backup og meta

Hypotension (သွေးပေါင်ကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hypotension (သွေးပေါင်ကျခြင်း) ကဘာလဲ။

သွေးပေါင် ၉၀/၆၀ အောက်ရုတ်တရတ်ကျဆင်းသွားခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ကျခြင်းဟာ နှလုံးညှစ်အားနည်းသွားခြင်းကြောင့် သွေးပမာဏလည်း လျော့ကျသွားစေပါတယ်။

သွေးပေါင်ဖတ်ရာမှာ အပေါ်သွေး၊ အောက်သွေး ဆိုပြီးနှစ်မျိုးရှိတယ်။ အပေါ်သွေးမှာ နှလုံးခုန်ပြီး သွေးများဖြည့်လိုက်ခြင်းကြောင့် သွေးလွှတ်ကြောထဲတွင် ဖြစ်ပေါ်သွားသော ဖိအားဖြစ်ပြီး အောက်သွေးမှာတော့ နှလုံးခေတ္တနားနေစဉ် သွေးလွှတ်ကြောထဲမှာရှိသော ဖိအားဖြစ်ပါတယ်။

သွေးဖိအား ၉၀/၆၀ တနည်းအားဖြင့် အပေါ်သွေး ၉၀ နဲ့အောက်၊ အောက်သွေး ၆၀ နဲ့အောက်ရှိနေပါက သွေးပေါင်ကျတယ်လို့ ခေါ်နိုင်ပါတယ်။

သွေးပေါင်ကျခြင်းဟာ ကျန်းမာရေးအခြေအနေ တော်တော်များများရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ သက်ရောက်မှုများစွာလည်းဖြစ်စေပါတယ်။ ဒါပေမယ့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေ၊ အချိန်ကြာမတ်တပ်ရပ်ခြင်း၊ ထိုင်နေရာ အိပ်နေရာမှ မတ်တပ်ရပ်လိုက်ခြင်းတွေဟာလည်း သင့်သွေးပေါင်ကျစေနိုင်ပါတယ်။ ဒါကို orthostatic hypotension ခေါ် ကိုယ်နေဟန်ထားကြောင့် သွေးပေါင်ကျရခြင်း လို့ခေါ်လေ့ရှိတယ်။

Hypotension (သွေးပေါင်ကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းမှာဖြစ်နိုင်ပြီး သွေးပေါင်ကျခြင်းကိုအားပေးသော အခြေအနေတွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

လက္ခဏာများ

Hypotension (သွေးပေါင်ကျခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

သွေးပေါင်ကျခြင်းကြောင့်ဖြစ်သော လက္ခဏာတွေက ဦးနှောက်ဆီသွေးထောက်ပံ့မှုနည်းသောအခါ ဖြစ်ပေါ်တတ်ပြီး လက္ခဏာတွေကတော့-

  • မူးဝေခြင်း
  • မူးမေ့ခြင်း
  • အာရုံမစိုက်နိုင်ခြင်း
  • အမြင်အာရုံေဝဝါးခြင်း
  • ပျို့ခြင်း
  • အသားရောင်ဖျော့တော့ အေးစက် ချွေးထွက်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဓါတ်ကျခြင်း
  • ရေငတ်ခြင်း

လက္ခဏာမပြတတ်သော အချိန်ကြာသွေးပေါင်ကျတတ်ခြင်းတွေကတော့ များသောအားဖြင့် အန္တရာယ်သိပ်မရှိတတ်ပါဘူး။ ကျန်းမာနေသောလူတချို့မှာလည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက သွေးပေါင်ကျတတ်ပါတယ။် ဒါပေမယ့် ရုတ်တရတ်သွေးဆောင့်ကျခြင်းကတော့ အဓိကအင်္ဂါတွေ အထူးသဖြင့်ဦးနှောက်ဆီ သွေးရောက်မှုမလုံလောက်ခြင်းဖြစ်စေနိုင်ပါတယ်။ သွေးပေါက်ကျခြင်းဟာ အင်္ဂါအစိတ်အပိုင်းအများစုကို အာဟာရမလုံလောက်ခြင်းဖြစ်စေနိုင်တယ်။

သွေးပေါက်ကျသောလူနာတွေဟာ တခါတလေမှာ မူးမေ့ခြင်း၊ သွေးလန့်ခြင်းစသည့် ပြင်းထန်သောလက္ခဏာတွေလည်း ခံစားရတတ်ပါတယ်။

ဖော်ပြထားသောလက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်း ရှိနိုင်သေးတာကြောင့် သိလိုသည်၊ စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

များသောအားဖြင့်တော့ သွေးပေါင်ကျခြင်းက ပြင်းထန်တဲ့အခြေအနေတစ်ခုတော့မဟုတ်ပါဘူး။ သွေးပေါင်ကျတဲ့လူအများစုက သွေးပေါင်ကျနေမယ့် နေကောင်းတတ်ကြပါတယ်။ တခါတလေမှာတော့ မူးဝေခြင်းရှိနိုင်ပေမယ့် ထိုလက္ခဏာက သင့်နေ့စဉ်လှုပ်ရှားမှုကို မထိခိုက်မချင်းပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် တခြားသော ရောဂါအခြေအနေတွေကို ညွှန်ပြနေတာဖြစ်နိုင်တာကြောင့် ဆရာဝန်ပြဖို့တော့လိုပါလိမ့်မယ်။ တကယ်လို့အောက်ပါလက္ခဏာတွေခံစားလာရရင်တော့ ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်-

  • မူးခြင်း၊ ၅ စက္ကန့်နဲ့အထက်မတ်တပ်ရပ်နေပါက မူးမေ့မလိုခံစားရခြင်း
  • နှလုံးခုန်မြန်ခြင်း
  • အမြင်အာရုံေဝဝါးခြင်း
  • ပျို့ခြင်း
  • ကိုယ်နွေးခြင်း
  • အလွန်အကျွံချွေးထွက်ခြင်း

မူးရိပ်ရိပ်ဖြစ်ခြင်း

အကြောင်းရင်းများ

Hypotension (သွေးပေါင်ကျခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သွေးပေါင်ကျစေသောအကြောင်းများစွာရှိပါတယ်။ အဲ့ဒါတွေကတော့-

  • သွေးလွှတ်ကြောများတွင် အရည်လုံလောက်စွာမရှိခြင်း၊ သွေးထွက်တဲ့အခါ ၊ ရေဓါတ်ဆုံးရှုံးတဲ့အခါဖြစ်တတ်ပါတယ်။ ရေဓါတ်ဆုံးရှုံးခြင်းကတော့- အရည်လုံလောက်စွာမသောက်တဲ့အခါ၊ ပြင်းထန်စွာ ပျို့အန်တဲ့အခါ၊ ဝမ်းသွားတဲ့အခါ၊ ချွေးအလွန်အကျွံထွက်တဲ့အခါ ( ဥပမာ- လေ့ကျင့်ခန်းလုပ်တဲ့အခါ)
  • နှလုံးကလုံလောက်အောင်မညှစ်ထုတ်နိုင်ခြင်း
  • သွေးကြောတွေကိုထိန်းချုပ်တဲ့ အာရုံကြောနဲ့ ဟော်မုန်းတွေကောင်းကောင်းအလုပ်မလုပ်ခြင်း
  • ကိုယ်ဝန်ရှိခြင်း
  • သိုင်းရွိုက်ဟော်မုန်းအလုပ်နှေးခြင်း၊ ဆီးချိုသွေးချို၊ သွေးတွင်းသိကြားဓါတ်နည်းခြင်းကဲ့သို့ ဟော်မုန်းပြဿနာတွေဖြစ်ခြင်း
  • အပူရှပ်ခြင်း
  • အလွယ်တကူဝယ်ယူရရှိသောဆေးအချို့
  • သွေးတိုးရောဂါ၊ စိတ်ဓါတ်ကျခြင်း၊ Parkinson’s ရောဂါအတွက် ဆေးများ

တချို့သောလူနာတွေမှာ သွေးပေါင်ကျခြင်းဟာ အခြားသောပြနာတွေနဲ့လည်းဆက်နွယ်နေတတ်ပါတယ်-

  • ဆီးချိုသွေးချို
  • Parkinson ရောဂါ
  • နှလုံးရောဂါ
  • နှလုံးခုန်မမှန်ခြင်း
  • သွေးကြောကျယ်ခြင်း
  • အသည်းရောဂါ

သို့ပေမယ့် တခြားကျန်းမာတယ်ဆိုတဲ့လူတွေမှာလည်း ဒီရောဂါတွေကတော့ဖြစ်တတ်ပါတယ်။ အသက်ကြီးသူတွေဟာ အသက်ငယ်သူတွေထက်ပိုသွေးကျတတ်ပြီး ကိုယ်ဝန်သည်တွေမှာလည်း အဖြစ်များပါတယ်။

တချို့အခြေအနေတွေမှာ ရုတ်တရတ်သွေးပေါင်ကျတတ်ပြီး အဲ့ဒါတွေကတော့-

  • သွေးထွက်ခြင်း
  • ကိုယ်တွင်းအပူချိန်လျော့နည်းခြင်း
  • ကိုယ်တွင်းအပူချိန်မြင့်ခြင်း
  • နှလုံးကြွက်သားရောဂါများ
  • သွေးတွင်းရောဂါပိုးဝင်ခြင်း
  • အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားခြင်းကြောင့် ရေဓါတ်အလွန်အကျံဆုံးရှုံးခြင်း
  • ဆေး၊ အရက်တို့ကိုတုံ့ပြန်ခြင်းများ
  • anaphylaxis ဟုခေါ်သော ပြင်းထန်သည့်ဓါတ်မတည့်ခြင်း

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Hypotension (သွေးပေါင်ကျခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သွေးတိုးခြင်း၊ သွေးကျခြင်းတွေဟာ အသက်ကြီးလာတာနဲ့အမျှ အဖြစ်များလာပါတယ်။ နှလုံးနဲ့ဦးနှောက်ဆီသွေးစီးဆင်းခြင်းဟာ အသက်ကြီးလာတာနဲ့အမျှလျော့နည်းလာတယ်။ အသက် ၆၅ ကျော်သူတွေရဲ့ ၁၀ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက်မှာ သွေးကျတတ်ကြပါတယ်။

ဆီးဆေး၊ nitrates ၊ သွေးကြောကျယ်ဆေး စသည့်တချို့သောဆေးတွေကြောင့်လည်း သွေးပေါင်ကျနိုင်ချေများတတ်ပါတယ်။

တခြားသောအချက်တွေကတော့-

  • အရည်ပမာဏနည်းခြင်း (အန်ခြင်း၊ ဝမ်းလျောခြင်း၊ ဖျားခြင်း)
  • နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကင်ဆာရောဂါ၊ အရက်သောက်ခြင်း
  • Parkinsonရောဂါ၊ အာရုံကြောရောဂါများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hypotension (သွေးပေါင်ကျခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

သွေးပေါင်ကျခြင်းကြောင့် ရောဂါလက္ခဏာတွေဖြစ်နေခြင်း ဟုတ်မဟုတ်စမ်းသပ်ကြည့်ဖို့ နည်းလမ်းတချို့ရှိပါတယ်။ အလုပ်အများဆုံးစစ်ဆေးမှုကတော့ ထိုင်နေချိန် သို့ လှဲနေချိန်နှင့် မတ်တပ်ရပ်နေချိန်မှာ သွေးပေါင်ချိန်ခြင်းနှင့် သွေးခုန်နှုန်းစမ်းခြင်းဖြစ်တယ်။ တခြားစစ်ဆေးမှုတွေကတော့-

  • သွေးအားနည်းခြင်းရှိမရှိအတွက် သွေးစစ်ဆေးမှု
  • သွေးတွင်းဓါတုပစ္စည်းပမာဏပုံမှန်ဟုတ်မဟုတ်၊ အရည်ပမာဏပုံမှန်ဟုတ်မဟုတ်စစ်ဆေးခြင်း

နှလုံးခုန်ခြင်းပုံမှန်ဟုတ်မဟုတ်စစ်ဆေးခြင်း

Hypotension (သွေးပေါင်ကျခြင်း) ကို ဘယ်လိုကုသပါသလဲ

လက္ခဏာမပြသော သွေးပေါင်ကျခြင်းမျိုး ဒါမှမဟုတ် မတ်တပ်ရပ်ချိန်မူးဝေခြင်းကဲ့သို့သောသွေးပေါင်ကျခြင်းမျိုးကတော့ ကုသမှုသိပ်မလိုတတ်ပါဘူး။

သင့်သွေးကျခြင်းကိုကုဖို့ ပထမဆုံးလုပ်နိုင်တဲ့အရာကတော့ ထိုသွေးပေါင်ကျခြင်းဟာ သင်မှီဝဲနေသောဆေးကြောင့် ဟုတ်မဟုတ် အရင်စစ်ဆေးပါလိမ့်မယ်။ ထိုဆေးကြောင့်ဆိုပါက တခြားဆေးပြောင်းပေးခြင်း သို့ ပမာဏလျှော့ပေးပါလိမ့်မယ်။ တကယ်လို့လက္ခဏာတွေပြတယ်ဆိုရင်တော့ အသင့်တော်ဆုံးကုသမှုက ဖြစ်စေတဲ့အခြေခံအကြောင်းအရင်းပေါ် မူတည်ပါလိမ့်မယ်။

သင့်အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ သွေးပေါင်ကျခြင်းအမျိုးအစားပေါ်မူတည်ပြီး-

  • အစားအသောက်မှာ အငန်ဓါတ်တိုးခြင်း၊ ဆိုဒီယမ်ဓါတ်များသွားခြင်းဟာ နှလုံးရောဂါဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့တော့လိုပါလိမ့်မယ်။
  • ရေများများသောက်ခြင်း၊ သွေးပမာဏများစေပြီး ရေဓါတ်ဆုံးရှုံးခြင်းကိုကောင်းစေပါလိမ့်မယ်။
  • ခြေထောက်တွင် compression ဝတ်ခြင်း
  • မတ်တပ်ရပ်လိုက်လျှင် သွေးပေါင်ကျသွားခြင်းအတွက် တခြားသုံးနိုင်သောဆေးများလည်းရှိပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုနည်းများ

  • ဖြေးညှင်းစွာမတ်တပ်ရပ်ပြီး၊ ခန္ဓါကိုယ်ကို လိုက်လျောညီထွေဆောင်ရွက်နိုင်ဖို့အတွက် အချိန်ပေးပါ။ မနက်အိပ်ရာထချိန်မှာ ပိုအရေးကြီးပါတယ်။ အရင်ထိုင်လိုက်ကာ ခဏနေပြီးမှ ခြေထောက်ကိုကုတင်မှအရင်ချပါ၊ နောက်ထပ်ခေတ္တစောင့်နေပြီးမှ မတ်တပ်ရပ်ပါ။ မတ်တပ်ရပ်ရာမှာလည်း တစ်ခုခုကိုကိုင်ထားပါ။
  • ပူပြင်းသောအချိန်တွင် ပြေးခြင်း၊ တောင်တက်ခြင်းနှင့် တခြားအားကုန်မည့်လှုပ်ရှားမှုများရှောင်ပါ။ ဒီအချက်တွေက မတ်တပ်ရပ်လျှင် သွေးပေါင်ကျခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
  • လုံလောက်စွာ အရည်သောက်ပါ၊ အထူးသဖြင့် ရာသီဥတုပူပါက ပိုသောက်ပါ။
  • ခေါင်းအုံးမြင့်မြင့်အိပ်ပါ၊ ခေါင်းကိုနှလုံးထက်မြင့်ပေးနိုင်ပါတယ်။
  • ခြေထောက်တွင် stockings ဝတ်ပါ၊ အထူးသဖြင့် ခါးထိရောက်ပါကပိုကောင်းပါတယ်၊ ဝတ်ရတော့ခက်ပါလိမ့်မယ်။
  • အရက်များများသောက်ခြင်းရှောင်ပါ။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေကိုရရန် ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sathyapalan T, Aye MM, Atkin SL. Postural hypotension. BMJ 2011. Medical program. Accessed December 4, 2016.
Kaplan NM. The promises and perils of treating the elderly hypertensive. Am J Med Sci 1993. Accessed December 4, 2016.
Fagard RH, De Cort P. Orthostatic hypotension is a more robust predictor of cardiovascular events than nighttime reverse dipping in elderly. Hypertension 2010. Accessed December 4, 2016.
Braunwald’s The Heart disease, textbook 15th edition. Accessed Oct 10 2016, Download version Page 1032-1035. Accessed December 4, 2016.
Understanding Low Blood Pressure — the Basics. http://www.webmd.com/heart/understanding-low-blood-pressure-basics. Accessed December 4, 2016.
Hypotension Symptoms. www.mayoclinic.org/diseases-conditions/low-blood-pressure/basics/definition/con-20032298. Accessed December 4, 2016.

ယခုပုံစံ

12/09/2019

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement