backup og meta

Amino Acid Profile (အမိုင်နိုအက်ဆစ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Amino acid profile ဆိုတာ ဘာလဲ

Amino acid စစ်ဆေးခြင်းသည် ခန္ဓါကိုယ်တွင်းမှ အမိုင်နိုအက်စစ်များကို စစ်ဆေးပြီး ၎င်းတို့၏ ဇီဝရုပ်ဖြစ်ပျက်မှု မူမမှန်ခြင်းများကို သိနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ အမိုင်နိုအက်စစ်များသည် ပရိုတင်းများ၊ ဟော်မုန်းများ၊ nycleic အက်စစ်များကို တည်ဆောက်ရန် လိုအပ်သောပစ္စည်းများ ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် neurotransmitter များ၊ အင်ဇိုင်းများ အဖြစ်ပါ လုပ်ဆောင်ကြသည်။ အမိုင်နိုအက်စစ်ကို အဓိကအားဖြင့် နေ့စဉ်စားသော အစားအသောက်များမှ စုပ်ယူရရှိသည်။ ခန္ဓါကိုယ်အတွင်းသို့ ရောက်ပါက ၎င်းတို့ကို တခြားသော အမိုင်နိုအက်စစ်အဖြစ် ပြောင်းလိုက်၏။

သို့သော် သင့်ခန္ဓါကိုယ်မှ မထုတ်လုပ်နိုင်သော အမိုင်နိုအက်စစ် ၈ မျိုးရှိလေသည်။ ၎င်း ၈ မျိုးကို နေ့စဉ် အစားအသောက်များတွင် ပါရန်လိုအပ်သည်။

အမိုင်နိုအက်စစ်များ၏ ဇီဝရုပ် ဖြစ်ပျက်ခြင်းတွင် (သို့) သယ်ယူ ပို့ဆောင်ရေးစနစ်တွင် ချို့ယွင်းမှု ရှိလာပါက အမိုင်နို အက်စစ်များ သွေးထဲ ဆီးထဲတွင် ပါလာနိုင်သည်။ အမိုင်နိုအက်စစ် ဇီဝရုပ်ဖြစ်ပျက်ခြင်း၌ ချို့ယွင်းမှုရှိခြင်း အများစုသည် မွေးရာပါဖြစ်သည်။

အမိုင်နိုအက်စစ်များနှင့် ဆိုင်သော ရောဂါ နောက်ဆက်တွဲများသည် အလွန်အားပျော့သလို အလွန်ဆိုးဝါးခြင်းလည်း ဖြစ်နိုင်သည်။ (စိတ်မနှံ့ခြင်း၊ ကြီးထွားမှု နှောင့်နှေးခြင်းနှင့် ဝက်ရူးပြန်ခြင်း)

အမိုင်နိုအက်စစ်များ၏ ဇီဝရုပ် ဖြစ်ပျက်ခြင်းနှင့် ဆက်စပ်သည့် ရောဂါများမှာ Phenylketo urethra (PKU), syrup urine disease (MSUD), homocystin urinary and cystic fibrosis တို့ ဖြစ်ကြသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Amino acid profile ကို ဘာကြောင့် စစ်ဆေးရသလဲ

သင့်၌ အောက်ပါတို့ရှိကြောင်း ဆရာဝန်က သံသယဝင်လျှင် ဤစစ်ဆေးမှုကို လုပ်ပါလိမ့်မည်။

  • အမိုင်နိုအက်စစ် ဇီဝရုပ် ဖြစ်ပျက်ခြင်းနှင့် ဆက်နွှယ်သော မွေးရာပါရောဂါများ urine phenylketo (PKU), syrup urine disease (MSUD), homocystin urinary and cystic fibrosis ရှိလျှင်
  • ကုသမှုများ ကောင်း၊ မကောင်း စစ်ဆေး တိုင်းတာနိုင်ရန်
  • သင်၏ အဟာရ အခြေအနေ ပြည့်ဝမှုရှိ၊ မရှိ စစ်ကြည့်ချင်လျှင်

Amino acid profile မစစ်ခင် ဘာတွေ သိထားရမလဲ

  • အမိုင်နိုအက်စစ် ပမာဏသည် တစ်နေ့တည်းတွင်ပင် မတူပါ။ နံနက်ခင်းတွင် အမိုင်နိုအက်စစ် လယ်ဗယ်သည် အနိမ့်ဆုံးတွင် ရှိနေပြီး နေမွန်းတည့်တွင် အမြင့်ဆုံးကို ရောက်ပါသည်။
  • ကိုယ်ဝန်သည် ပုံမှန်ထက် အမိုင်နိုအက်စစ် ပမာဏကို လျော့စေနိုင်သည်။
  • အမိုင်နိုအက်စစ် လယ်ဗယ်ကို မြင့်စေသည့် ဆေးများတွင် bismuth, heparin, steroids, and sulfonamides များ ပါဝင်သည်။
  • အမိုင်နိုအက်စစ် ပမာဏကို နည်းစေသည့် ဆေးများတွင် မ ဟော်မုန်းနှင့် ကိုယ်ဝန်တားဆေးများ ပါသည်။

ဤစမ်းသပ်ချက်ကို မလုပ်ခင် သတိပေးချက်များ

အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Amino acid profile မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

မစစ်ဆေးခင် ဆရာဝန်က အောက်ပါတို့ကို မေးပါလိမ့်မည်။

  • ရောဂါလက္ခဏာများ
  • အမိုင်နိုအက်စစ်နှင့် ဆိုင်သော ရောဂါများနှင့် ဆက်နွှယ်သော ဖျားနာနေသည့် မိသားစုဝင် ရှိ၊ မရှိ

ယေဘုယျအားဖြင့် သွေးမဖောက်မခင် ၁၂ နာရီကြာ အစားမစာဘဲ နေဖို့ိလို၏။

လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Amino acid profile စစ်ဆေးနေစဉ် ဘာတွေဖြစ်နိုင်မလဲ

စစ်ဆေးမှု အထမြောက်စေရန် အတွက် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့် နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက် ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့်သွေးကို ယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကို ဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

အကယ်၍ ဆီးစစ်ရမည်ဆိုလျှင် နံနက်ခင်းပေါက်သော ပထမဆုံးဆီးကို ယူရန် ကျွမ်းကျင်သူများက လမ်းညွှန်ပါလိမ့်မည်။

Amino acid profile စစ်ဆေးပြီးနောက် ဘာတွေဖြစ်နိုင်မလဲ

အပ်စိုက်ရာတွင် နာကျင်မည် မဟုတ်ပါ။ တချို့သူများတွင် အရေပြားအား အပ်နှင့်ထိုးသည့် နာကျင်မှုကို ခံစားရနိုင်သည်။ သို့သော် အပ်က သွေးပြန်ကြောထဲ ရောက်ပြီး သွေးစုပ်ယူနေချိန်တွင် လူအများစုသည် နာကျင်မှုကို မခံစားရတော့ပါ။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်ရပ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမို နားလည်စေရန် အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင့်ရဲ့ရလဒ်အဖြေက ဘယ်လို အဓိပ္ပါယ်ရှိမလဲ

  • ပုံမှန်တန်ဖိုး

ပုံမှန်တန်ဖိုးများသည် အမိုင်နိုအက်စစ် တစ်ခုနှင့်တစ်ခု မတူပါ။ လုံးဝကို မူမမှန်သည့်ရလဒ် အဖြေကသာ မျိုးရိုးလိုက်ခြင်း ရှိကြောင်း သက်သေမရှိသော အခြေအနေကို အဖြေထုတ်နိုင်မည် ဖြစ်သည်။

အမိုင်နိုအက်စစ် လယ်ဗယ်သည် အရွယ်ရောက်ပြီးသူများထက် မွေးကင်းစနှင့် ကလေးငယ်များ၌ ပိုမြင့်နေပါသည်။

  • ပုံမှန် မဟုတ်သော ရလဒ်

သွေးတွင်း အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါတို့ကြောင့် ဖြစ်နိုင်သည်။

  • တစ်ခုသော အမိုင်နိုအက်စစ်နှင့် ဆက်စပ်သည့်ရောဂါများ (ဥပမာ PKU, syrup urine disease)

ဆီးတွင်းမှ အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါ အခြေအနေများတွင် မြင့်နိုင်၏။

  • disease-specific urinary amino acids (eg, urinary cystine, urinary homocystin)

အမိုင်နိုအက်စစ် လယ်ဗယ်သည် အောက်ပါတို့ကြောင့် ကျနေနိုင်သည်။

  • Hart up disease;
  • Nephritis;
  • Nephrotic syndrome.

တိကျသော ရောဂါအမည် တပ်နိုင်ရန်အတွက် ဆရာဝန်က တခြားသော စစ်ဆေးမှုများ၊ စမ်းသပ်မှုများနှင့် ပေါင်းစပ် အဖြေထုတ်ရမည် ဖြစ်သည်။ မစစ်ဆေးခင်နှင့် စစ်ဆေးပြီးနောက် တိကျသော ရောဂါအမည် တပ်နိုင်ဖို့ရာ အထူးကု သို့မဟုတ် သင့်ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးနိုင်သည်။

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး amino acid profile ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Pagana, Kathleen D, and Timothy J. Pagana. Mosby’s Manual of Diagnostic and Laboratory Tests. St. Louis, Mo: Mosby/Elsevier, 2010. Printed. Page 45 – 47

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement