အဆီက ကျန်းမာရေးအတွက် ဆိုးကျိုးပေးသလို လှပမှုမှာလည်း ထိခိုက်စေတာကြောင့် စိတ်ပျက်တယ်ဟုတ်။တောက်လျှောက်သိလာခဲ့တဲ့ ကျန်းမာရေးအသိက အဆီများရင်ရောဂါပိုများမယ်။ ကျန်းမာရေးအတွက်ရော အလှအပအတွက်ရော အဆီကကောင်းကျိုးမပေးဘူးဆိုတာပါ။ ဒီတစ်ခေါက်တော့ ကျန်းမာရေးအတွက် အကျိုးမပြုဘူးလို့ အမြဲယူဆလာခဲ့တဲ့ အဆီရဲ့ကောင်းကျိုးလေးကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။
အဝလွန်တာနဲ့ ပတ်သက်လို့
အဝလွန်တာ၊ ပုံမှန်ရှိသင့်တဲ့ကိုယ်အလေးချိန်ထက်ပိုများနေတာတွေကပြင်းထန်တဲ့ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပြီး ဆိုးရွားတဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်တာကြောင့်သွေးကြောတွေကျဉ်းတာ၊မာတာ၊ နှလုံးရောဂါ၊ဆီးချို၊ကင်ဆာနဲ့ အိပ်စက်မှုဆိုင်ရာ မူမမှန်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။
ဒါတွေတင်မကပါဘူး။ အဝလွန်တာကြောင့်သေဆုံးနိုင်ခြေပိုများနေနိုင်သလို စိတ်ဓါတ်ကျတာ။ စိုးရိမ်စိတ်များတာလိုမျိုး စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်နော်။
အဆီများတာက ဒီလိုအားသာချက်ရှိပါတယ်နော်
အဆီများလို့ရောဂါများနိုင်တယ်ဆိုပေမယ့်လေ့လာမှုတစ်ရပ်အရတော့ အဆီများတာကလေဖြတ်ေဝဒနာခံစားရတဲ့ အခါအသက်ရှင်သန်နိုင်ခြေပိုများစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေက ဒီလေ့လာတွေ့ရှိမှုကိုobesity paradox လို့ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။obesity paradox ဆိုတာဆေးဖက်ဆိုင်ရာသီအိုရီတစ်ခုဖြစ်ပြီး အဝလွန်တာက အသက်အရွယ်ကြီးရင့်သူတွေ နဲ့ အခြားသောနာတာရှည်ရောဂါခံစားနေရသူတွေမှာ အသက်အန္တရာယ်ထိခိုက်နိုင်ခြေကနေ ကာကွယ်ပေးနိုင်တဲ့ အခြေအနေတစ်ရပ်ကိုဆိုလိုတာပါ။
ဒီလေ့လာမှုမလုပ်ခင်မှာ ပထမဆုံးသတိထားမိတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေမှုက ကျောက်ကပ်ရောဂါခံစားနေရသူတွေနဲ့ နှလုံးရောဂါခံစားနေရသူတွေမှာ အသက်ရှင်သန်နိုင်ခြေကို ပိုတိုးစေတယ်ဆိုတဲ့အချက်ပါ။ ဒီအချက်ကြောင့်လေဖြတ်ခဲ့ရင်ရော ပုံမှန်ထက်ကိုယ်အလေးချိန်ပိုများနေသူတွေက အသက်ရှင်သန်နိုင်ခြေပိုများနေလားဆိုတာကိုလေ့လာဖို့ စိတ်အားထက်သန်စေခဲ့ပါတယ်၊လို့ ဒီလေ့လာမှုကိုလုပ်ခဲ့တဲ့လော့စ်အိန်ဂျလိစ်မှာရှိတဲ့ ကယ်လ်လိဖိုးနီးယားတက္ကသိုလ်ကဆေးဖက်ဆိုင်ရာဘွဲ့ရတစ်ဦးဖြစ်တဲ့Zuolu Liu ကပြောကြားခဲ့ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]