brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

External Cephalic Version (သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းဆိုတာ ဘာလဲ။

သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်း (ECV) သည် သားအိမ်အတွင်း တင်ပဆုံဖွားပုံစံမှ ခေါင်းဖြင့်ဖွားနိုင်ရန် လှည့်ပေးသောနည်းလမ်းဖြစ်သည်။ EVC သည် ကလေးအနေအထားမှန်စေရန် ပြုလုပ်နိုင်သည့် စိတ်ချရသောနည်းဖြစ်ပါသည်။

ကိုယ်ဝန် ၃၆ ပတ်ထိ တင်ပဆုံဖွားပုံစံဖြစ်မှ ECV လုပ်သင့်ပါသည်။ ၎င်းသည် ပုံမှန်မွေးလမ်းကြောင်းမှ မွေးဖွားနိုင်ရန် အကောင်းဆုံးအခွင့်အရေးကို ရရှိနိုင်ပြီး အမျိုးသမီးအများစုတွင် လုပ်ရန်သင့်လျော်ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။

သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို အောက်ပါအခြေအနေတို့တွင် ပြုလုပ်ရပါလိမ့်မည်။

  • ကိုယ်ဝန် ၃၆ -၄၂ ပတ်ရှိလျှင်။ ၃၆ ပတ်မတိုင်ခင် သနွေသားသည် အလိုလိုဦးခေါင်းဖွားပုံစံ ပြောင်းသွားနိုင်သည်။ သို့သော် ကိုယ်ဝန် ၃၆ ပတ်မတိုင်ခင် ပြုပြင်ခြင်းသည် ပိုအောင်မြင်နိုင်ချေများ၏။ အဘယ့်ကြောင့်ဆိုသော် သန္ဓေသားပိုငယ်ပြီး၊ ရေမွှာရေနည်းကာ ကလေးလှည့်နိုင်မည့် နေရာပိုကျယ်သောကြောင့်ဖြစ်သည်။
  • သန္ဓေသားတစ်ယောက်တည်းသာ ကိုယ်ဝန်ဆောင်ထားလျှင်
  • သန္ဓေသားမှ တင်ပဆုံရိုးခွေအတွင်း မဝင်သေးခင် (ဦးမစိုက်ခင်)။ သနွေသားဦးစိုက်လျှင် ရွေ့ရခက်ပါသည်။
  • သန္ဓေသားကို လှည့်ရန်အတွက် လုံလောက်သည့် ရေမွှာပမာဏမရှိလျှင်။ ရေမွှာသည် ပုံမှန်အောက်လျော့နည်းလျှင် ပြုပြင်လှည့်နေစဉ်၌ ကလေးကိုထိခိုက်မိစေနိုင်ပါသည်။
  • အရင်က ကိုယ်ဝန်ဆောင်ဖူးလျှင်။ ကိုယ်ဝန်ဆောင်ဖူးလျှင် သားအိမ်နံရံသည် ပျော့နေတတ်ပြီး လှည့်သည့်အခါတွင် ဆွဲဆန်သလိုဖြစ်သွားနိုင်ပါသည်။ ကိုယ်ဝန်မဆောင်ဖူးမှသာ ပြုပြင်လှည့်ခြင်းကို ပြုလုပ်ရပါမည်။
  • ကလေးသည် ရင်ခေါင်းစိုက်မှသာ၊ တင်ပဆုံတိုက်အနေအထားမှသာ သို့မဟုတ် ခြေထောက်တိုက်အနေအထားမှသာ ပြုလုပ်နိုင်ပါမည်။
  • သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

