Accessed July 5, 2016

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

ငလျင်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက် ဘာတွေပြင်ဆင်ထားရမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement