backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Hydrocele (မုတ္တရောဂါ)


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hydrocele (မုတ္တရောဂါ) ကဘာလဲ။

hydrocele (မုတ္တရောဂါ)ဆိုသည်မှာ ဝှေးစေ့တစ်လုံး သို့ နှစ်ဖက်လုံး ပတ်လည်တွင် နာကျင်ခြင်းမရှိ ရေများစုဝေးပြီး ကပ်ပယ်အိတ် သို့ ပေါင်ခြံနေရာတွင် ဖောင်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ ၎င်းရောဂါဟာ ကြည့်ရဆိုးပြီး နေရခက်သော်လည်း ပုံမှန်အားဖြင့် နာကျင်မှုမရှိသလို အန္တရာယ်လည်း မရှိနိုင်ပါဘူး။

Hydrocele (မုတ္တရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

မုတ္တရောဂါ အများစုဟာ မွေးတဲ့အချိန်မှာ ရှိတတ်ပါတယ်။ မွေးကင်းစ ၁ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်း လောက်မှာ မုတ္တရောဂါ ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ မုတ္တရောဂါ ကို အသက် ၄၀ နောက်ပိုင်းတွေမှာ အဖြစ်များပါတယ်။

လက္ခဏာများ

Hydrocele (မုတ္တရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

hydrocele က လက္ခဏာမပြတတ်ပေမဲ့ ကပ်ပယ်အိတ် ကြီးလာတာတော့ သတိပြုမိမှာပါ။

ဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ နာခြင်း၊ ရောင်ခြင်း သို့ ကပ်ပယ်အိတ် နီခြင်း သို့ လိင်တံအခြေ မှာ ဖိအားတစ်ခု ခံစားနေရခြင်းတို့ ဖြစ်နိုင်ပါတယ်။ မုတ္တရောဂါ ဟာ တစ်ဖက် သို့ နှစ်ဖက်လုံးတွင် ဖြစ်နိုင်ပါတယ်။

တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင် သို့ သင့်ကလေးမှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

• ကပ်ပယ်အိတ်ရောင်လာခြင်း။ ကုသခံယူရန်လိုသည့် ဖြစ်စဉ်ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာပေးရန်လိုအပ်ပါသည်။

• တစ်နှစ်ကျော်သည် အထိ ကလေးမှာ မုတ္တရောဂါ ဆက်လက် ဖြစ်နေခြင်း

• သင် (သို့) သင့်ကလေးဟာ ကပ်ပယ်အိတ် ကိုထိခိုက်မိပြီး နာရီတော်တော်ကြာ အောင့်နေသေးလျှင် အရေးပေါ်ကုသရန် လိုအပ်ပါတယ်။

အကြောင်းရင်းများ

Hydrocele (မုတ္တရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်ပွားမှုအကြောင်းအရင်းကို တော့ မသိရသေးပါ။

မွေးခင်းစတွေမှာ ဖြစ်တဲ့ မုတ္တရောဂါ ကတော့ ကလေးရဲ့ ဝမ်းဗိုက်နှင့် ကပ်ပယ်အိတ် ကြားအပေါက်ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန်အားဖြင့် ၎င်းအပေါက်ဟာ မမွေးခင် သို့ မွေးပြီးပြီးချင်းခဏအတွင်း ပိတ်သွားတတ်ပါတယ်။

နောက်ပိုင်း ဖြစ်လာတဲ့ မုတ္တရောဂါ တွေကတော့ ကပ်ပယ်အိတ် (သို့) ပေါင်ကြား ထိခိုက်မှု သို့ ခွဲစိပ်မှုတို့ကြောင့် ဖြစ်ပါတယ်။ သို့မဟုတ် ကျားအစေ့ရောင်ခြင်း (သို)့ ဝှေးစေ့ ရောင်ခြင်း၊ ပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

ရှားရှားပါးပါး ဝှေးစေ့ ကင်ဆာ (သို့) ဘယ်ဘက်ကျောက်ကပ် ကင်ဆာတွေမှာ လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလိုမျိုး မုတ္တရောဂါ တော့ အသက်အရွယ် မရွေး အထူးသဖြင့် အသက် ၄၀ ကျော်တွေမှာ အဖြစ်များဆုံးဖြစ်ပါတယ်။

Risk factors

Hydrocele (မုတ္တရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နေ့စေ့လစေ့ မမွေးတဲ့ ကလေးတွေမှာ မုတ္တရောဂါ အဖြစ်များပါတယ်။

အမျိုးသားတွေမှာ အသက် ၄၀ အထက်တွေမှာ အဖြစ်များပါတယ်။hydrocele ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ဥပမာ-

• ကပ်ပယ်အိတ် ထိခိုက်မိခြင်း

• ကူးစက်ရောဂါပိုးများ အထူးသဖြင့် လိင်ဆက်ဆံရာမှ ကူးစက်သော ရောဂါများ (STDS)

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hydrocele (မုတ္တရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က အောက်ပါ လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပါလိမ့်မယ်။

  • ကြီးနေတဲ့ ကပ်ပယ်အိတ် ကို နာကျင်မှု ရှိမရှိ စမ်းသပ်ခြင်း။
  • ဗိုက်ကို ဖိကြည့်ခြင်းဖြင့် အူ ကျွံမှု ရှိမရှိ စမ်းသပ်ခြင်း။
  • ကပ်ပယ်အိတ် ကို အလင်းပြစမ်းသပ်ခြင်း(transillumination)ဖြင့် ဝှေးစေ့အတွင်း ရေရှိမရှိ သိနိုင်ပါတယ်။
  • ကျားစေ့ရောင်ခြင်း (epididymitis) ကဲ့သို့ ရောင်ခြင်း၊ ရောဂါပိုးကူးစက်နေခြင်း ရှိမရှိသိနိုင်ရန် သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း။
  • အူကျွံခြင်း၊ ဝှေးစေ့ကင်ဆာ နှင့် တခြား ကပ်ပယ်အိတ် ရောင်တဲ့ လက္ခါဏာတွေကို အာထရာဆောင်း ရိုက်ခြင်းဖြင့် သိနိုင်ပါတယ်။

Hydrocele (မုတ္တရောဂါ) ကို ဘယ်လိုကုသပါသလဲ

ကလေးငယ် ယောက်ကျားလေးတွေအတွက်ဆိုရင် မုတ္တရောဂါ ဟာ တစ်နှစ်အတွင်း အလိုအလျောက်ပြန်လည် ပျောက်ကင်းနိုင်ပါတယ်။ အကယ် တစ်နှစ်အတွင်း ပြန်မပျောက်ခဲ့လျှင် ဒီထက်ပိုကြီးလာရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

လူကြီးယောက်ကျားတွေမှာဆိုလိုရှိရင် ၆ လ အတွင်း သူ့ဟာသူ ပြန်ပျောက်နိုင်တယ်။ မုတ္တရောဂါ ဟာ နေရ ခက်လာလျှင် သို့မဟုတ် ပုံဆိုးပန်းဆိုးဖြစ်လာမှသာ ကုသဖို့ လိုအပ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement