backup og meta

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကဘာလဲ။

ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ဆိုသည်မှာ နှလုံးရောဂါ လေဖြတ် သွေးတိုး ဖြစ်ပွားမှုကိုမြင့်တက်စေနိုင်သည့် အကြောင်းအရာများကို စုစည်း၍ ခေါ်သောနာမည်ဖြစ်သည်။

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်အရမ်းများပါသည်။ အသက်အရွယ် အစုံတွင်ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားမှုဖြစ်စေသည့် အကြောင်းအရာများကို ဖယ်ရှားခြင်းဖြင့်ထိန်းချုပ်သည်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

လက္ခဏာများ

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

များသောအားဖြင့်ရောဂါလက္ခဏာမပြတတ်ပါ။ ခါးပိုင်းကြီးခြင်း ( ခါးတုတ်ခြင်း) သည် မြင်သာသောလက္ခဏာဖြစ်နိုင်သည်။

အချို့သူများတွင် သွေးတွင်း အဆီတက်တတ်သည် -ဥပမာ ဆီးချို(type2 ) သွေးတွင်းအဆီဓါတ်တက်သော လက္ခဏာများမှာ ရေငတ်ခြင်း ဆီးခဏခဏသွားရခြင်း(ညအချိန်တွင်ပိုသွားရတတ်သည်) နှုန်းခြင်း အမြင်ေဝဝါးခြင်းတို့ဖြစ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

အဝလွန်ခြင်း လှုပ်ရှားမှုနည်းခြင်းများနှင့်ဆက်စပ်မှုရှိသည်။ သို့သော် အကြောင်းအရင်းတခုထဲကြောင့်ရောဂါ ဖြစ်နိုင်သည် မဖြစ်နိုင်သည် သေချာမသိပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • ပန်းသီးကဲ့သို့ ခန္ဓါကိုယ်ရှိခြင်း။ ခန္ဓါကိုယ် အပေါ်ပိုင်း အလယ်ပိုင်းတွင် အဆီပိုများရှီနေခြင်း။
  • အသက် ။ အသက်ကြီးခြင်းကား ရောဂါဖြစ်နှုန်းပိုများစေသည်။
  • လူမျိုး။ US နှင့် အမေရီကန် တို့တွင်ပိုဖြစ်တတ်သည်။
  • အဝလွန်ခြင်း။ ဗိုက်တွင်အဆီပိုများခြင်းသည် ရောဂါဖြစ်နှုန်းပိုများစေသည်။
  • ဆီးချိုရှိခြင်း ကိုယ်ဝန်ဆောင်ချိန်ဆီးချိုဖြစ်ခြင်း နှင့် မျိုးရိုးလိုက်ဆီးချို(type 2) ရှီခြင်း
  • အခြားရောဂါများ (နှလုံး ရောဂါ အရက်ကြောင့်မဟုတ်သောအသဲအဆီဖုံးရောဂါ နှင့် သားဥအိမ်တွင်ရေအိတ်များစွာရှိခြင်း) တို့ကဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါ ဖြစ်နှုန်းကိုပိုများစေသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

နိုင်ငံတကာ ကျန်းမာရေးတက္ကသိုလ်များ၏ ဥပဒေအရ အောက်ပါအချက်များ သုံးခုနှင့်အထက်ရှိသော် သို့မဟုတ် အောက်ပါရောဂါများထိန်းချုပ်ရန်ဆေးသောက်နေရသူဖြစ်လျင် ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစုရှိသည်ဟုသတ်မှတ်သည်။

  • သွေးပေါင်ချိန် ၁၃၀/ ၈၅ သို့မဟုတ် ဒီထက်များလျင်
  • မစားခင်သွေးထဲရှိအချိုဓါတ်သည် ၁၀၀ mg/dl နှင့်တူလျင် သို့မဟုတ် ထိုသည်ထက်များလျင်
  • ခါးပတ်ပတ်လည် ကြီးသော် ( ယောကျာ်းလေး ၄၀လက်မ သို့မဟုတ် အထက် မိန်းကလေး ၃၅ သို့မဟုတ် အထက်)
  • HDLနည်းခြင်း(ကောင်းသော အဆီဓါတ်) ယောကျာ်းလေး ၄၀ mg/dl သို့မဟုတ် ထိုထက်နည်းနေခြင်း မိန်းကလေး ၅၀ mg/dl သို့မဟုတ် ထိုထက်နည်းခြင်း
  • သွေးတွင်းအဆီ ၁၅၀mg/dl သို့မဟုတ် ထိုသည်ထက်များခြင်း

Metabolic Syndrome (ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ဆေးကုသခြင်း၏ အဓိကရည်ရွယ်ချက်မှာ နှလုံးရောဂါ နှင့် ဆီးချိုရောဂါတို့ဖြစ်စေသောနှုန်း လျော့ချလိုခြင်းဖြစ်သည်။ ဆရာဝန်က ရောဂါထိန်းရန်ဆေးပေးပါလိမ့်မည်။ ဆီးချို နှလုံး လေဖြတ်ဖြစ်ဖူးသူများနှင့် သွေးတွင်းမကောင်းသော အဆီဓါတ်များနေသူများအတွက် သွေးသွင်းအဆီကျဆေးအား ပေးကောင်းပေးလိမ့်မည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင ဇီဝဓါတုပြောင်းလဲမှုဆိုင်ရာရောဂါစု ကိုကုသတဲ့နေရာမှာဲ့ အကူအညီပေးနိုင်ပါတယ်။

  • စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ
  • ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သည် ရောဂါအခြေအနေကိုပိုဆိုးစေသည်။
  • အစားအသောက်ဆင်ခြင်ပါ။ ကျန်းမာရေးနှင့်မညီသော အဆီများရှောင်၍ အသီးအရွက် ငါးနှင့် ဂျုံ မျှတအောင်စားပါ။
  • သွေးတိုးသက်သာနိုင်ရန် ဆားလျော့စားပါ
  • ကိုယ်အလေးချိန်လျော့ချပါ။ လက်ရှိအလေးချိန်ထက် ၇% ၁၀% ထိလျော့ချပါ
  • လေ့ကျင့်ခန်းလုပ်ပါ။ မိနစ် ၃၀မှ ၆၀ထိ ပုံမှန် သို့မဟုတ် ပြင်းထန်သော လေ့ကျင့်ခန်းပြုလုပ်ပါ။ (ဥပမာ တပါတ် ၅ရက် မှ၇ရက် ထိ လမ်းလျောက်ပါ)

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sources:
Metabolic syndrome. https://medlineplus.gov/ency/article/007290.htm. Accessed September 26, 2016.
Metabolic syndrome. http://www.mayoclinic.org/diseases-conditions/metabolic-syndrome/manage/ptc-20197547Accessed September 26, 2016.

ယခုပုံစံ

18/12/2019

Dr. Kaung Thar မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Kaung Thar မှ ရေးသားသည်။ · 18/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement