backup og meta

Hepatitis B Test (အသည်းရောင်ဘီပိုးစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hepatitis B Test (အသည်းရောင်ဘီပိုးစစ်ဆေးခြင်း) ကဘာလဲ။

အသည်းရောင်ဘီပိုးစစ်ခြင်းဆိုတာဟာ အသည်းရောင် ဘီပိုး ကူးစက်ခံရမှု လတ်တလော ရှိနေလား (သို့) အရင်တုန်းက ရှိခဲ့ဖူးလားဆိုတာကို ပြသတဲ့ သွေးအတွင်းက အရာဝတ္ထုတွေကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေဟာ ရောဂါကူးစက်ခံရမှုရဲ့ လက္ခဏာတွေကို ရှာဖွေတာဖြစ်ပါတယ်။

• ဘက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေက ပြုလုပ်လိုက်တဲ့ antigen markers တွေကို ရှာဖွေခြင်း၊ ဒါကြောင့် HBV antigens တွေ ရှိခြင်းက ကိုယ်ခန္ဓါအတွင်းမှာ ဗိုင်းရပ်စ်ရှိခြင်းကို ဖေါ်ပြပါတယ်။

• Antibodies (ပဋိပစ္စည်း) တွေဟာ ရောဂါကိုတိုက်ဖို့ ကိုယ်ခန္ဓါက ထုတ်လိုက်တဲ့ ပရိုတင်းတွေပဲဖြစ်ပါတယ်။ HBV antibodies တွေ ရှိခြင်းဟာ အရင်က အသည်းရောင်ဘီပိုးနဲ့ ထိတွေ့မှု ရှိခဲ့တယ်ဆိုတာကို ဖေါ်ပြပါတယ်။ ဒါပေမယ့် ဒါဟာ လွန်ခဲ့တဲ့အချိန်အတော်ကြာကြာက ဖြစ်ဖူးပြီး ပြန်ကောင်းသွားတာမျိုး ဖြစ်နိုင်သလို အခုလောလောဆယ် ရောဂါပိုးရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

• အသည်းရောင်ဘီဗိုင်းရပ်စ် ရဲ့ DNA ဟာ ကိုယ်ခန္ဓါအတွင်းမှာ ဗိုင်းရပ်စ် ရှိနေတာကို ဖေါ်ပြပါတယ်။ DNA ပမာဏဟာ ရောဂါဘယ်လောက်ပြင်းထန်လဲဆိုတာနဲ့ အသည်းရောင်ဘီပိုး ဘယ်လောက်လွယ်လွယ် ပြန့်နိုင်လဲဆိုတာ ဖေါ်ပြပါတယ်။

အသည်းရောင်ရောဂါပိုးအမျိုးအစားတွေကို သေချာစွာသိရှိခြင်းဟာ ပြန့်ပွားခြင်းကို ကာကွယ်ပေးပြီး သင့်လျော်တဲ့ ကုသမှု ရွေးချယ်ဖို့ကိုလည်း ကူညီပေးပါတယ်။

ကနဦး စစ်ဆေးမှုအတွက် အသုံးပြုတဲ့ စစ်ဆေးမှုတွေကတော့-

Hepatitis B surface antigen (HBsAG)

• ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်မှာပါရှိတဲ့ ပရိုတင်း

• ရုတ်တရက် (သို့) နာတာရှည် အသည်းရောင်ဘီပိုးကို သိရှိနိုင်ဖို့။ HBsAG သည် ရုတ်တရက်ဖြစ်တဲ့ အသည်းရောင်ဘီကို ညွန်ပြနိုင်တဲ့ အစောဆုံး အညွန်းကိန်းတစ်ခုဖြစ်ပြီး ရောဂါလက္ခဏာတွေ မပြခင်မှာ စစ်ဆေးတွေ့ရှိနိုင်ပါတယ်။ ပြန်ကောင်းနေတဲ့အချိန်မှာ သွေးအတွင်းမှာ မတွေ့နိုင်ပါဘူး။ သယ်ဆောင်သူအဆင့် အပါအဝင် နာတာရှည် ရောဂါကူးစက်မှုတွေကို ရှာဖွေနိုင်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

Hepatitis B surface antibody (anti-HBs)

• HBV surface antigen (ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်မှာပါရှိတဲ့ ပရိုတင်း) ကို တုန့်ပြန်ဖို့ ထုတ်တဲ့ antibody (ပဋိပစ္စည်း) ဖြစ်ပါတယ်။

• HBV အရင်တုံးက ထိတွေ့မှုရှိလားဆိုတာကို သိရှိဖို့ အသုံးပြုပါတယ်။ သူ့ကို ကာကွယ်ဆေးထိုးခြင်း အောင်မြင်မှုမှာလည်း တွေ့နိုင်ပါတယ်။ (သို့) လူတစ်ယောက်ဟာ ရောဂါပိုးဝင်ခြင်းကနေ ပြန်ကောင်းလာခြင်း (သို့) ရောဂါပိုးကို နောက်တစ်ခါမရရှိတော့ခြင်း အစရှိတာတွေကို သိရှိဖို့ အသုံးပြုပါတယ်။

Total anti-hepatitis B core (anti-HBc, IgM and IgG)

• Hepatitis B core antigen အတွက် IgM နဲ့ IgG antibodies တွေကို စစ်ဆေးပါတယ်။

• သူ့ကို ရုတ်တရက် (သို့) နာတာရှည် အသည်းရောင်ဘီပိုး တွေကို တွေ့ရှိဖို့ အသုံးပြုပါတယ်။ IgM antibody ဟာ အသည်းရောင်ဘီပိုးဝင်အပြီး ပထမဦးဆုံး ထုတ်လုပ်တဲ့ antibody (ပဋိပစ္စည်း) ဖြစ်ပါတယ်။ IgG antibody ကို ရောဂါပိုးဝင်ပြီးနောက်ပိုင်းမှာ core antigen ကို တုန့်ပြန်တဲ့အနေနဲ့ ထုတ်ပြီး ဘဝတစ်လျှောက်လုံး ခံတတ်ပါတယ်။

စစချင်းစစ်ဆေးမှု အပြီး နောက်ပိုင်းစစ်ဆေးမှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Anti-hepatitis B core (anti-HBc), IgM

• Hepatitis B core antigen အတွက် IgM antibody ကိုသာ စစ်ဆေးခြင်းဖြစ်ပါတယ်။

• ရုတ်တရက်ဖြစ်တဲ့ ရောဂါတွေကို သိရှိဖို့ အသုံးပြုပါတယ်။ တခါတရံမှာ နာတာရှည် ရောဂါပိုးကူးစက်မှုကို သိရှိဖို့လည်း အသုံးပြုနိုင်ပါတယ်။

Hepatitis B e-antigen (HBeAG)

• သွေးအတွင်းကို ထုတ်လိုက်တဲ့ ပရိုတင်းပမာဏကို စမ်းစစ်ခြင်း ဖြစ်ပါတယ်။

• အခြားသူတွေကို ကူးစက်မှုကို တိုင်းတာဖို့ အသုံးပြုပါတယ်။ သူ့ကို ကုသမှု ထိရောက်ခြင်းကို သိရှိဖို့လည်း အသုံးပြုပါတယ်။ ဒါပေမယ့် အချို့ HBV အမျိုးအစားတွေက e-antigens တွေကို မပြုလုပ်ပါဘူး။ သူတို့တွေဟာ များသောအားဖြင့် Middle East နဲ့ Asia မှာ အတွေ့များပါတယ်။ HBeAg စစ်ဆေးခြင်းဟာ ဗိုင်းရပ်စ်ပိုး အခြားသူတွေကို ကူးစက်လားဆိုတာကို ဆုံးဖြတ်ဖို့အတွက် အလွန်အသုံးဝင်ခြင်း မရှိပါဘူး။

Anti-hepatitis B e antibody (Anti-HBe)

• Hepatitis B “e”antigen ကို တုန့်ပြန်တဲ့ ကိုယ်ခန္ဓါက ထုတ်လိုက်တဲ့ antibody (ပဋိပစ္စည်း) ကို စစ်ဆေးခြင်း ဖြစ်ပါတယ်။

• ရုတ်တရက်ဖြစ်တဲ့ အသည်းရောင်ဘီပိုး ကနေပြန်ကောင်းလာတဲ့ ရောဂါသည်တွေကို စောင့်ကြည့်ဖို့ အသုံးပြုပါတယ်။ anti HBe ဟာ anti- HBc နဲ့ anti-HBs တို့နဲ့အတူ ပါဝင်နိုင်ပါတယ်။

