backup og meta

Chronic Fatigue Syndrome (နာတာရှည် မောပန်းလွယ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကဘာလဲ။

နှာတာရှည် မောပန်းလွယ်သောရောဂါဆိုသည်မှာ အဆမတန်မောပန်းလွယ်ပြီး အနားယူလိုက်သော်လည်းမသက်သာပဲ ဘာရောဂါကြောင့်ဖြစ်သည်ကိုလည်းအတိအကျမဖြေရှင်းနိုင်ပါ။ မိုင်ရဲဂျစ် ဦးနှောက်အမြှေးပါးယောင်ခြင်း သို့မဟုတ် ခန္ဒါကိုယ်တခုလုံး ပင်ပန်းမှုမခံနိုင်သောရောဂါဟုလည်းခေါ်သည်။ ဖြစ်စေသောအကြောင်းအရင်းအားတိတိကျကျမသိသော်လည်း အချို့လေလာချက်များက ဗိုင်းရပ်ပိုးကြောင့်သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖိအားများခြင်း သို့မတုတ် အကြောင်းအရင်းများပေါင်းဆုံမှုကြောင့်ဖြစ်သည်ဟုဆိုသည်။ ရောဂါလက္ခဏာတူသော အခြားရောဂါများလဲရှိခြင်းကြောင့် ဤရောဂါဟု အတည်ပြုရန်ခက်ခဲလိမ့်မည်။ နှာတာရှည်မောပန်းလွယ်ရောဂါအတွက် စမ်းသက်မှုသီးသန့်မရှိခြင်းကြောင့် အခြားရောဂါမဟုတ်သည်ဟု အရင်ဖယ်ရန်သင့်ဆရာဝန်မှ်ကြီုးစားလိမ့်မည်။

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

လူတိုင်းတွင်ဖြစ်နိုင်သောလည်း အသက် လေးဆယ် ငါးဆယ်ရှိ မိန်းမများတွင်ပိုဖြစ်တတ်သည်။ လက်ရှိကုသရန်နည်းလမ်းမရှိသေးပါ။ ရောဂါလက္ခဏာသက်သာရန်သာလုပ်နိုင်သည်။

အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှာတာရှည်မောပန်းလွယ်ခြင်း တွင် တရားဝင်လက္ခဏာရှစ်ခုနှင့် အဓိပါလ်ဖွင့်ဆို၍ရသောလက္ခဏာများ

  • မောပန်းလွယ်ခြင်း
  • မှတ်ညာဏ်များပျက်ဆီးခြင်း
  • လည်ချောင်းနာခြင်း
  • လည်ပင်း လက်မောင်းရှိအကျိတ်ကြီးခြင်း
  • အကြောင်းပြချက်မရှိကြွက်သားများနာခြင်း
  • အဆစ်တခုနာခြင်းမှ အခြားတခုသို့ရောက်သွားခြင်း(ယောင်ခြင်းဖောခြင်းမရှိ)
  • ခေါင်းကိုက်ခြင်း(ပုံစံအသစ်သို့မဟုတ် ဆိုးဝါးစွာကိုက်ခြင်း)
  • အိပ်ရေးမဝခြင်း
  • ၂၄ နာရီ စိတ်ပိုင်းဆိုင်ရာသို့မဟုတ် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပြီး အလွန်ပင်ပန်းနေခြင်း

ရှိနေတတ်သည်

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

စောစောသိ၍ကုပါက ရောဂါပိုဆိုးခြင်းကိုသက်သာစေပြီးအရေးပေါ် အခြေအနေကိုကာကွယ်နိုငသည်။ ထိုသို့ပြင်းပြင်းထန်ထန် မဖြစ်ရန်ဘယ်လိုကာကွယ်သင့်သည်ကိုဆရာဝန်အားမေးမြန်းပါ။

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဖြစ်စေသောအကြောင်းအရင်းကိုအတိအကျမသိသေးပါ။ ရောဂါဖြစ်ပွားမှုများသောလူနာတွင် အကြောင်းတရားများပေါင်းစုံ၍ဖြစ်သည်ဟုယူဆသည်။ အချို့သော အကြောင်းများမှာအောက်ပါအတိုင်းဖြစ်သည်။

  • ဗိုင်းရပ်ကြောင့်ဖြစ်သောရောဂါ

ဗိုင်းရပ်ကြောင့်ဖြစ်နိုင်သည် ဟုတစ်ချို့ကဆိုသော်လည်း အချို့ကမဟုတ်နိုင်ဟုဆိုသည်။ ဖြစ်နိုင်သည်ဟူသည့် ဗိုင်းရပ်များမှာ အက်စတိန်းဗိုင်းရပ် ရေယုံဗိုင်းရပ် နံပါတ်၆ နှင့် မောက်လူကီးမီးရားဗိုငိးရပ်တို့ဖြစ်သည်။ သို့သော်တိကျသောဖော်ပြချက်များမရှိသေးပါ။

  • ခုခံအားစနစ်ဆိုင်ရာပြဿနာများ ဤရောဂါဖြစ်သူတွင် ခုခံအားစနစ်အနည်းငယ် အားနည်းတတ်သည်။ သို့သော် ထိုသို့အနည်းငယ်နည်းခြင်းက ရောဂါဖြစ်စေတတ်သည် မဖြစ်တတ်သည် ကမသေချာပါ။

ဟော်မှန်းမညီမျှမှု။ ဟိုင်ပိုသဲလမက်၊ပစ်ကျူစရီ နှင့် အက်ရီနယ် မှထုတ်သော ဟော်မှန်းများမမျှခြင်းကို နှာတာရှည်မောပန်းလွယ်ရောဂါသမားများတွင်တွေ့တတ်သည်။ သို့သော် ထိုသို့နည်ခြင်း၏တိကျသောအဖြေအားမသိရပါ။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

နှာတာရှည်မောပန်းလွယ်ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်။ အသက်အရွယ်မျိုးစုံတွင်ဖြစ်တတ်သော်လည်း အသက် လေးဆယ် နှင့် ငါးဆယ်တွင်ပို၍ဖြစ်တတ်သည်။
  • လိင်။ မိန်းကလေးများတွင်ပိုဖြစ်တတ်သည်။ သို့သော် မိန်းကလေးများက ဆရာဝန်သွားပြနှုန်းများတော့ကြောင့်ဖြစ်နိုင်သည်။

စိတ်ဖိစီးမှု။ စိတ်ဖိစီးမှုများကလည်းဖြစ်တတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဤရောဂါသည် အတည်ပြုရန်ခက်ခဲသည်။ ဓါတ်ခွဲခန်းဆိုင်ရာစမ်းသက်မှုများလဲမရှိသကဲ့သို့ ရောဂါလက္ခဏာများကလည်းအခြားသောရောဂါများနှင့်ဆင်တူလှသည်။ ရောဂါသေချာလိုပါက အထက်တွင်ဖော်ပြခဲ့သောလက္ခဏာအနည်းဆုံးလေးမျိုးရှိရမည်။ သင့်တွင် ပြင်းထန်သော အကြောင်းပြချက်မရှိ အနားယူရုံဖြင့်မသက်သာသောပင်ပန်းခြင်းရှိမည်။ ထိုသို့မောပန်းလွယ်ခြင်းနှင့်အခြားလက္ခဏာများက ခြောက်လထက်ကြာမည်။ အခြားရောဂါမဟုတ်ဟု ဖော်ခြင်းသည် နှာတာရှည်မောပန်းလွယ်ရောဂါအတည်ပြုခြင်းအတွင်အရေးပါလှသည်။ဤရောဂါနှင့်

  • သွေးတွင် မိုနိုစိုက် အရေအတွက်များခြင်း
  • လိုင်းရောဂါ
  • မိုင်လင်အလွှာ ပျက်သောရောဂါ

Chronic Fatigue Syndrome (နှာတာရှည် မောပန်းလွယ်သောရောဂါ) ကို ဘယ်လိုကုသပါသလဲ

ရောဂါလက္ခဏာပေါ်မူတည်၍ကုသမှုပြောင်းလိမ့်မည်။ ရောဂါလက္ခဏာသက်သာစေရန်-

  • စိတ်ကျရောဂါဆန့်ကျန်သောဆေး။ လူအများစုတွင် ဤရောဂါဖြစ်ခြင်းသည် စိတ်ကျ၍အဖြစ်များသည်။ စိတ်ကျခြင်းကိုကုပါက များစွာသက်သာစေနိုင်သည်။ ဆေးပမာဏအနည်းငယ်ဖြင့်ပေးခြင်းဖြင့် အိပ်ရေးဝစေပြီးအနာသက်သာစေသည်။
  • အိပ်ဆေး။ အိမ်တွင်လုပ်နိုင်သောနည်းလမ်းများ ဥပမာ ကော်ဖီရှောင်ခြင်း တို့က ညဘက်အိပ်ရေးပျက်ခြင်းကို မသက်သာစေပါက အိပ်ဆေးကိုဆရာဝန်ကပေးလိမ့်မည်။

ဤရောဂါကိုကုသရန်နည်းလမ်းမရှိသးပါ။ ထိရောက်မှုအရှိဆုံးနည်းလည်းကလဲမသေချာသေးပါ။ သို့သော် အောက်ပါအခြေအနေများက ရောဂါသက်သာရန်ကူညီနိုင်သည်။

  • လှုပ်ရှားမှုကိုချင့်ချိန်ပါ။

ယနေ့တွင် လှုပ်ရှားမှုများက နောင်ရက်များတွင်ပိုဆိုးနိုင်သည်။

  • အဆင့်လိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

ပုံမှန်လုပ်ဆောင်မှုများလုပ်ဆောင်နိုင်ရန် လှုပ်ရှားမှုချိန်ကိုက်ယုံဖြင့်မရပါ။ အဆင့်လိုက်လေ့ကျင့်ခန်းလုပ်ခြင်းသည် လုံခြုံပြီးထိရောက်သောနည်းလမ်းဖြစ်သော်လည်း သက်သေကား သိပ်မရှိပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကနှာတာရှည်မောပန်းလွယ်ရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

၏အိမ်သုံးကုထုံးများကသင့်အနေဖြင့် နှာတာရှည်မောပန်းလွယ်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • စိတ်ဖိစီးမှုကိုလျော့ချပါ။ စိတ်ဖိစီးမှုနှင့် အပင်ပန်းလွန်ခြင်းများကို လျော့ချပါ။ အနားယူရန်အချိန်ပေးပါ။
  • အိပ်ချိန်အပြည့်အဝယူပါ။ အချိန်မှန် အိပ်ပါ ထပါ။ နေ့ခင်းပိုင်း အနားယူချိန်ကိုလျော့ချပါ။ ကော်ဖီဓါတ် အရက် နှင့် နီကိုတင်းကိုလျော့ချပါ။
  • လှုပ်ရှားမှုကိုကန့်သတ်ပါ။

ယနေ့တွင် လှုပ်ရှားမှုများက နောင်ရက်များတွင်ပိုဆိုးနိုင်သည်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Chronic fatigue syndrome.http://www.webmd.com/chronic-fatigue-syndrome/.Accessed December 28, 2016.
Chronic fatigue syndrome.http://www.mayoclinic.org/diseases-conditions/chronic-fatigue-syndrome/basics/definition/con-20022009. Accessed December 28, 2016.
Chronic fatigue syndrome.http://www.healthline.com/health/chronic-fatigue-syndrome#Symptoms4. Accessed December 28, 2016.

ယခုပုံစံ

19/01/2022

Dr. Kaung Thar မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement