backup og meta

Bee Stings (ပျားတုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bee Stings (ပျားတုပ်ခြင်း) ကဘာလဲ။

ပျားတုပ်ခြင်းဟာ တွေ့ရများတဲ့ ပြင်ပပြသနာတခု ဖြစ်ပါတယ်။ အများစုမှာတော့ မအီမသာဖြစ်ရုံလောက်ပဲ ဖြစ်ပြီး အိမ်တွင်းဆေးဝါးတွေနဲ့ သက်သာပျောက်ကင်း စေပါတယ်။ ဒါပေမယ့် ပျားဆိပ်ကို ဓါတ်မတည့်ရင်၊ အကြိမ်များစွာ အတုပ်ခံရရင် အရေးပေါ် ကုသမု လိုအပ်ပါတယ်။

Bee Stings (ပျားတုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးပါဘူး။

ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Bee Stings (ပျားတုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခဏတာနာကျင်မှုကနေ ဆိုးရားတဲ့ ဓါတ်မတည့်ခြင်းအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တုံ့ပြန်တဲ့လက္ခဏာတမျိုးဟာ အတုပ်ခံရတိုင်း တပုံစံတည်း ဖြစ်မယ်လို့တော့ မဆိုလိုပါဘူး။ နောက်တကြိမ်မှာ ပိုဆိုးနိုင်ပါတယ်။

သိပ်မပြင်းထန်သော လက္ခဏာများ

များသောအားဖြင့် ပျားတုပ်တဲ့အခါ သိပ်ပြင်းထန်လေ့မရှိဘဲ အောက်ပါလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

  • ပျားတုပ်သည့် နေရာတွင် စူးရှပူလောင်မှုကို ချက်ချင်းခံစားရခြင်း
  • အတုပ်ခံရသည့်နေရာတွင် နီလာခြင်း
  • အနည်းငယ်ရောင်ရမ်းလာခြင်း
  • လူအများစုမှာ ရောင်ရမ်းနာကျင်မှုတွေဟာ နာရီအနည်းငယ်အတွင်း ပျောက်ကင်း သွားပါတယ်။

အတော်အတန်ပြင်းထန်သောလက္ခဏာများ

ပျားတုပ်ခံရခြင်းအပြင် အင်းဆက်အကိုက်ခံရသူအချို့မှာ ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

  • ဆိုးရွားစွာနီရဲနေတဲ့အပြင် အတုပ်ခံရတဲ့နေရာဟာ တရက်နှစ်ရက်နေရင် တဖြည်းဖြည်း ပိုပြီးရောင်ရမ်းလာပါတယ်။ ၅-၁၀ရက်အတွင်းမှာ ပြန်လျော့သွားတတ်ပါတယ်။ အတော်အတန်ပြင်းထန်တဲ့ အခေအနေရှိခြင်းဟာ နောင်တချိန်ပျားတုပ်ခံရကြိမ်မှာ ဆိုးရွားတဲ့ အခြေအနေကြုံရမယ် မဆိုလိုပါဘူး။ လူတချို့ဟာတော့ နောင်တကြိမ်အတုပ်ခံရချိန်မှာ ပုံစံတူကြုံတတ်ပါတယ်။ ဖြစ်ပွားချိန်တိုင်းမှာ ပိုဆိုးလာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ဆိုးရွားပြင်းထန်သော ဓါတ်မတည့်မှု

အသက်အန္တရာယ်ထိခိုက်နိုင်ပြီး အရေးပေါ်ကုသမှု လိုအပ်တဲ့အခြေအနေ ဖြစ်ပါတယ်။ လူအနည်းငယ်မှာ ပျားတုပ်ရင်ဖြစ်ဖြစ်၊ အင်းဆက်ပိုးမွှား အကိုက်ခံရရင် ဖြစ်ဖြစ် ဆိုးရွားတဲ့ဓါတ်မတည့်ခြင်း ကြုံနိုင်ပါတယ်။

အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

  • အင်ပျဉ်ထခြင်း၊ ယားယံခြင်း၊ နီမြန်းခြင်း (သို့) ဖျော့တော့ခြင်း
  • အသက်ရှူရခက်ခြင်း
  • လည်ချောင်းနှင့် လျှာ ရောင်ရမ်းခြင်း
  • သွေးခုန်နှုန်း အားနည်းခြင်း
  • ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း
  • မူးဝေခြင်း၊ သတိလစ်ခြင်း

ပျားတုပ်လို့ ဆိုးရွားစွာ ဓါတ်မတည့်သူတွေဟာ နောက်တကြိမ် အတုပ်ခံရချိန်မှာလည်း ဆိုးဆိုးရွားရွား ခံစားရဖို့ ၃၀-၆၀% ရှိပါတယ်။ နောက်တကြိမ်ဖြစ်ရင် ကာကွယ်နိုင်ဖို့ ကိုယ်ခံအားမြှင့် ကုသမှု ခံယူထားဖို့ ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

အစုလိုက် အပြုံလိုက် အတုပ်ခံရခြင်း

ယေဘုယျအားဖြင့် ပျားတုပ်ခြင်းဟာ တုပ်တဲ့ပျားအနေနဲ့ မိမိကိုယ်ကို ကာကွယ်ခြင်းသာ ဖြစ်ပါတယ်။ အများစုမှာ တကောင်နှစ်ကောင်သာ အကိုက်ခံရပါတယ်။

တခါတရံမှာ ပျားအုံကို ထိခိုက်မိရင် ပျားအကောင်ပေါင်းများစွာ ဝိုင်းတုပ်တာ ခံရနိုင်ပါတယ်။ အာဖရိကန်ပျားတမျိုးဆိုရင် အုပ်စုဖွဲ့ပြီး တုပ်တတ်ပါတယ်။

အကြိမ်များစွာ အတုပ်ခံရရင် ပျားဆိပ်တွေများလာပြီး အန္တရာယ်ရှိစေတဲ့ အဆိပ်အတောက်ဖြစ်ကာ ရောဂါဖြစ်စေနိုင်ပါတယ်။

အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

  • ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း
  • ခေါင်းကိုက်ခြင်း
  • ချာချာလည်ခေါင်းမူးခြင်း
  • တက်ခြင်း
  • ဖျားခြင်း
  • မူးခြင်း၊ သတိလစ်ခြင်း

ပျားကောင်ရေများစွာ အတုပ်ခံရခြင်းဟာ ကလေးများ၊ အရွယ်ရောက်သူများနဲ့ နှလုံးနဲ့အသက်ရှူလမ်းကြောင်း ဆိုင်ရာ ပြသနာရှိသူတွေမှာ အရေးပေါ်အခြေအနေ ဖြစ်စေပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

များသောအားဖြင့် ပျားတုပ်ခံရရင် ဆရာဝန်ပြစရာ မလိုပါဘူး။ ဆိုးရွားတဲ့ အခြေအနေမှာတော့ အရေးပေါ်အကူအညီလိုပါတယ်။

ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းကို ကြုံရရင် လက္ခဏာ တမျိုးနှစ်မျိုးပဲ ပြသေးရင်တောင် အရေးပေါ်ဌာနကို ဆက်သွယ်ပါ။ အလိုအလျောက်ထိုးသွင်းနိုင်တဲ့ အပီနက်ဖရင်းကို ဆရာဝန်က ညွှန်ထားဖူးရင် ညွှန်ကြားတဲ့အတိုင်း သေချာ လုပ်ဆောင်ပါ။

အကောင်ရေများစွာ အတုပ်ခံရရင် ဆေးကုသမှု ချက်ချင်း ခံယူပါ။

ပျားတုပ်ခံရတဲ့ လက္ခဏာတွေ ရက်အနည်းငယ်အတါင်း မသက်သာရင်၊ တခြား ဓါတ်မတည့်မှု လက္ခဏာတွေပြရင် ဆရာဝန်ပြသပါ။

ဖြစ်နိုင်ခြေများ

Bee Stings (ပျားတုပ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • ပျားများနှင့် အနေနီးသောအခါ၊ ပျားအုံအနီးတွင် ရှိသောအခါ
  • အလုပ်နှင့် ဝါသနာအရ ပြင်ပတွင် အနေများသောအခါ
  • ပျားတုပ်လျှင် ဓါတ်မတည့်မှု ဖြစ်နိုင်ခြေ များသောအခါ

အရွယ်ရောက်ပြီးသူတွေဟာ ကလေးတွေထက် ပိုမိုဆိုးရွားတတ်ပြီး ဓါတ်မတတည့်မှုနဲ့ သေဆုံးနိုင်ခြေလည်း ပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bee Stings (ပျားတုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ပျားဆိပ်တက်ရင် အောက်ပါစစ်ဆေးချက်တွေ ပြုလုပ်ပါလိမ့်မယ်။

အရေပြားစစ်ဆေးခြင်း

ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပျားအဆိပ်အနည်းငယ်ကို လက်၊ ခက်ပြင် စတဲ့နေရာမှာ ထိုးသွင်းပါလိမ့်မယ်။ ဒီစစ်ဆေးနည်းဟာ အန္တရာယ်မရှိပါဘူး။ ပျားဆိပ်ကို ဓါတ်မတည့်ရင် စမ်းသပ်ထားတဲ့နေရာမှာ အဖုအပိတ့် ဖြစ်လာနိုင်ပါတယ်။

သွေးစစ်ခြင်း

ကိုယ်တွင်းခုခံပစ္စည်း ပမာဏကို တိုင်းတာပြီး ပျားဆိပ်အပေါ် ကိုယ်ခံအားစနစ်က ဘယ်လိုတုံ့ပြန်သလဲ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ဓါတ်ခွဲခန်းကို သွေးနမူနာပို့ပြီး စစ်ဆေးပါတယ်။

ဒီနည်းလမ်း၂မျိုးစလုံးကို အတူတွဲပြီးလည်း ပြုလုပ်တတ်ကြပါတယ်။ ပျားဆိပ်နဲ့တူနိုင်တဲ့ တခြားဓါတ်မတည့်ခြင်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။

Bee Stings (ပျားတုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အများစုမှာတော့ အိမ်မှာပဲ ကုသနိုင်ပါတယ်။

နောက်ထပ် ပျားတုပ်မခံရအောင် အကာအကွယ်ဝတ်ခြင်း၊ လိမ်းဆေးလိမ်းခြင်း၊ ပျားများတဲ့ဝန်းကျင်ကိုရှောင်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

ပျားတုပ်ခံရပြိး ဓါတ်မတည့်သူတွေမှာ အောက်ပါအတိုင်း ပြုလုပ်သင့်ပါတယ်။

  • အစွယ်ကျန်ခဲ့ရင် ချက်ချင်းနုတ်ပါ။ ခရက်ဒစ်ကတ်ပြားနဲ့တောင် သပ်ချနိုင်ပါတယ်။
  • ရေခဲကပ်ပါ။ လိုအပ်ရင် တနာရီမှာ မိနစ် ၂၀ကပ်ပါ။ ရေခဲကို အဝတ်နဲ့ထုပ်ပြီးကပ်ပါ။
  • Diphenhydramine (Benadryl), loratadine (Claritin) စတဲ့ ဟစ်စ်တမင်းဆန့်ကျင်ဆေးတွေ သောက်ပါ။ ယားယံရောင်ရမ်းတာ သက်သာပါလိမ့်မယ်။
  • လိုအပ်ရင် အကိုက်အခဲပျောက်ဆေးများ သောက်ပါ။
  • မေးခိုင်ကာက၊ွယ်ဆေးထိုးခဲ့တာ ၁၀နှစ်ထက် ကြာခဲ့မယ်ဆိုရင် ထပ်ထိုးပါ
  • အင်းဆက်အကိုက်ခံရခြင်း အများစုကတော့ ဆေးဝါးကုသမှု မလိုအပ်ပါဘူး။

ဓါတ်မတည့်မှုဖြစ်တယ်လို့သိရင် အရင်ကလည်း ဆိုးဆိုးရွားရွား ကြုံဖူးရင် ဆေးရုံဆေးခန်းပြပါ။

ဟစ်စ်တမင်း ဆန့်ကျင်ဆေးများ မြန်နိုင်သမျှ မြန်မြန်သောက်ပါ။

အပီနက်ဖရင်းဆေးကို ဆရာဝန်ညွှန်ထားရင် အသင့်ယူဆောင်ထားပြီး ဆရာဝန်ညွှန်ပြတဲ့အတိုင်း သုံးစွဲပါ။

ပျား (သို့) နကျယ်ကောင်အတုပ်ခံရခြင်းအတွက် ဆေးဝါးကုသမှု

  • တကောင်လောက်အကိုက်ခံရင် ပြသနာမရှိပါဘူး။ ဒဏ်ရာကို သန့်ရှင်းပြီး ပဋိဇီဝလိမ်းဆေး လိမ်းနိုင်ပါတယ်။
  • ကျန်ခဲ့တဲ့ အစွယ်တွေကို ဖယ်ရှားပါ။
  • ယားယံတဲ့အခါ ဟစ်စ်တမင်းဆန့်ကျင်ဆေးများ သောက်ပါ။
  • နာကျင်မှုရှိရင် အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။
  • မေးခိုင်ကာကွယ်ဆေးထိုးခဲ့တာ ကြာခဲ့ပြီဆိုရင် ထပ်ထိုးပါ။

သာမန်ဓါတ်မတည့်တဲ့ လက္ခဏာဖြစ်တဲ့ အဖုအပန့်များ၊ ယားယံခြင်းများပဲရှိပြီး အသက်၇ှူခက်ခြင်းမရှိရင် အရေးကြီးလက္ခဏာတွေမရှိရင် ကို ဟစ်စ်တမင်း ဆန့်ကျင်ဆေးများနဲ့ ကုသနိုင်ပါတယ်။ စတီးရွိုက်နဲ့လည်း ကုသနိုင်ပါတယ်။

အရေးပေါ်ကြုံရရင် ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။

နေကောင်းရင် အိမ်မှာပဲနေပြီး ဆေးသောက်နိုင်ပါတယ်။

ပိုဆိုးတဲ့လက္ခဏာတွေရှိပြီး အသက်ရှူရခက်တာမျိုးလည်း ရှိရင် ဟစ်စ်တမင်း၊ စတီးရွိုက်၊ အပီနက်ဖရင်း စတာတွေနဲ့ ထိုးဆေးအဖြစ် ကုသရနိုင်ပါတယ်။ ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။ အရေးပေါ်ဌာနမှာ အချိန်ကြာကြာ စောင့်ကြည့်ခံရပြီး တခါတရံ ဆေးရုံတက်ရတာမျိုးလည်း ရှိတတ်ပါတယ်။

ဆိုးရွားတဲ့အခြေအနေဖြစ်တဲ့ သွေးပေါင်ကျခြင်း၊ အသက်ရှူရခက်ခြင်းနဲ့ တခြားပြသနာတွေရှိရင် အရေးပေါ် ကုသမှုခံယူဖို့ လိုပါတယ်။

လေပြွန်ထဲ အသက်ရှူပြွန်ထည့်ပြီး ရှူရတတ်ပါတယ်။

ဟစ်စ်တမင်း၊ စတီးရွိုက်၊ အပီနက်ဖရင်း စတာတွေနဲ့ ထိုးဆေးအဖြစ် ကုသရနိုင်ပါတယ်။

အရည်ဓါတ်များကို သွေးကြောမှတဆင့် ပေးသွင်းနိုင်ပါတယ်။ ဖြစ်တဲ့နေရာမှာဖြစ်ဖြစ်၊ လူနာတင်ယာဉ်ပေါ်မှာဖြစ်ဖြစ် ကုသနိုင်ပါတယ်။

အရေးပေါ်ဌာနမှာ အချိန်ကြာကြာ စောင့်ကြည့်ခံရပြီး တခါတရံ ဆေးရုံတက်ရတာမျိုး အထူးသဖြင့် အထူးကြပ်မတ်ကုသမှု ခံယူရခြင်းမျိုးလည်း ရှိတတ်ပါတယ်။

ပျားကောင်ရေများစွာ အတုပ်ခံရရင်တော့ အရေးပေါ်ပြရပြီး ဆေးရုံတက်ရတတ်ပါတယ်။ သွေးစစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်။

ပါးစပ်နဲ့ လည်ချောင်းထဲမှာ အတုပ်ခံရရင် အရေးပေါ်ဌာနမှာ စောင့်ကြည့်ခံရနိုင်ပြိး ပိုဆိုးလာရင် အထူးကြပ်မတ်ကုသဌာနမှာ နေရတတ်ပါတယ်။

မျက်လုံးမှာ ဖြစ်ရင်တော့ မျက်စိဆရာဝန်နဲ့ပြရပါမယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပျားတုပ်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ပြင်ပမှာ အချိုရည်တွေသောက်ရင် သတိထားပါ။

အဝကျယ်တဲ့ခွက်တွေကို သုံးတာဟာ အထဲမှာ ပျားရှိမရှိ မြင်နိုင်ပါတယ်။ သောက်မယ့်ဗူးတွေ၊ ပိုက်တွေကိုလည်း သေချာစစ်ဆေးပါ။

အစားအစာထည့်ထားတဲ့ ပန်းကန်တွေ၊ အမှိုက်ပုံးတွေကို သေချာစွာ ဖုံးအုပ်ထားပါ။

အမှိုက်များ၊ ကြွေကျပြီး အသီးများ၊ တိရစ္ဆာန်မစင်များကို ရှင်းလင်းပစ်ပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

အပြင်မှာ လမ်းလျှောက်တဲ့အခါ ထိပ်ပိတ်ဖိနပ်စီးပါ။

တောက်ပပြီး ပန်းပုံပါတဲ့ အဝတ်တွေဟာ ပျားတွေကို ဆွဲဆောင်နိုင်တာမို့ မဝတ်ပါနဲ့။

လျော့ရဲတဲ့အဝတ်အစားတွေဟာ ပျားတွေဝင်ရောက်သွားနိုင်တာမို့ မဝတ်ပါနဲ့။

ကားမောင်းစဉ်မှာ မှန်တင်ထားပါ။

ပန်းပင်တွေ စိုက်ခင်းတွေ ရေလောင်းပေါင်းသင်ချိန်မှာ အင်းဆက်တွေကို နှိုးဆွသလိုဖြစ်တတ်တာမို့ သတိနဲ့ လုပ်ကိုင်ပါ။

ပျားအုံတွေ အိမ်အနီးမှာရှိရင် ကျွမ်းကျင်သူတွေ အကူအညီနဲ့ ဖယ်ရှားပါ။

ပျားကောင်ရေ အနည်းငယ်နဲ့တွေ့ရချိန်မှာ တည်ငြိမ်စွာနဲ့ ဝေးရာကိုလျှောက်သွားပါ။ သူတို့ကို သွားခြောက်ခြင်းဟာ အတုပ်ခံရစေနိုင်ပါတယ်။

ပျားတုပ်ပြီဆိုရင်၊ ပျားတွေ အမအျားကြီးတွေ့ရရင် ပါးစပ်နဲ့ နှာခေါင်းကိုကာပြီး နေရာမှ အမြန်ခွာပါ။

ပျားတကောင်တုပ်လိုက်ပြီဆိုရင် တခြားပျားတွေကို ဆွဲဆောင်တဲ့ ဓါတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဖြစ်နိုင်ရင် အဆောက်အဦထဲ၊ ကားထဲဝင်ပြီး ပိတ်ထားပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:

Bee sting.

http://www.mayoclinic.org/diseases-conditions/bee-stings/home/ovc-20251617. Accessed July 24, 2017.
Treatment of Bee and Wasp Stings.

http://www.webmd.com/first-aid/bee-and-wasp-stings-treatment#1. Accessed July 24, 2017.

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement