backup og meta

Hyponatremia (ဆိုဒီယမ်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကဘာလဲ။

ဆိုဒီယမ်နည်းခြင်းမှာခန္ဓါကိုယ်တွင်းမှ ဆိုဒီယမ်လယ်ဗယ် အလွန်ကျသွားခြင်းကို ဆိုလိုပါသည်။ ပုံမှန်ဆိုဒီယမ်လယ်ဗယ်မှာ 135 mEq/L ဖြစ်သည်။ ဆိုဒီယမ်သည် လျှပ်ကူးသတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ခန္ဓါကိုယ်အတွင်းရှိ ဆဲလ်အတွင်းအပြင် ရေပမာဏကို ထိန်းညှိပေး၏။ ဆိုဒီယမ်နည်းခြင်းနှစ်မျိုးရှိသည်။

  • နာတာရှည် ဆိုဒီယမ်နည်းခြင်း မှာ ၄၈ နာရီနှင့်အထက် ဆိုဒီယမ်လယ်ဗယ် တဖြည်းဖြည်းချင်း ကျလာသောအခြေအနေဖြစ်သည်။ ဤအမျိုးအစား၏လက္ခဏာများမှာ များသောအားဖြင့် အပျော့စား သို့မဟုတ် အလယ်အလတ်သာရှိပါသည်။
  • ရုတ်တရတ် ဆိုဒီယမ်နည်းခြင်းမှာတော့ ခန္ဓါကိုယ်တွင်းမှဆိုဒီယမ်များ ရုတ်တရတ်ထိုးကျသွားခြင်းဖြစ်သည်။ ၎င်းကြောင့် ပိုမိုပြင်းထန်သောအခြေအနေများ ဖြစ်လာနိုင်သည်။ ဥပမာ – ဦးနှောက် အလျင်အမြန် ကြွလာခြင်းမှ ကိုမာဝင်ခြင်း သို့မဟုတ် သေခြင်းထိဖြစ်သွားနိုင်ပါသည်။

Hyponatremia (ဆိုဒီယမ်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဆိုဒီယမ်နည်းခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ အထူးသဖြင့် အသက်ကြီးသူများတွင် ပိုဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Hyponatremia (ဆိုဒီယမ်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆိုဒီယမ်နည်းခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ပျို့ခြင်း အန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • စိတ်ထွေပြားခြင်း
  • စွမ်းအင်ကုန်ခမ်းခြင်းနှင့် မောပန်းလွယ်ခြင်း
  • ဂဏာမငြိမ်ခြင်းနှင့် ရန်လိုလွယ်ခြင်း
  • ကြွက်သားအားနည်းခြင်း၊ ကျုံ့ခြင်း သို့မဟုတ် ကြွက်တက်ခြင်း
  • တက်ခြင်း
  • ကိုမာဝင်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ဆိုဒီယမ်နည်းခြင်းကိုဖြစ်စေမည့် ရောဂါအခြေအနေများရှိနေလျှင် သို့မဟုတ် တခြားအကြောင်းရင်းများရှိနေလျှင် ဥပမာ အလွန်အမင်းကိုယ်လက်လှုပ်ရှားရခြင်းနှင့် အထက်ပါလက္ခဏာများခံစားနေရခြင်းတို့ဆိုလျှင် ဆရာဝန်နှင့်ပြပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hyponatremia (ဆိုဒီယမ်နည်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါတို့သည် ဆိုဒီယမ်နည်းခြင်းကို ဖြစ်စေနိုင်သည့် အန္တရာယ်များဖြစ်ပါသည်။

  • အသက် – အသက်ကြီးလာလေလေ ဆိုဒီယမ်နည်းခြင်းဖြစ်နိုင်လေလေပင်။
  • တစ်ချို့သောဆေးများ – ဆိုဒီယမ်နည်းခြင်း ဖြစ်နိုင်ချေကိုများစေမည့် ဆေးများတွင် Thiazide ဆီးဆေးများ၊ စိတ်ကျကုဆေးများနှင့် အကိုက်အခဲပျောက်ဆေးများဖြစ်ပါသည်။
  • ခန္ဓါကိုယ်မှ ရေများစွန့်ထုတ်မှုနည်းစေသည့် ရောဂါများ – ဥပမာ ကျောက်ကပ်ရောဂါ၊ syndrome of inappropriate anti-diuretic hormone (SIADH) နှင့် နှလုံးကောင်းကောင်း အလုပ်မလုပ်တော့ခြင်း။
  • အလွန်အမင်းလှုပ်ရှားမှုပြုလုပ်ခြင်း – မာရသွန်ပြေးပွဲ၊ အာထရာမာရသွန်၊ ထရိုင်ရာသွန်ပြေးပွဲများနှင့် တခြားသော တာရှည်ပြေးပွဲများတွင် ရေအများကြီးသောက်သူများ၊ အလွန်အမင်း လှုပ်ရှားမှုပြုလုပ်ရသူများတွင် ဆိုဒီယမ်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆိုဒီယမ်နည်းခြင်းကို သွေးတွင်းဆိုဒီယမ်လယ်ဗယ် တိုင်းတာခြင်းဖြင့် အတည်ပြုနိုင်ပါသည်။ ဆိုဒီယမ်နည်းခြင်း၏ အောက်ခံအကြောင်းရင်းကိုတော့ ရှာရခက်ပါသည်။ ဆရာဝန်မှ သင်၏ရောဂါရာဇဝင်၊ လက်ရှိကျန်းမာရေးအခြေအနေနှင့် လတ်တလောသုံးနေသည့် ဆေးဝါးများကိုမေးမြန်းပါလိမ့်မည်။ ထို့အပြင် တစ်ချို့သော စစ်ဆေးချက်များကိုလည်း ပြုလုပ်ရန်ပါလိမ့်မည်။ ဥပမာ ခန္ဓါကိုယ်အတွင်းမှအရည်ပမာဏ၊ သွေးပြင်းအားနှင့် ဆီးတွင်ပါသောပစ္စည်းများကို တိုင်းတာရန် ဆီးစစ် သွေးစစ်ပြုလုပ်ရနိုင်ပါသည်။

Hyponatremia (ဆိုဒီယမ်နည်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဤအခြေအနေအား ကုသရခြင်းမှာ အောက်ခံအဓိကအကြောင်းရင်းကို ဦးတည်ရမည်ဖြစ်သည်။

  • ရေသောက်ရပ်ထားခြင်း
  • ဆီးဆေးပမာဏများချိန်ညှိခြင်း
  • အောက်ခံအခြေအနေအား ကုသခြင်း

ပြင်းထန်သော ဆိုဒီယမ်နည်းခြင်းကတော့ အရေးပေါ်အခြေအနေဖြစ်သွားပါသည်။ ကုသရန်အတွက်မူ –

  • ဆိုဒီယမ်အကြောဆေးချိတ်ခြင်း
  • ခေါင်းကိုက်၊ ပျို့အန်၊ တက်ခြင်းများအတွက် ဆေးများ

သွေးတွင်းဆိုးဒီယမ်အား တဖြည်းဖြည်းချင်း တိုးပေးရမည်ဖြစ်သည်။ အလျင်အမြန်တိုးခြင်းက ပြင်းထန်သောရလဒ်များကို ဖြစ်ပွားစေပြီး မကြာခဏဆိုသလို ဦးနှောက်ထာဝရပျက်စီးမှုကို ဖြစ်စေပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဆိုဒီယမ်နည်းခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဆိုဒီယမ်နည်းခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

  • ဆက်စပ်သောအခြေအနေများကိုကုသပါ။ ဆိုဒီယမ်နည်းခြင်းကိုဖြစ်စေသော အခြေအနေများဖြစ်သော ဒရီနယ်ဂလင်းမလုံလောက်ခြင်းလိုအခြေအနေအား ကုသခြင်းအား သွေးတွင်းဆိုဒီယမ်နည်းခြင်းကို ကာကွယ်နိုင်ပါသည်။
  • မိမိကိုယ်ကို ရောဂါအကြောင်းပိုသိပါစေ။ ဆိုဒီယမ်နည်းခြင်းကိုဖြစ်စေနိုင်သည့် ရောဂါရှိနေလျှင် သို့မဟုတ် ဆီးဆေးများသောက်နေရလျှင် ဆိုဒီယမ်အားနည်းခြင်း လက္ခဏာများကို သတိပြုပါ။ ဆေးအသစ်စတိုင်း ဆရာဝန်နှင့် အမြဲဆွေးနွေးပါ။
  • အလွန်အမင်းလှုပ်ရှားမှုပြုလုပ်ရလျှင် သတိနှင့်လုပ်ပါ။ အားကစားသမားများသည် ပွဲအတွင်းချွေးထွက်သလောက်သာ အရည်ကို သောက်သင့်သည်။ ရေငတ်မှုကိုကြည့်ပြီး လိုအပ်သလောက် အရည်ပမာဏကို သောက်နိုင်ပါသည်။
  • လှုပ်ရှားမှုများလုပ်နေချိန်တွင် အားကစားဆိုင်ရာ အချိုရည်များကိုသောက်ရန်စဉ်းစားပါ။ မာရသွန်လို တာရှည်ပြေးပွဲများ အလွန်အမင်း လှုပ်ရှားရမှုများတွင်ပါရမည်ဆိုပါက ရေအစား လျှပ်ကူးသတ္တုဓါတ်များပါသော အားကစားဆိုင်ရာ အချိုရည်များသောက်ရန် ဆရာဝန်နှင့် ဆွေးနွေးကြည့်ပါ။
  • ရေးကိုအထိန်းနှင့်သောက်ပါ။ ရေသောက်ခြင်းသည် ကျန်းမာရေးအတွက် အဓိကကျပြီး လုံလောက်စွာသုံးရမည်ဖြစ်သည်။ သို့သော် လိုသည်ထက်မပိုရပါ။ တစ်နေ့တာတွင် အမျိုးသမီးတစ်ယောက်သည် ၂.၂လီတာ သောက်နိုင်ပြီး အမျိုးသားသည် ၃ လီတာသောက်နိုင်ပါသည်။ ရေငတ်ခြင်းနှင့် ဆီးအရောင်သည် ရေဘယ်လောက်သောက်ရမည်ကို သိနိုင်သော အချက်ပြများဖြစ်ပါသည်။ ရေမဆာဘူး၊ ဆီးလဲအဝါဖျော့ဖျော့ဆိုပါက ရေလုံလောက်စွာသောက်ထားကြောင့် သိနိုင်ပါသည်။

အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hyponatremia. http://www.mayoclinic.org/diseases-conditions/hyponatremia/basics/definition/con-20031445. Accessed August 12, 2016.
Hyponatremia (Low Level of Sodium in the Blood). http://www.merckmanuals.com/home/hormonal-and-metabolic-disorders/electrolyte-balance/hyponatremia-low-level-of-sodium-in-the-blood. Accessed August 12, 2016.
Low Blood Sodium (Hyponatremia). http://www.healthline.com/health/hyponatremia#Overview1. Accessed August 12, 2016.

ယခုပုံစံ

13/01/2022

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement