Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစုဟာ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းမှုတခုဖြစ်ပြီး ခန္ဓါကိုယ်ထဲက ပုံမှန်ပရိုတိန်းကို တိုက်ခိုက်နေခြင်းပဲ ဖြစ်ပါတယ်။ သွေးကြောတွေထဲမှာ သွေးခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်တေါကိုလည်း ကလေးပျက်ခြင်း၊ ကလေးကအသေမွေးခြင်း စတဲ့ပြသနာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
ခြေထောက်ရဲ့ သွေးပြန်ကြောတွေဟာ သွေးခဲတွေ ဖြစ်ပေါ်အမှုအများဆုံး နေရာဖြစ်ပါတယ်။ သွေးခဲဟာ သွေးလွှတ်ကြောထဲမှာလည်း ဖြစ်ပေါ်စေပါတယ်။ တခြား ဘယ်အင်္ဂါအစိတ်အပိုင်းမှာမဆို ဖြစ်ပေါ်နိုင်ပြီး အဆုတ်၊ ဦးနှောက်၊ ကျောက်ကပ်၊ နှလုံးနဲ့ အရေပြားတွေကို ထိခိုက်စေနိုင်ပါတယ်။
APS ရောဂါနှစ်မျိုးရှိပြီး မူလAPSနဲ့ ဒုတိယAPS ဆိုပြီး ဖြစ်ပါတယ်။ မူလAPS ဟာ တခြား ဆက်စပ်တဲ့ အခြေအနေတွေ မရှိပါဘူး။ ဒုတိယပုံစံကတော့ တခြား ကိုယ်ခံအားပြသနာ ဥပမာ lupus၊ ပိုးဝင်ခြင်း၊ ဆေးဝါးများ သုံးစွဲခြင်း (chlopromazine၊ procainamide ကဲ့သို့)တို့ ဖြစ်ပါတယ်။
တွေ့ရနည်းပါတယ်။ ဘယ်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
တွေ့ရများတဲ့ လက္ခဏာတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
အခြားတွေ့ရနည်းတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Beta-2 glycoprotein I
သွေးခဲပိတ်ဆို့ခြင်းဖြစ်ရင် သွေးကျဲဆေးပေးပြီး ပေါင်းစပ်ကုသခြင်း ဥပမာ heparin၊ warfarin၊ asprin ဟာ စံပြုထားတဲ့ ကုသခြင်း ဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကုသခြင်း
သွေးကျဲကုသခြင်းဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ပိုရှုပ်ထွေးပါတယ်။ အကုန်အကျများပြီး ပုံမှန် အချိန်အတိုင်း ဆေးထိုးပေးရပါတယ်။ ဘေးထွက်ဆိုးကျိုး တချို့လည်း ရှိပါတယ်။
စမ်းသပ်မှုဖြင့် ကုသခြင်းများ
သွေးကျဲဆေးအသစ်များ
ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Phospholipid ဆန့်ကျင်သော ခုခံပစ္စည်း ရောဂါလက္ခဏာစု အတွက် အထောက်အကူ ပြုသလဲ
အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။
APS ကို ကုကွယ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေး (တုတ်ကွေးအပါအဝင်) ထိုးခြင်းဟာ ဗိုင်းရပစ်ပိုးဝင်ခြင်းကြောင့် APS ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကလည်း သွေးခဲခြင်းကို ကျဆင်းနိုင်ခြေ ရှိပါတယ်။
သွေးခဲနိုင်ခြေ လျော့ကျစေဖို့
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။