    အောက်ပါတို့ရှိလျှင် သန္ဓေသားအနေအထားမှန်အောင် ပြင်ခြင်းကို မလုပ်သင့်ပါ။

    • ရေမွှာပေါက်သွားလျှင်
    • သားအိမ်မကျုံ့စေရန်သုံးမည့် Tocolytic ဆေးများ သုံးခွင့်မရှိသောရောဂါများ (ဥပမာ နှလုံးရောဂါ) ရှိလျှင်
    • အချင်းသည် သားအိမ်ခေါင်းသို့ တစ်ဝက်တစ်ပြတ် သို့ အပြည့်ဖုံးထားခြင်း သို့မဟုတ် အချင်းကွာခြင်းတို့ကြောင့် ခွဲမွေးဖို့လိုအပ်လာလျှင်
    • သန္ဓေသားစစ်ဆေးမှုများအရ သန္ဓေသားအခြေအနေမကောင်းလျှင်
    • ဦးအလွန်မော့နေသော သန္ဓေသားဖြစ်နေလျှင်။ ဆိုလိုသည်မှာ မေးစေ့သည့် ရင်ဘတ်ကိုကပ်ပြီး ဦးငုံ့နေရမည့်အစား လည်ပင်းဖြောင့်နေခြင်းပင်။
    • သနွေသားတွင် မွေးရာပါချို့ယွင်းမှုများရှိနေလျှင် သို့မဟုတ် ရှိနေသည့်ဟု သံသယရှိလျှင်
    • သန္ဓေသားအများကြီးကို ကိုယ်ဝန်ဆောင်ထားလျှင် (နှစ်မွှာ၊ သုံးမွှာ)
    • သားအိမ်သည် သာမာန်ပုံစံမရှိလျှင်

    တစ်ချို့ဖြစ်ရပ်များတွင် ရေမွှာပုံမှန်ထက်နည်းနေပါက သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို ဆရာဝန်မှ လုပ်ပေးမည်မဟုတ်ပါ။

    ကံကောင်းစွာနှင့်ပင် ပုံမှန်စစ်ဆေးခြင်းဖြင့် သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်း၏ အန္တရာယ်များကို လျော့ချနိုင်ပါသည်။ မိခင်ရော ကလေးကိုပါ သတိထားစောင့်ကြည့်ရန်လိုမည့် ဖြစ်တန်သောအန္တရာယ်များမှာ –

    • ချက်ကြိုးလိမ်သွားခြင်း သို့မဟုတ် ညှစ်မိခြင်းမှ ကလေးဆီသို့ အောက်စီဂျင်နှင့် သွေးစီးဆင်းမှုကို နည်းသွားစေနိုင်၏။
    • မီးဖွားရန် အခြေအနေဖြစ်သွားခြင်း။ ရေမွှာအိတ်ပေါက်သွားရာမှ ဖြစ်လာခြင်းပင်။ (အချိန်မတန်သေးပဲရေမွှာပေါက်ခြင်း သို့မဟုတ် PROM)
    • အချင်းကွာခြင်း၊ သားအိမ်ကွဲခြင်း သို့မဟုတ် ချက်ကြိုးအား ထိခိုက်မိခြင်း။ ဖြစ်တန်သော အန္တရာယ်များသားဖြစ်၏။ ဖြစ်သည်မှာတော့ အလွန်ရှားသည်။
    • ရှားပါးဖြစ်ရပ်များတွင် သန္ဓေသားအနေအထားမှန်အောင်ပြင်နေစဉ် အမေ သို့မဟုတ် ကလေး၌ ပြင်းထန်သောအခြေအနေများဖြစ်လာခြင်း သို့မဟုတ် မီးဖွားခြင်းဖြစ်လာနိုင်ပြီး အရေးပေါ်ခွဲမွေးရခြင်းလည်း ရှိနိုင်ပါသည်။
    • အချင်းမှသွေးထွက်ခြင်း
    • ကလေးနှလုံးခုန်နှုန်းပြောင်းသွားခြင်း
    • ကလေးကို ထိခိုက်စေခြင်း

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းမှ အနည်းငယ်သွေးထွက်မှုဖြစ်နိုင်ပြီး အမေသွေးနှင့် ကလေးသွေးရောသွားနိုင်ပါသည်။ ထို့ကြောင့် အနုတ်သွေးရှိသော ကိုယ်ဝန်ဆောင်မိခင်များ၌ RhoGAM ကဲ့သို့ RH ပဋိပစ္စည်းဆေးများကို RH ဓါတ်ပြုခြင်းမဖြစ်စေရန် ထိုးရပါမည်။ RH ဓါတ်ပြုခြင်းသည် နောက်ကိုယ်ဝန်များတွင် သန္ဓေသားပြဿနာများ ဖြစ်လာနိုင်ပါသည်။

    ရှားပါးဖြစ်ရပ်များတွင် အမွှာကိုယ်ဝန်မှ ဒုတိယကလေးဖွားရန် သို့မဟုတ် ကလေးအသက်အန္တရာယ်ရှိလာသောကြောင့် အရေးပေါ်မီးဖွားရန် အတွင်းထဲသို့နှိုက်ပြီး ပြုပြင်လှည်ခြင်းကို အသုံးပြုရနိုင်၏။ ထိုဖြစ်ရပ်မျိုးတွင် ဆရာဝန်သည် ကလေးကို မီးဖွားရန်လွယ်ကူသည့် အနေအထားရောက်အောင် ကြိုးစားမည်ဖြစ်သည်။

    ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

    ကြိုတင်ပြင်ဆင်ခြင်း

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို ဖွားခါနီးတွင် လုပ်လေ့ရှိသည်။ သားဖွားဆရာဝန် သို့မဟုတ် သားဖွားဆရာမများနှင့် အကောင်ဆုံးစိတ်အချရဆုံး စောင့်ရှောက်မှုရရှိနိုင်ရန် ဆွေးနွေးပါ။ ကလေးမွေးရန် ဆေးရုံတက်သင့်လျှင် တက်ရပါမည်။

    ခွဲစိတ်ကုသခြင်း

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းနေစဉ် ဘာဖြစ်နိုင်မလဲ။

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းသည် ၁၅ မိနစ်လောက်သာ ကြာတတ်ပါသည်။ သားဖွားဆရာဝန်မှ ခေါင်းစိုက်အနေအထားရောက်ရန် ဗိုက်ကို အသာအယာတွန်းပြီး လှည့်မည်ဖြစ်သည်။

    ကလေးနှုန်းခုန်ကိုလည်း ပုံမှန်ဟုတ်မဟုတ်သိစေရန် စောင့်ကြည့်နေမည်ဖြစ်သည်။ ပြုလုပ်ပြီးနောက် ၄၅ မိနစ်ထိ ကလေးကိုနှလုံးခုန်နှုန်းကို စောင့်ကြည့်ဦးမည်ဖြစ်သည်။

    စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

    ခွဲစိတ်ပြီးနောက် အခြေအနေ

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းပြီးနောက် ဘာဖြစ်နိုင်မလဲ။

    သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြုပြင်ပြီးနောက် မွေးလမ်းကြောင်းမှ ပုံမှန်ဖွားနိုင်ရန် ၅၀% သေချာပါသည်။ သို့မဟုတ် သားဖွားဆရာဝန်မှ သန္ဓေသားအနေအထားမှန်အောင် အပြင်ဖက်မှပြင်ခြင်းကို ထပ်လုပ်ရနိုင်ပါသည်။

    ကိုယ်ဝန် ၃၆ ပတ်၌ ကလေးမှလည်း အလိုလိုလှည့်သွားနိုင်သေး၏။ ခွဲမွေးခြင်းနှင့် မွေးလမ်းကြောင်းမှ တင်ပဆုံဖွားခြင်းဆိုင်ရာ အကျိုးနှင့်အပြစ်များကို ဆရာဝန်မှဆွေးနွေးပေးပါလိမ့်မည်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/01/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။