ကင်ဆာဖြစ်စေနိုင်တဲ့ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ခြင်း
ဒေါက်မြင့်ဖိနပ်စီးခြင်းက ကင်ဆာဖြစ်တာနဲ့ဆက်စပ်မှုရှိနေပါတယ်၊လို့ ကင်ဆာ အထူးကုဒေါက်တာDavid Agus ကပြောပြပါတယ်။
ဒေါက်မြင့်ဖိနပ်တွေကရောင်ရမ်းမှုကိုဖြစ်စေပြီး ကင်ဆာအပါအဝင် အခြားပြင်းထန်တဲ့ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
အချို့သောရောင်ရမ်းမှုတွေက နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s)၊ ဆီးချိုရောဂါတွေအပါအဝင် နာတာရှည်ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားရနိုင်သလို ကင်ဆာဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်းသိသိသာသာတိုးစေနိုင်ပါတယ်။
ခြေသလုံးကြွက်သားအားနည်းစေနိုင်ခြင်း
ဒေါက်မြင့်ဖိနပ်စီးတဲ့အခါခြေသလုံးကြွက်သားက အရမ်းကိုခက်ခက်ခဲခဲလုပ်ဆောင်ရတာကြောင့်ခြေသလုံးကြွက်သားက အားနည်းလာတာမျိုးခံစားရနိုင်ပါတယ်။
ခြေသလုံးကြွက်သားကိုသက်တောင့်သက်သာဖြစ်စေဖို့အတွက်ဒေါက်မြင့ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးတာမျိုးကိုရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်ကိုအချိန်ကြာမြင့်စွာစီးထားတဲ့အခါ ခြေထောက်နောက်ဘက်ကကြွက်သားတွေက စီးထားတဲ့ဖိနပ်နဲ့ လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲလုပ်ဆောင်ထားရတာကြောင့်ခြေသလုံးကြွက်သားတွေထဲမှာ ကျုံ့အားတွေလျော့ကျလာပြီး ကြွက်သားတွေထဲမှာ အားမရှိသလို ခံစားရတာဖြစ်ပါတယ်။
အဆစ်လွဲခြင်း
ဒေါက်မြင့်ဖိနပ်စီးသူတွေဟာခြေထောက်အဆစ်တွေအပေါ်မှာ ဖိအားအပိုတွေသက်ရောက်မှုကို ခံစားရနိုင်ခြေကတော်တော့်ကိုများပါတယ်။
အဆစ်တွေကိုဖွဲ့စည်းမှုမျာ အဆိုပါဖိအားသက်ရောက်မငတွေကို ကာကွယ်နိုင်စာမ်းမပါရျိထားတာကြောင့် ရုတ်တရက် ခလလုတ်တိုက်တာမျိုးချော်လဲတာမျိုးဖြစ်တဲ့အခါခြေထောက်အဆစ်လွဲတာမျိုးဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။
ခြေသည်းတွေကို ပျက်စီးစေနိုင်ခြင်း
ဒေါက်မြင့်ဖိနပ်စီးသူတွေအနေနဲ့ ခြေသည်းတွေကို သန့်စင်အောင်ထားတာထက်ကို ပိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ဒေါက်မြင့်ဖိနပ်စီးသူတွေမှာ ပုံမှန်ထက်ခြေစွယ်ငုပ်တာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ဒေါက်ဖိနပ်စီးတဲ့အခါ ဖိအားသက်ရောက်မှုကခြေထောက်တစ်ခုလု့းကကြွက်သားတွေအဆစ်တွေပေါ်အပြင်ခြေသည်းတွေပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ခြေမခြေသည်းက အရေပြားထဲကို ကုတ်ဝင်နေတာမျိုးဖြစ်ပေါ်ခံစားရနိုင်သလိုခြေသည်းတွေမှာ မှိုပိုးဝင်တာမျိုးတွေလည်းခံစားရနိုင်ပါတယ်။
အရိုးအဆစ်ရောင်ရောဂါ ခံစားရနိုင်ခြေတိုးစေနိုင်ခြင်း
ဒေါက်ကို ၃ လက်မခွဲ (သို့) ၃လက်မခွဲအထက်စီးသူတွေမှာ အရိုးအဆစ်ရောင်ရောဂါ (osteoarthritis) ခံစားရနိုင်ခြေပိုများနေသလို မစန်မစွမ်းဖြစ်တာမျိုးအထိဖြစ်ပေးခံစားရနိုင်ပါတယ်။ဒေါက်မြင့်မြင့်ဝတ်လေလေ အရိုးအဆစ်ရောင်ရမ်းမှုကိုခံစားရနိုင်ခြေများလေလေပဲဖြစ် ပါတယ်။
အထက်ပါအကြောင်းအရာလေးတွေကို ဖတ်ရှုပြီး ဒေါက်ဖိနပ်ကြိုက်နှစ်သက်သူတွေအနေနဲ့ မိမိမှာခံစားနေရတဲ့ ဒေါက်ဖိနပ်ကြောင့်ဖြစ်တဲ့လက္ခဏာတွေကိုသတိထားနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။