brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း) ကဘာလဲ။

Fluorescein angiogram ဟာ သွေးထဲကို Fluorescein dye (ပုံရိပ်ဖမ်းယူရာတွင် အကူအညီပေးသော ဆိုးဆေး) တွေထိုးသွင်းပြီး စစ်ဆေးတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ Fluorescein Dye တွေဟာ မျက်လုံးနောက်က သွေးကြောတွေကို ပိုမိုထင်ရှားစေတာမို့ သူတို့ကို ဓါတ်ပုံရိုက် စစ်ဆေးနိုင်ပါတယ်။

ဒီစစ်ဆေးမှုကို မျက်စိပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်ဟာ ဒီစစ်ဆေးမှုကို ပြုလုပ်ပြီး ရောဂါအတည်ပြုဖို့၊ သင့်လျော်တဲ့ ကုသမှုကို ဆုံးဖြတ်ဖို့နဲ့ မျက်လုံးနောက်က သွေးကြောတွေ အခြေအနေကို စောင့်ကြည့်ဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

Fluorescein angiogram တွေကို ဘာကြောင့် လုပ်ကြတာလဲ။

ဒီစစ်ဆေးမှုဟာ မျက်လုံးနောက်က အလွှာနှစ်ခုကြားက သွေးကြောတွေအတွင်း လုံလောက်တဲ့ သွေးစီးဆင်းမှု ရှိမရှိ သိရှိဖို့ အသုံးပြုပါတယ်။

သူ့ကို မျက်လုံး ပြဿနာတွေကို သိရှိဖို့ (သို့) မျက်လုံးကုသမှုတွေ ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်သလဲဆိုတာ သိဖို့ အသုံးပြုပါတယ်။

ပြင်ဆင်မှု

Fluorescein angiogram ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

ဆရာဝန်အများစုဟာ ကိုယ်ဝန်ရှိချိန် (အထူးသဖြင့် ပထမ သုံးလပတ်) အတွင်းမှာ ဒီစစ်ဆေးမှုကို ပြုလုပ်လေ့မရှိပါဘူး။

Dye (ပုံရိပ်ဖမ်း ဆိုးဆေး) တွေဟာ နို့ရည်တွေကို ဖြတ်နိုင်တာကြောင့် စစ်ဆေးမှု ပြုလုပ်ပြီး တစ်ရက်ကနေ နှစ်ရက်အထိ ကလေးနို့တိုက်ဖို့ မသင့်လျော်ပါဘူး။ ပြန်ပြီး ကလေးနို့တိုက်နိုင်သည့်အချိန်ထိ နို့ရည်ညှစ်ထုတ်သော ကိရိယာကို အသုံးပြုကာ နို့ရည်တွေကို ညှစ်ထုတ်သင့်ပါတယ်။ စစ်ဆေးမှု မပြုလုပ်ခင် ရက်ပေါင်းများစွာကတည်းက နို့ရည်ကို စုဆောင်းသိမ်းဆည်းခြင်း (သို့) ဒီလိုအချိန်မှာ အသုံးပြုဖို့ နို့မှုန့်ဝယ်ယူခြင်းတွေ ပြုလုပ်သင့်ပါတယ်။

Dye ကို ကျောက်ကပ်တွေကတစ်ဆင့် စစ်ချပြီး ကိုယ်ခန္ဓါ အပြင်ဘက်ကို ဆီးအဖြစ် ၄၈ နာရီအတွင်း ပြန်ထုတ်လိုက်ပါတယ်။ ဆီးအရောင်ဟာ ဒီအချိန်အတွင်းမှာ အဝါရင့်ရောင် (သို့) လိမ္မော်ရောင် ဖြစ်နိုင်ပါတယ်။

Indocyanine green လို့ ခေါ်တဲ့ dye တစ်မျိုးဟာ မျက်လုံးပြဿနာတွေကို ရှာဖွေပေးပြီး Fluorescein အစား အသုံးပြုနိုင်ပါတယ်။ ဒါဟာ ဆရာဝန်ကို မျက်ကြည်လွှာအောက်က စိမ့်ထွက်နေတဲ့ သွေးကြောတွေကို မြင်ရစေပါတယ်။

ဒီစစ်ဆေးမှုဟာ အတွင်းတိမ်ရှိသူတွေမှာတော့ အဖြေကို အဓိပ္ပါယ်ကောက်ဖု့ိ ခက်ခဲစေပါတယ်။

Fluorescein angiogram တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

စစ်ဆေးမှုအပြီး ၁၂ နာရီအထိ သူငယ်အိမ်ကျယ်နေမှာကြောင့် အိမ်ကို ပြန်ခေါ်သွားမယ့်လူတစ်ယောက် လိုအပ်ပါတယ်။

သင်သောက်နေတဲ့ဆေးတွေ၊ သဘာဝဆေးဖက်ဝင် အပင်ဓါတ်စာတွေကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။ အိုင်အိုဒင်း နဲ့ ဓါတ်မတည့်ရင်လည်း ဆရာဝန်ကို ပြောပြနိုင်ပါတယ်။

မျက်ကပ်မှန်တပ်ခဲ့ရင် စစ်ဆေးမှုမပြုခင် ချွတ်ထားသင့်ပါတယ်။

စစ်ဆေးမှု

Fluorescein angiogram နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

သူငယ်အိမ်ကျယ်စေတဲ့ မျက်စဉ်းကို အသုံးပြုမှာ ဖြစ်ပါတယ်။ မေးစေ့ကို မေးစေ့တင်တဲ့နေရာပေါ်မှာထားပြီး နဖူးကို support bar (အပေါ်တန်း) နဲ့ ထိကပ်ကာ ခေါင်းကို ငြိမ်ငြိမ်ထားသင့်ပါတယ်။

ဆရာဝန်က မျက်လုံးအတွင်းပိုင်းဓါတ်ပုံတွေကို ရိုက်မှာ ဖြစ်ပါတယ်။ ပထမ အုပ်စု ဓါတ်ပုံတွေ ရိုက်ပြီးချိန်မှာ fluorescein dye ကို သွေးကြောအတွင်းထိုးထည့်ပြီး တံတောင်ဆစ်ကို ကွေးထားမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အထူးပြုလုပ်ထားတဲ့ ကင်မရာက မျက်လုံးနောက်ဘက်က သွေးကြောတွေထဲကို ဖြတ်သန်းသွားတဲ့ dye ကို ဓါတ်ပုံရိုက်မှာ ဖြစ်ပါတယ်။

စစ်ဆေးပြီးနောက်

Fluorescein angiogram လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

အမြင်အာရုံဟာ ၁၂ နာရီကြာသည်အထိ ဝါးနေနိုင်ပါတယ်။

သူငယ်အိမ်ကျယ်စေတဲ့ မျက်စဉ်းတွေ အစွမ်းမပျယ်မချင်း ကားမမောင်းသင့်ပါဘူး။ တစ်စုံတစ်ယောက်က သင့်ကို အိမ်ကို ပို့ပေးသင့်ပါတယ်။

သူငယ်အိမ် ပုံမှန်ပြန်ဖြစ်သည်အထိ နေကာမျက်မှန် တပ်ထားဖို့လိုအပ်ပါတယ်။ စူးရှတဲ့အလင်းနဲ့နေရောင်တွေဟာ မျက်လုံးကို ထိခိုက်နိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Eye Angiogram (မျက်လုံးသွေးကြောပုံရိပ်ဖော်စစ်ဆေးခြင်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

ဒီစစ်ဆေးမှုဟာ မိနစ် ၃၀ လောက်ကြာမြင့်ပြီး သင့်ဆရာဝန်က အဖြေတွေကို သိပ်မကြာခင်မှာပဲ ရရှိမှာ ဖြစ်ပါတယ်။

ပုံမှန်

• Dye ဟာ မျက်ကြည်လွှာအတွင်းက သွေးကြောအတွင်းမှာ နှောင့်နှေးမှုမရှိပဲ ဖြတ်သန်းသွားပါတယ်။

• ယိုစိမ့်ခြင်းတွေ (သို့) ပိတ်ဆို့ခြင်းတွေ မရှိပါဘူး။

ပုံမှန်မဟုတ်

• Dye ဟာ မျက်ကြည်လွှာအတွင်းက သွေးကြောအတွင်းမှာ နှေးကွေးစွာ ဖြတ်သန်းသွားပါတယ်။

• Dye စီးဆင်းမှု ပိတ်ဆို့ခြင်း ရှိနေပါတယ်။

• Dye ဟာ သွေးကြောတွေကနေ စိမ့်ထွက်နေပါတယ်။

• Dye ဟာ ပတ်ပတ်လည်က မျက်လုံးတစ်ရှူး (သို့) optic disc အတွင်းမှာ စုပြုံနေပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/09/2019 ဖြစ်ပါသည်။