Hepatitis B viral DNA

• သွေးအတွင်းက အသည်းရောင်ဘီပိုး ကို ရှာဖွေခြင်း ဖြစ်ပါတယ်။

• Positive test (အပေါင်းလက္ခဏာ) ဟာ ဗိုင်းရပ်စ်ပိုး ကိုယ်ခန္ဓါ အတွင်းမှာ ပွားနေပြီး ဒီလူဟာ ကူးစက်နိုင်တယ်ဆိုတာ ဖေါ်ပြပါတယ်။ ဒီစစ်ဆေးမှုကို နာတာရှည် အသည်းရောင်ဘီပိုး ရှိသူတွေမှာ ကုသမှုရဲ့ ထိရောက်မှုကို စောင့်ကြည့်ဖို့ အသုံးပြုပါတယ်။

Hepatitis B virus resistance mutations

• ကုသမှုကို ယဉ်နေခြင်းကို ဖြစ်စေတဲ့ ရောဂါကူးစက်စေတဲ့ ဗိုင်းရပ်စ်တွေရဲ့ ဗီဇပြောင်းလဲခြင်း တွေကို လေ့လာတာဖြစ်ပါတယ်။

• အရင်က ကုသဖူးတဲ့သူ (သို့) ကုသမှုတွေကို မတုန့်ပြန်သူတွေမှာ သင့်လျော်တဲ့ကုသမှု ရွေးချယ်ဖို့ အသုံးပြုပါတယ်။

Hepatitis B Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

Hepatitis B Test ကို လူနာတွေမှာ အသည်းရောင်ပိုးနဲ့ ဆက်စပ်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်လာတဲ့အခါမှာ အသည်းရောင်ဘီရောဂါပိုး ရှိမရှိသိစေဖို့ အသုံးပြုကြပါတယ်။

ပြင်ဆင်မှု

Hepatitis B Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

အသည်းရောင် ဒီ ပိုး ဟာ အသည်းရောဂါကိုဖြစ်စေတဲ့ နောက်ထပ်ရောဂါပိုးတစ်ခုဖြစ်ပြီး သူဟာ အသည်းရောင်ဘီရောဂါသည်တွေမှာသာ ဖြစ်ပွားပါတယ်။ လူတစ်ယောက်မှာ ဒီရောဂါပိုး နှစ်မျိုးလုံး ရှိနိုင်ပါတယ်။ (သို့) စစပိုင်းမှာ အသည်းရောင်ဘီပိုး အရင်ကူးစက်ခံရပြီး နောက်မှ အသည်းရောင် ဒီ ပိုး ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။ အသည်းရောင် ဒီ ပိုး အတွက် ကာကွယ်ဆေးလည်း မရှိပါဘူး။ ဒါပေမယ့် အသည်းရောင် ဒီ ပိုး ဟာ အသည်းရောင်ဘီရောဂါရှိတဲ့သူတွေမှာသာ ဖြစ်တတ်တာကြောင့် သူ့ကို အသည်းရောင်ဘီပိုး ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

Hepatitis B Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

စစ်ဆေးမှုမပြုခင် အထူးတလည် ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။

စစ်ဆေးမှုလိုအပ်ချက်တွေ၊ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေ၊ စစ်ဆေးမှု ဘယ်လိုလုပ်မလဲဆိုတာနဲ့ အဖြေတွေက ဘာကိုဆိုလိုတာလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

စစ်ဆေးမှု

Hepatitis B Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

လိုအပ်သလို သွေးထုတ်ယူမှာ ဖြစ်ပါတယ်။ လူနာရဲ့ လက်မောင်းက သွေးပြန်ကြောက တစ်ဆင့်သွေးထုတ်ယူမှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Hepatitis B Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

လက်မောင်းမှာ သားရေကြိုး ပတ်ထားမှာ ဖြစ်တာကြောင့် တင်းကျပ်မှုကို ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့နေရာက ဘာမှ မခံစားရခြင်း (သို့) အနည်းငယ်စူးရှနာကျင်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဂွမ်းစနဲ့ ပလပ်စတာကို မိနစ် ၂၀-၃၀ ကြာပြီးရင် ဖယ်ရှားနိုင်ပါတယ်။ သွေးအဖြေကို ရရှိဖို့ ရက်ချိန်းပေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်က သွေးအဖြေက ဘာကို ဆိုလိုတယ်ဆိုတာ ရှင်းပြမှာ ဖြစ်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hepatitis B Virus Tests http://www.webmd.com/hepatitis/hepatitis-b-virus-test?print=true. Accessed July 4, 2016.

Hepatitis B Testing https://labtestsonline.org/understanding/analytes/hepatitis-b/tab/test/. Accessed July 4, 2016.

ယခုပုံစံ

19/09/2019

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement