backup og meta

Cornea Transplant Surgery (မျက်ကြည်လွှာ အစားထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

မျက်ကြည်လွှာအစားထိုးခွဲစိတ်ခြင်း

မျက်ကြည်လွှာရောဂါဖြစ်ခြင်းဟာ မျက်လုံးရှေ့က အမြင်လွှာကို သဲကွဲမှုလျော့နည်းစေပါတယ်။ တခြားဘယ်နည်းနဲ့မှ အဆင်မပြေရင် မျက်ကြည်လွှာ အစားထိုးခြင်းဟာ အမြင်အာရုံကို တိုးတက်စေဖို့ နည်းလမ်းတခုဖြစ်ပါတယ်။

မျက်ကြည်လွှာဆိုတာ ဘာလဲ

မျက်စိမှာ အလွှာပေါင်းများစွာ ရှိပါတယ်။ မျက်ကြည်လွှာဟာ အလင်းရောင်ဖြတ်သန်းသွားနိုင်တဲ့ အလွှာဖြစ်ပြီး မျက်လုံးရှေ့မှာ ခုံးတဲ့ပုံစံနဲ့ တည်ရှိပါတယ်။

မျက်ကြည်လွှာရောဂါ ဘယ်လိုဖြစ်သလဲ

မျက်ကြည်လွှာကို ရောဂါဖြစ်စေတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ခွဲစိတ်ဖို့ထိ လိုအပ်နိုင်တဲ့ အဖြစ်များတဲ့ အခြေအနေ၃ခုကတော့ keratoconus ခေါ် မျက်ကြည်လွှာဟာ ကတော့ပုံပြောင်းလာပြီး အမြင်ဝါးလာခြင်း၊ မျက်ကြည်လွှာ ဖောင်းပြီး တိမ်လို ထူလာခြင်း၊ အမာရွတ်ဖြစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

မျက်ကြည်လွှာ အစားထိုးခြင်းဆိုတာ ဘာလဲ

မျက်ကြည်လွှာ အစားထိုးခြင်းဆိုတာ မျက်ကြည်လွှာရဲ့ ထိခိုက်ပျက်စီးနေတဲ့ အစိတ်အပိုင်းကို အလှူရှင်ဆီက ရရှိတဲ့ မျက်ကြည်လွှာအကောင်းန့ အစားထိုးလဲလှယ်ခြင်း ဖြစ်ပါတယ်။

မျက်ကြည်လွှာ အစားထိုးခြင်းကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ

အောက်ပါပြသနာတွေ ခံစားနေရရင် မျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်ပါတယ်။

  • မျက်ကြည်လွှာ အပြင်သို့ ခုံးထွက်ခြင်း
  • Funch ရောဂါဖြစ်ခြင်း
  • မျက်ကြည်လွှာပါးခြင်း
  • ရောဂါ သို့မဟုတ် ဒဏ်ရာရ၍ မျက်ကြည်လွှာ မျက်ကြည်လွှာ အမာရွတ်ဖြစ်ခြင်း
  • မျက်ကြည်လွှာ နောက်ကျိလာခြင်း
  • မျက်ကြည်လွှာဖောင်းလာခြင်း
  • မျက်ကြည်လွှာ အနာဖြစ်ခြင်း
  • ယခင် မျက်လုံးခွဲစိတ်မှုကြောင့် နောက်ဆက်တွဲ ပြသနာဖြစ်ခြင်း

အခြေခံအကြောင်းရင်းကို သိရှိခြင်း

မျက်ကြည်လွှာ အစားထိုးခြင်း မပြုခင် ဘာတွေ သိသင့်သလဲ

မျက်ကြည်လွှာ အစားထိုးခြင်း ခံယူထားသူအများစုဟာ အနည်းဆုံး တပိုင်းတစတော့ အမြင်အာရုံ ပြန်ကောင်းတတ်ပါတယ်။ မျက်ကြည်လွှာ အစားထိုးပြီးချိန် ဘယ်လောက်ပြန်ကောင်းမယ်ဆိုတာကတော့ ခွဲစိတ်မှုခံယူရမယ့် အကြောင်းရင်းနဲ့ လူနာရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်ပါတယ်။

နောက်ဆက်တွဲ ပြသနာနဲ့ အစားထိုးလိုက်တဲ့ မျက်ကြည်လွှာ လက်မခံနိုင်ခြင်း ဖြစ်နိုင်ခြေပြသနာဟာ အစားထိုးပြီး နှစ်ပေါင်းများစွာထိ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ဆရာဝန်နဲ့ နှစ်စဉ် ပြသဖို့ လိုအပ်ပါတယ်။ အစားထိုးတဲ့ မျက်ကြည်လွှာကို လက်မခံနိုင်တဲ့ ပြသနာကို ဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။

မျက်ကြည်လွှာ အလှူရှင်ရှာဖွေခြင်း

အစားထိုးမျက်ကြည်လွှာ အများစုဟာ သေဆုံးသူများထံက ရရှိပါတယ်။ အသည်း၊ ကျောက်ကပ် စတဲ့ အင်္ဂါအစိတ်အပိုင်းများနဲ့ မတူတာကတော့ မျက်ကြည်လွှာဟာ ကြာကြာအထားမခံပါဘူး။ ဒါကြောင့် လှူတဲ့သူသေဆုံးတာနဲ့ ချက်ချင်းရယူဖို့ လိုအပ်ပါတယ်။ တခြား အင်္ဂါအစိတ်အပိုင်းများနဲ့ ယှဉ်ရင် အစားထိုးမယ့် မျက်ကြည်လွှာဟာ ပိုလိုအပ်ပါတယ်။ အလှူရှင်တွေဆီမှာ တချို့ပြသနာတွေ ရှိနေရင် မျက်ကြည်လွှာကို လက်မခံနိုင်ပါဘူး။ ဥပမာ ဗဟိုအာရုံကြောစနစ် ပြသနာများ၊ ရောဂါပိုး ကူးစက်ခြင်း၊ မျက်လုံးခွဲစိတ်မှု ခံယူဖူးခြင်း၊ အကြောင်းရင်းမသိရဘဲ သေဆုံးရခြင်း စတဲ့ ပြသနာတွေ ဖြစ်ပါတယ်။

မျက်ကြည်လွှာ အစားထိုးခြင်းအစား တခြားဘယ်လို ပြောင်းလဲ ကုသနိုင်လဲ

မျက်မှန်နဲ့ မျက်ကပ်မှန် အမျိုးအစားတချို့ဟာ အထောက်အကူပြုပါတယ်။

Keratocobus အမျိုးအစားအချို့ကို ပလတ်စတစ်ကွင်းလေး ထည့်သွင်းတဲ့ နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

မျက်ကြည်လွှာဖောင်းပြီး နောက်ကျိလာတဲ့ပြသနာကို မျက်စဉ်းနဲ့ ဖြေရှင်းနိုင်တာမျိုးလည်း ရှိပါတယ်။

ရောဂါအခြေအနေ ပိုဆိုးနေချိန်မှာတော့ ဒီနည်းလမ်းတွေဟာ သိပ်မထိရောက်လှပါဘူး။

ကြိုတင်ပြင်ဆင်ခြင်း

မျက်ကြည်လွှာ အစားထိုးခြင်းမပြုမီ ဘာတွေလုပ်ရမလဲ

မျက်ကြည်လွှာ အစားထိုးခြင်း မခံယူခင် အောက်ပါကိစ္စတွေကို ဆောင်ရွက်ရပါမယ်။

မျက်စိအား ပြည့်စုံစွာစစ်ဆေးခြင်း။ ခွဲစိတ်ပြီးချိန်မှာ နောက်ဆက်တွဲပြသနာဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိမရှိ မျက်စိဆရာဝန်ဟာ စစ်ဆေးပါလိမ့်မယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

မျက်လုံးအားတိုင်းတာခြင်း။

အလှူရှင်ဆီက မျက်ကြည်လွှာ ဘယ်လောက်ရယူရမယ်ဆိုတာ တိုင်းတာပါလိမ့်မယ်။ ဆေးဝါးသောက်သုံးမှုတွေကို သုံးသပ်ပါလိမ့်မယ်။ သောက်ဆေးတချို့ကို မျက်ကြည်လွှာ အစားထိုးခြင်း ပြုခါနီးမှာ သောက်သုံးမှုရပ်ထားဖို့ လိုအပ်ပါတယ်။

အခြား မျက်စိပြသနာများကို ကုသခြင်း။ ရောဂါပိုးဝင်ခြင်း၊ ရောင်ရမ်းခြင်းစတဲ့ အခြားသော မျက်စိပြသနာများဟာ မျက်ကြည်လွှာကို အောင်မြင်စွာ အစားထိုးနိုင်ရေးကို လျော့နည်းစေပါတယ်။ မျက်ကြည်လွှာ ခွဲစိတ်မှုမတိုင်ခင် ဒီပြသနာတွေကို ကုသပါလိမ့်မယ်။

ကုသမှုအစီအစဉ်တွေက ဘာတွေလဲ

မေ့ဆေးထုံဆေး အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုဟာ တနာရီ ၂နာရီ ကြာနိုင်ပါတယ်။ ဆရာဝန်ဟာ မကောင်းတဲ့ မျက်ကြည်လွှာ အလယ်ပိုင်းကို ဖယ်ထုတ်ပြီး အလှူရှင်ဆီက ရတဲ့ မျက်ကြည်လွှာကို အစားထိုးပါလိမ့်မယ်။

မျကပ်ကြည်လွှာတပြင်လုံး အစားထိုးတာ၊ ဒါမှမဟုတ် အပြင်လွှာ အတွင်းလွှာ အစားထိုးတာ စသဖြင့် ရှိနိုင်ပါတယ်။ အစိတ်အပိုင်းအသစ်ကို မြဲမြံနေအောင် ဆရာဝန်ဟာ ချုပ်ရိုးငယ်လေးတွေနဲ့ တွဲဆက်ထားပါလိမ့်မယ်။

မျက်ကြည်လွှာ အစားထိုးခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ

လူအများစုဟာ တညနေကြပေမယ့် ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။

ဆရာဝန်ဟာ မျက်စဉ်းနဲ့ သောက်ဆေးတွေ အိမ်ကိုထည့်ပေးလိုက်ပါလိမ့်မယ်။

ဆရာဝန်နဲ့ ပြန်မပြမချင်း အလေးအပင်မခြင်း၊ ရေကူးခြင်း မလုပ်သင့်ပါဘူး။

လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်ခြင်းဟာ ပုံမှန်လှုပ်ရှားမှုတွေကို မြန်မြန်ဆန်ဆန် ပြန်ရစေနိုင်ပါတယ်။ လေ့ကျင်ပခန်း မစခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

လူအများစုဟာ လျင်မြန်စွာ သက်သာလာတတ်ပါတယ်။ မြင်ကွင်းကောင်းကောင်းရလာနိုင်ဖို့ တနှစ်လောက် အချိန်ပေးရနိုင်ပါတယ်။ မျက်ကြည်လွှာ ပုံသဏ္ဍာန်ကို ပြောင်းလဲဖို့ တခြားခွဲစိတ်မှု လိုအပ်ပါတယ်။

ဆရာဝန်ဟာ မျက်ကြည်လွှာမှာ အနာကောင်းကောင်းကျက်ပြီး အစားထိုးခြင်း အောင်မြင်မှု ရှိမရှိ စစ်ဆေးဖို့ ဆေးခန်းကို ပုံမှန်ချိန်းဆိုပါလိမ့်မယ်။

နောက်ဆက်တွဲပြသနာများ

နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

မျက်ကြည်လွှာ အစားထိုးခြင်းဟာ ဘေးကင်းတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် သေးငယ်တဲ့ နောက်ဆက်တွဲပြသနာတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • မျက်စိပိုးဝင်ခြင်း
  • မျက်စိမှန်ဘီလူးတွင် တိမ်ဖြစ်လာခြင်း
  • ရေချိန်တက်လာခြင်း
  • ချုပ်ရိုးတွင် ပြသနာဖြစ်ခြင်း
  • အလှူရှင်၏ မျက်ကြည်လွှာကို ကိုယ်ခန္ဓါမှ လက်မခံခြင်း

တချို့ကိစ္စတွေမှာ ကိုယ်ခန္ဓါရဲ့ ကိုယ်ခံအားစနစ်ဟာ အလှူရှင်ရဲ့ မျက်ကြည်လွှာကို တိုက်ထုတ်တတ်ပါတယ်။ ဒီပြသနာကို ကိုယ်ခံအားစနစ်အရ လက်ခံခြင်းလို့ သတ်မှတ်ပြီး ဆေးဝါးကုသဖို့၊ တခြားမျက်ကြည်လွှာ အစားထိုးဖို့ လိုအပ်ပါတယ်။ အောက်ပါလက္ခဏာတွေ သတိပြုမိရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

  • အမြင်အာရုံကွယ်ခြင်း
  • နာကျင်ခြင်း
  • နီရဲခြင်း
  • အလင်းရောင်ကို မခံနိုင်ခြင်း
  • အစားထိုးမျက်ကြည်လွှာ၏ ၂၀% ခန့်ကို လက်မခံနိုင်ခြင်း

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.nhs.uk/Conditions/corneatransplant/Pages/Introduction.aspx
http://www.mayoclinic.org/tests-procedures/cornea-transplant/basics/definition/prc-20014357

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement