backup og meta

Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း) ကဘာလဲ။

ကျောရိုးမကြီးတစ်ခုလုံးရဲ့ လည်ပင်းမှအပိုင်းကို လည်ပင်းရိုးဆစ်ဟုခေါ်ပြီး Cervical spine CT scan ဆိုသည်မှာ ထိုလည်ပင်းရိုးဆစ်ကို အထူးပြု X-ray ၊ ကွန်ပြူတာတို့နှင့် ပေါင်းစပ်ကာ ပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။

လတ်တလော အက်စီးဒင့်တစ်ခုခု၊ ထိခိုက်မှုတစ်ခုခု သို့မဟုတ် ဇတ်နာခြင်းများခံစားနေရပါက Cervical spine CT scan ရိုက်ရတတ်ပါတယ်။ ထိုစစ်ဆေးမှုက ကျောရိုးဆစ်ရဲ့ လည်ပင်းပိုင်းတွင် ထိခိုက်မှုများရှိပါက တိကျစွာဖော်ပြနိုင်ပါတယ်။ Neck CT scan (လည်ပင်းစီတီစကင်ရိုက်ခြင်း) ဟုလည်းခေါ်တတ်ပါတယ်။

Cervical CT scan ကိုဘာအတွက်ရိုက်လေ့ရှိသလဲ

Cervical CT scan ဟာ ခန္တာကိုယ်ရဲ့ တိကျသောပုံရိပ်များကို လျင်မြန်စွာ ပုံဖော်နိုင်ပါတယ်။ ဟာဆိုရင်-

• ကလေးများတွင် မွေးရာပါလည်ပင်ရိုး ထိခိုက်ယိုယွင်းမှုကို စစ်ဆေးရှာဖွေရန်

• ကျောရိုးမ MRI ရိုက်ရန်အဆင်မပြေသည့်အခါ ကျောရိုးပြဿနာများရှာဖွေရန်

• ကျောရိုးမကြီးအပေါ်ပိုင်း ထိခိုက်မှုခြင်း

• အရိုးတွင်အကျိတ်ပေါ်ခြင်း၊ ကင်ဆာဖြစ်ခြင်း

• အရိုးကျိုးခြင်း

• ကျောရိုးဆစ်များကြားရှိ အရိုးပြားကျွံကာ အာရုံကြောမကြီးကိုဖိမိခြင်း

များတွင် အသုံးပြုနိုင်ပါတယ်။

စစ်ဆေးမှုမပြုလုပ်ခင်

ဘာတွေသိထားသင့်လဲ

Cervical CT scan ဟာ ကွဲပြားသောရှုထောင့်ကို ပြနိုင်တာကြောင့် တခါတရံမှာ Cervical CT scan အဖြေဟာ အခြားသော MRI, X-ray, ultrasound (အာထရာဆောင်း) အဖြေများနှင့် ကွာခြားနေတတ်ပါတယ်။

ကလေးငယ်များအတွက် Cervical CT scan ရိုက်ရန် အထူးကြိုတင်ပြင်ဆင်မှုများလုပ်ရသည်များ ရှိတတ်ပါတယ်။ ငြိမ်ငြိမ်နေရန်ငယ်လွန်းသေးသော သို့မဟုတ် ကြောက်နေသောကလေးများအတွက် စိတ်ငြိမ်စေရန်ဆေးပေးနိုင်ချေရှိပါတယ်။

MRI က CT scan ထက် ကျောရိုးဆစ်များကြားကအရိုးပြားများနှင့် အာရုံကြောမကြီးနဲ့ပတ်သတ်ပြီး အချက်အလက်ပိုပေးနိုင်ပါတယ်။ CT scan ကို Myelogram နှင့်အတူ CT myelogram အနေနဲ့ရိုက်လေ့ရှိပြီး MRI ကိုတော့ထို အစားရိုက်တတ်ကြပါတယ်။

စမ်းသပ်မှုအတွက်ဘယ်လိုပြင်ဆင်ရမလဲ

အကယ်၍သင့်စစ်ဆေးမှုမှာ ဆေးထိုးပြီးစစ်ရမှာပါမယ်ဆိုရင်တော့ ကြိုတင်ပြင်ဆင်ထားရမည်များ ရှိပါလိမ့်မယ်။ ဆေးနှင့်မတည့်သည်များရှိလျှင်၊ ဆီးချိုသွေးချိုရှိလျှင် ဆရာဝန်ကိုကြိုပြောပါ။ ထိုးမည့်ဆေးနှင့်မတည့်သည်များ ရှိနိုင်သလို၊ ဆီးချိုသွေးချိုအတွက် သောက်နေရသောဆေးများက ရလဒ်ကိုပြောင်းတတ်စေသောကြောင့်ဖြစ်သည်။

ဆေးထိုးစစ်ဆေးမည်ဆိုပါက စစ်ဆေးမှုမတိုင်ခင် ၄ နာရီမှ ၆ နာရီလောက်ထိ ဘာမှမစားမသောက်ရပါဘူး။

ကိုယ်ဝန်သည်များမှာ စစ်ဆေးမှုမှရလာမည့် ကောင်းကျိုးဟာ ဆိုးကျိုးထက်ပိုမသာနေမချင်း မရိုက်သင့်တာကြောင့် ကိုယ်ဝန်ရှိနေပါက ဆရာဝန်ကိုကြိုပြောပြရပါမယ်။

လက်ဝတ်လက်စား၊ နားကပ်၊ မျက်မှန် စသည့် သတ္ထုပစ္စည်းအားလုံးချွတ်ထားရပါမယ်။

တချို့သောစက်ပစ္စည်းများမှာ ကိုယ်အလေးချိန်ကန့်သတ်ချက်ရှိတာကြောင့် ပေါင်ချိန် ၃၀၀ ကျော်လျှင်လည်း ဆရာဝန်ကိုပြောရပါမယ်။

စစ်ဆေးမှု

စစ်ဆေးနေစဉ်ဘာတွေလုပ်လဲ

ကုတင်တစ်ခုပေါ်လှဲနေရကာ ထိုကုတင်က စက်အောက်ထဲလျှောဝင်သွားပါလိမ့်မယ်။ ထိုစက်အောက်မှာ အလင်းတန်းဖြတ်သွားမှာ ဖြစ်တယ်။

ကွန်ပျူတာမှခန္တာကိုယ်ဧရိယာများကို ရှုထောင့်အမျိုးမျိုးမှ ပုံရိပ်များရိုက်ယူပြီး ထိုပုံရိပ်များကိုပေါင်းစပ်ကာ ၃ဘက်မြင်ရုပ်ပုံ(3D)ဖန်တီးမှာဖြစ်တယ်။

လှုပ်ရှားမှုများက ပုံရိပ်များကိုဝါးသွားစေနိုင်တာကြောင့် ရိုက်ယူနေစဉ် ငြိမ်နေရမည်ဖြစ်ပြီး တခါတရံခေတ္တအသက်ရှူအောင့်ထားရသည်များလည်း ရှိနိုင်ပါတယ်။

စစ်ဆေးမှုတစ်ခုလုံး ၁၀ မိနစ်၊ ၁၅ မိနစ်ကြာနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

စစ်ဆေးပြီးရင်ဘာလုပ်ရမလဲ

ရိုက်ပြီးက အဝတ်အစားများပြန်ဝတ်ကာ ပုံမှန်အတိုင်းလှုပ်ရှားလို့ရပြီဖြစ်ပြီး ဆေးထိုးစစ်ဆေးထားပါက ဆေးများကိုစွန့်ထုတ်ရန် ရေများများသောက်ပေးရပါမယ်။

ရလဒ်အဖြေကို ၄၈ နာရီအတွင်းသိရမည်ဖြစ်ပြီး ဆရာဝန်ကအဖြေပေါ်မူတည်ကာ ဆက်လက်လုပ်ဆောင်ရမည်များကို ညွှန်ကြားပါလိမ့်မယ်၊ နောက်ထပ်ပုံရိပ်ရိုက်ယူမှုများ၊ သွေးစစ်ဆေးမှုများနှင့် အခြားသောစစ်ဆေးမှုများလုပ်ရနိုင်ချေလည်းရှိပါတယ်။

မေးခွန်းများရှိပါက ဆရာဝန်ကိုတိုင်ပင်မေးမြန်းနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း) ရဲ့ ရလဒ်

ပုံမှန်ရလဒ်– လည်ပင်းရိုးပုံမှန်အနေအထားရှိခြင်း

ပုံမှန်မဟုတ်– လည်ပင်းရိုးပုံမှန်မဟုတ်ခြင်းဟာ

• မွေးရာပါထိခိုက်မှု

• အရုးပြဿနာများ

• အရိုးကျိုးခြင်း

• အရုးရောင်ခြင်း

• အရုးဆစ်များကြားရှိ အရိုးပြားကျွံခြင်း

တို့ကြောင့်ဖြစ်နိုင်ပါတယ်။

ဓါတ်ခွဲခန်းနှင့်ဆေးရုံပေါ်မူတည်ပြီး ပုံမှန်အခြေအနေ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အဖြေအခြေအနေကိုသိရန် ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Computed tomography (CT) scan of the spine. http://www.webmd.com/back-pain/computed-tomography-ct-scan-of-the-spine?print=true . Accessed Jul 6 2016

Cervical spine CT scan. http://www.nlm.nih.gov/medlineplus/ency/article/007351.htm . Accessed Jul 6 2016

Cervical spine CT scan. http://www.healthline.com/health/cervical-spine-ct-scan#Overview1 . Accessed Jul 6 2016

ယခုပုံစံ

20/09/2019

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 20/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement