လေထုညစ်ညမ်းမှုကြောင့် heart attack၊ နှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတာ၊ လေဖြတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ လေထုထဲမှာပါတဲ့ အမှုန်အမွှားတွေက သွေးကြောထဲကို ရောက်ပြီး ရောင်ရမ်းစေပါတယ်။
လေ့လာချက်တွေအရ လေထုညစ်ညမ်းမှုက စိတ်ကျခြင်းနဲ့ စိတ်အတက်အကျမြန်တာကို ဖြစ်စေပါတယ်တဲ့။
လေထုညစ်ညမ်းမှုက ခုခံအားကို ထိခိုက်စေပြီး အဆုတ်မှာ ခုခံအားကမောက်ကမရောဂါတွေကို ဖြစ်စေပါတယ်။
လေထုထဲမှာပါတဲ့ အိုဇုန်းက ကိုယ်ဝန်နုစဉ်မှာ ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေပါတယ်။
လေထုညစ်ညမ်းမှုကြောင့် သွေးထဲက ဓာတ်ပစ္စည်းတွေက အချင်းကိုအားနည်းစေပြီး လမစေ့ခင်မွေးစေပါတယ်။
လေထုညစ်ညမ်းမှုကြောင့် လူတွေက အသက်တိုလာကြပါပြီ။ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုနဲ့ကြောင့် လေဖြတ်တာ၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ နာတာရှည် အဆုတ်ရောဂါနဲ့ ပိုးဝင်တာတွေကြောင့် အရွယ်မတိုင်ခင် သေဆုံးနေကြပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်ကာ သင်ယူနိုင်စွမ်းတွေ၊ မှတ်ဉာဏ်အားတွေ ထိခိုက်နိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းကို ဖြစ်စေပါတယ်။
- မျက်စိနှင့် နှာခေါင်းထိခိုက်ခြင်း
အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် မျက်စိယားတာ၊ နှာရည်ယိုတာ၊ လည်ပင်းနာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
လေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချကြမလဲ။
လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက်
- နီးရင် လမ်းလျှောက်ပါ။
- ဝေးရင် စက်ဘီးစီးပါ။
- အများသုံးပို့ဆောင်ရေးကို သုံးပါ။ (ဘတ်စ်ကား၊ ရထား)
- စွမ်းအင်ချွေတာပါ။ (မလိုအပ်တဲ့ မီးတွေ၊ ပန်ကာတွေပိတ်ပါ။)
- Reduce, Reuse, Recycle Rသုံးလုံးကိုလိုက်နာပါ။
- နေရောင်ခြည်သုံး စွမ်းအင်ထုတ်စက်တွေ၊ လေအားစွမ်းအင်ထုတ်စက်တွေ သုံးပါ။
- စွမ်းအင်ချွေတာတဲ့ ပစ္စည်းတွေသုံးပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။