Creatinine စစ်ဆေးချက်ဟာ သင့်ရဲ့ကျောက်ကပ်တွေ နဲ့ ပတ်သတ်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်ပါတယ်။
Creatinine ဆိုတာဟာ သင့်ကြွက်သားတွေ ဇီ၀ ဓါတုလုပ်ငန်းတွေ လုပ်ဆောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတု စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသားစာခြင်းအားဖြင့်လည်း အနည်းငယ်ဖြစ်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့ ကျောက်ကပ်တွေက creatinine နဲ့ အခြား စွန့်ပစ်ပစ္စည်းတွေကို သွေးထဲကနေ စစ်ထုတ်လိုက်နိုင်ပါတယ်။
စစ်ထုတ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ ဆီးထဲကနေ တစ်ဆင့် ခန္ဓါကိုယ်ပြင်ပကို ရောက်ရှိသွားပါတယ်။ အဲလို ကျောက်ကပ်ကနေ creatinine တွေကို စွန့်ထုတ်ပစ်နိုင်တဲ့ စွမ်းအင်ကို creatinine clearance rate လို့ခေါ်ပြီး glomerular filtration rate( GFR) လို့ခေါ်တဲ့ ကျောက်ကပ်ကို ဖြတ်ပြီး သွေးစီးနှုန်းကို ခန့်မှန်းနိုင်ဖို့ အတွက် အကူအညီပေးနိုင်ပါတယ်။
တကယ်လို့ သင့်ကျောက်ကပ်တွေက ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် creatinine ပမာဏများလာပြီး သွေးထဲမှာ စုလာနိုင်ပါတယ်။ သွေးထဲမှာရှိတဲ့ creatinine ကိုတိုင်းတာတဲ့ စစ်ဆေးချက်ဟာ သွေးထဲမှာရှိတဲ့ creatinine ပမာဏကို တိုင်းတာပေးပြီး ကျောက်ကပ်က ဘယ်လောက် ကောင်းကောင်း စစ်ထုတ်နိုင်နေတယ်ဆိုတာကိုပါ ခန့်မှန်းနိုင်အောင်ကူညီပေးပါတယ်။ creatinine urine စစ်ဆေးချက်ကတော့ ဆီးထဲမှာ creatinine ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။
ဆရာဝန်တွေက Creatinine test ကို အသုံးပြုပြီး ကျောက်ကပ် လုပ်ငန်းလုပ်ဆောင်နေမှုတွေကို တိုင်းတာနိုင်တဲ့ အဓိက နည်းလမ်း ၂ခု ရှိပါတယ်။
လက်တွေ့မှာတော့ GFR အတွက် သွေးစစ်ဆေးချက်ကို ၂၄ နာရီဆီးစုဆောင်းထားပြီး Creatinine clearance စစ်ဆေးတဲ့ စစ်ဆေးချက်ထက် ပိုပြီး အသုံးပြုနေကြပါတယ်။
A serum creatinine test- သွေးထဲမှာ ရှိနေတဲ့ creatinine ပမာဏ တိုင်းတာပေးသည့် စစ်ဆေးချက် ဟာ သင့်ကျောက်ကပ်တွေက ကောင်းကောင်းအလုပ် လုပ်၊ မလုပ် ဖော်ပြနိုင်ပါတယ်။ creatinine စစ်ဆေးချက်တွေ ဘယ်နှခါလောက် လုပ်သင့်တယ် ဆိုတာကတော့ သင့်ကျောက်ကပ်ပျက်စီးနိုင်ခြေ နဲ့ အခြား နောက်ခံ အခြေအနေတွေ ရှိ၊ မရှိ အပေါ်မူတည်ပါတယ်။
ဥပမာ-
ကျန်းမာရေးစောင့်ရှောက်သူ က သင့်ကို ဒီစစ်ဆေးချက် အတွက် သတ်ရောက်မှုရှိစေနိုင်တဲ့ ဆေးတွေသောက်တာကို ခဏရပ်ထားဖို့ ပြောနိုင်ပါတယ်။ အဲဒီဆေးတွေကတော့
ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ :
အပေါ်လက်မောင်းမှာ အပတ်တစ်ခုပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်တဲ့ ခံစားမှုမျိုးခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့ အတွက် ဘာမှမခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်းခံစားရနိုင်ပါတယ်။
ထိုးပြီး မိနစ် ၂၀၊ ၃၀ အကြာမှာ ဂွမ်းစ၊ ကပ်ထားတဲ့ ပလာစတာ (tape) ကို ခွာနိုင်ပါတယ်။ စစ်ဆေးချက် အဖြေရဖို့ ရက်သတ်မှတ်ပေးလိုက်ပါလိမ့်မယ်။ အဖြေရတဲ့ အခါ ဆရာဝန်က ဒီအဖြေက ဘာကိုဆိုလိုတယ်ဆိုတာ ရှင်းပြပါလိမ့်မယ်။ ဆရာဝန် ပြောတဲ့ အတိုင်းလိုက်နာသင့်ပါတယ်။
creatinine clearance စစ်ဆေးချက် နဲ့ပတ်သတ်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ပုံမှန်ရလဒ်ကတော့ အမျိုးသားတွေ အတွက်-ဝ.၇ မှ ၁.၃ မီလီဂရမ်/ ဒက်ဆီလီတာ ဖြစ်ပြီး အမျိုးသမီးတွေ အတွက်- ဝ.၆ မှ ၁.၁ မီလီဂရမ်/ဒက်ဆီလီတာ ဖြစ်ပါတယ်။
ကျောက်ကပ် လုပ်ငန်းတွေနဲ့ creatinine clearance တွေဟာ အသက်ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မကောင်းလာတာ ပုံမှန် ဖြစ်ပါတယ်။ ကျောက်ကပ်မှာ အရံ အနေနဲ့ သိမ်းထားနိုင်တဲ့ စွမ်းအင် ပမာဏအများကြီးှရှိပါတယ်။ လူတော်တော်များများဟာ သူတို့ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေရဲ့ ထက်ဝက်ကျော်ကျော်ကို ဘာလက္ခဏာမှ မပြ၊ ဘာပြသနာမှ မဖြစ်လိုက်ပဲ ဆုံးရှုံးသွားကြလေ့ရှိပါတယ်။
အမျိုးသမီးတွေမှာ creatinine ပမာဏဟာ အမျိုးသားတွေ ထက်နည်းလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကြွက်သား နည်းလို့ ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြမယ့် ဥပမာတွေကတော့ ဒီစစ်ဆေးချက် အဖြေအတွက် ရနိုင်ခြေများတဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။ ပုံမှန်တန်ဖိုးတွေက ဓါတု ဓါတ်ခွဲခန်းတစ်ခု နဲ့ တစ်ခုကြားမှာ အနည်းငယ် ကွာခြားနိုင်ပါတယ်။ တစ်ချို့သော ဓါတ်ခွဲခန်းတွေမှာ မတူညီတဲ့ တိုင်းတာမှုတွေ၊ စစ်ဆေးချက်တွေ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ စစ်ဆေးချက် ရလဒ်အတွက် တိကျတဲ့ အဖြေရဖို့ ဆရာဝန် နဲ့ဆွေးနွေး တိုင်ပင်ရပါမယ်။
ပုံမှန်အားဖြင့် သွေးထဲမှာ creatinine ပမာဏ များနေခြင်းဟာ သင့်ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုတာကို ဆိုလိုပါတယ်။ ဒါပေမယ့် သင့်မှာ ရေဓါတ်ခမ်းခြောက်နေခြင်း၊ သွေးပမာဏ နည်းနေခြင်း၊ အသားအလွန် အကျွံစားသုံးထားခြင်း၊ (သို့) ဆေးတစ်ချို့ သောက်သုံးထားခြင်း စတဲ့ အခြေအနေတွေရှိနေပါကလည်း ခဏတာ creatinine ပမာဏများနေနိုင်ပါတယ်။ creatinine ဖြည့်စွက်စာတွေကြောင့်လည်း တူညီတဲ့ ရလဒ် ရနိုင်ပါတယ်။
သင့် သွေးထဲမှာရှိတဲ့ creatinine ပမာဏ ဟာ ပုံမှန်ထက်များနေပြီဆိုရင် ဆရာဝန်က အခြားသွေး၊ ဆီးစစ်ဆေးချက်တွေလုပ်ပြီး အတည်ပြုဖို့ ချင်ရင် ပြုနိုင်ပါတယ်။ ကျောက်ကပ်ပျက်စီးနေမှုကို သံသယရှိနေရင် ပျက်စီးမှုကို ဖြစ်စေနိုင်မယ့် အခြေအနေတွေ အားလုံးကို ထိန်းချုပ်ဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိထားဖို့ကလည်း အရေးကြီးပါတယ်။
သွေးပေါင်ချိန်ကို ထိန်းချုပ်ဖို့ တစ်ခါတစ်လေ ဆေးလိုအပ်နိုင်ပါတယ်။ ပျက်စီးပြီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးပြုပြင် လို့မရပေမယ့် ကောင်းမွန်တဲ့ ကုသမှုတွေနဲ့ ဆိုရင်တော့ နောက်ထပ် ပျက်စီးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
သင့်မှာ GFR (သို့) Creatinine clearance ရလဒ်နည်းနေပြီဆိုရင်တော့ ဆရာဝန်က အဲဒီပြသနာကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တစ်ခုခုကို စတင်နိုင်ပါတယ်။ နာတာရှည် ကျောက်ကပ်ရောဂါကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သွေးတိုးခြင်း နဲ့ ဆီးချိုရှိခြင်း ဖြစ်ပါတယ်။
သင့်မှာ အဲဒီ အကြောင်းတွေရှိနေပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကောင်းမွန်တဲ့ အစားအသောက်၊ လေ့ကျင့်ခန်း၊ ဆေး စတာတွေနဲ့ အဲဒီ အခြေအနေတွေကို ထိန်းချုပ်နိုင်အောင်လုပ်ရမှာပါ။ အဲလို အခြေအနေ( သွေးတိုး၊ ဆီးချို) တွေ မရှိရင်တော့ ကျောက်ကပ်ပျက်စီးရတဲ့ အကြောင်းအရင်းကို ရှာဖို့အတွက် ထပ်ပြီး စစ်ဆေးချက်တွေ လုပ်ဆောင်ရမှာပါ။
လူအများစုမှာတော့ GFR နဲ့ creatinine clearance အရမ်း မနည်းဘူးဆိုရင်တော့ ကျောက်ကပ်ဆေးဖို့ မလိုပါဘူး။ ဒါပေမယ့် ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်မှုတွေဟာ အသက်ကြီးလာတာနဲ့ အမျှ ကျဆင်းလာတာ ဖြစ်တဲ့အတွက် ကျောက်ကပ် လုပ်ငန်းတွေ အားလုံးကို ကာကွယ်နိုင်အောင် စောစောစီးစီးမှာ စစ်ဆေးလုပ်ဆောင်ထားဖို့က အရေးကြီးပါတယ်။
ဓါတု စစ်ဆေးခန်းတွေ နဲ့ ဆေးရုံတွေအပေါ်မူတည်ပြီး creatinine clearance စစ်ဆေးချက် အတွက် ပုံမှန်ပမာဏ အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါကဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။