backup og meta

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်လက္ခဏာများအကြောင်းရင်းများဖြစ်နိုင်ခြေများရောဂါအဖြေရှာခြင်းနှင့် ကုသမှုနေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

အဓိပ္ပါယ်ဖွင့်ဆိုချက်

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကဘာလဲ။

Agnogenic Myeloid Metaplasia ဆိုတာ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတစ်သျှူးများ အစားထိုးပေါ်ပေါက်လာကာ သွေးများဟာ ရိုးတွင်းခြင်ဆီမှာ ဖြစ်ပေါ်မလာတော့ဘဲ အသည်းနဲ့ ဘေလုံးမှာသာ ဖြစ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

ဒီရောဂါဖြစ်ရင် ဘေလုံးကြီးပြီး သွေးအားနည်းပါတယ်။ ဒီရောဂါကို AMM, chronic idiopathic myelofibrosis, idiopathic myelofibrosis, myelosclerosis with myeloid metaplasia နဲ့ primary myelofibrosis ဆိုပြီးတော့လည်း ခေါ်ဝေါ်ကြပါသေးတယ်။.

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ရှားပါးတဲ့ နာတာရှည်ရောဂါတမျိုးဖြစ်ပြီး လူတသိန်းမှာ တယောက်လောက်ဖြစ်ပွားကြပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့အများဆုံးလက္ခဏာတွေကတော့

  • နှလုံးခုန်မြန်ခြင်း
  • ဖြူဖျော့ခြင်း
  • ဘေလုံးကြီးခြင်း
  • ညအချိန်ချွေးထွက်ခြင်း
  • ကိုယ်အလေးချိန်လျော့ခြင်း
  • စားပြီးချိန်ရင်ပြည့်နေခြင်း စတာတွေ ဖြစ်ပါတယ်။

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ုံမှန်အခြေအနေတွေမှာ ရိုးတွင်းခြင်ဆီဟာ ပင်မဆဲလ်တွေကြီးထွားစေတဲ့ ဖိုင်ဘာကွန်ယက်ကို ဖြစ်ပေါ်စေပါတယ်။ ရိုးတွင်းခြင်ဆီမှာ ဒီဖိုင်ဘာတွေ ဖြစ်စေတဲ့ ဆဲလ်တွေကို fibroblast လို့ ခေါ်ပါတယ်။

ရောဂါမူလအဆင့်မှာ သွေးဥမွှာအရေအတွက်များလာခြင်း၊ အရွယ်အစားကြီးမားခြင်း စတာတွေကြောင့် ဖြစ်လာတဲ့ ဓါတုပစ္စည်းတွေဟာ fibroblast တွေကို အလွန်အကျွံ လှုံ့ဆော်ပါတယ်။ အဲဒီအခါ ရိုးတွင်းခြင်ဆီနေရာမှာ ဖိုင်ဘာတွေ များစွာဖြစ်ပေါ်လာပြီး ပုံမှန်ခြင်ဆီရဲ့ တစ်သျှူးတွေကို အစားထိုးသွားပါတယ်။ အဲဒီအခါ ခြင်ဆီရဲ့ သဘာဝပြောင်းလဲသွားပြိး သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှာတွေ ထုတ်လုပ်ခြင်းကို ထိခိုက်လာစေပါတယ်။ အဲဒီအခါ သွေးအားနည်းခြင်း၊ သွေးဥမွှာ အရေအတွက်ကျခြင်း၊ ဘေလုံး၊ အသည်း စတာတွေမှာ သွေးဆဲလ်များ ထုတ်လုပ်လာခြင်း စတာတွေ ဖြစ်ပေါ်လာပါတယ်။

ဒါကြောင့် ဘေလုံးနဲ့ အသည်းလည်း ကြီးလာပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖြစ်ပွားနိုင်ခြေမြင့်စေတဲ့ အရာတွေကိုတော့ သိနိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

  • အသက်အရွယ်။ ဘယ်အရွယ်မဆို ဖြစ်နိုင်ပေမယ့် အသက် ၆၀-၇၀မှာ ပိုတွေ့နိုင်ပါတယ်။
  • များပြားတဲ့ ဘန်ဇင်းပမာဏကို အချိန်ကြာကြာ ထိတွေ့နေရင် ဖြစ်နိုင်ပါတယ်။
  • အိုင်းယွန်းကထွက်တဲ့ ရေဒီယိုသတ္တိကြွခြင်းကို ပမာဏများများ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။
  • post-polycythaemic myelofibrosis) ဒါမှမဟုတ် essential thrombocythaemia (post-ET myelofibrosis) လို့ ရောဂါအမည်တပ်ဖူးရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေမှာ ဘေလုံးကြီးနေခြင်းနဲ့ သွေးစစ်ဆေးမှု၊ ရိုးတွင်းခြင်ဆီ စစ်ဆေးမှုရလဒ်တွေနဲ့ ပူးပေါင်း အတည်ပြုပါတယ်။

အလုံးစုံသွေးစစ်ဆေးမှု

ဒီရောဂါရှိသူတွေဟာ သွေးအားနည်းခြင်း ရှိပါတယ်။ သွေးနီဥဆဲလ်တွေကို စစ်ဆေးရင် မျက်ရည်စက်ပုံစံ တွေ့နိုင်ပါတယ်။ သွေးဖြူဥ၊ သွေးဥမွှာတွေဟာ ပုံမှန်ထက်များနေပါတယ်။ ရောဂါပိုဆိုးတဲ့ အခြေအနေမှာ သွေးဖြူဥ၊ သွေးဥမွှာတို့ နည်းပါးနေတာကိုလည်း တွေ့ရပါတယ်။

ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း

ခြင်ဆီမှာ ဖိုင်ဘာဓါတ်တွေဝင်ရောက်နေတာကြောင့် အပ်နဲ့ပြွန်ကိုသုံးပြီး ရိုးတွင်းခြင်ဆီ နမူနာကို မကြာခဏယူဖို့ မဖြစ်နိုင်ပါဘူး။ ခြင်ဆီနမူနာကို ရယူဖို့ အရိုးကိုအပေါက်ဖောက်ပြီး ရယူစစ်ဆေးတဲ့နည်း သုံးပါတယ်။ သွေးနဲ့ ခြင်ဆီကို ဆဲလ်နဲ့ မော်လီကျူလာ စစ်ဆေးမှုခင်းဟာ ရောဂါအတည်ပြုနိုင်ရုံမကဘဲ ရောဂါ အခြေအနေ တိုးတက်ကောင်းမွန်မှု ရှိမရှိပါ သိနိုင်ပါတယ်။ မူလဖိုင်ဘာဖြစ်ပေါ်ခြင်း အခြေအနေရှိသူ ၅၀%မှာ JAK2 ဗီဇဖောက်ပြန်ခြင်း တွေ့ရပါတယ်။ လူနာတချို့မှာ JAK2 ဗီဇဖောက်ပြန်မှုရှိပြီး တချို့မှာ ဘာလို့မရှိသလဲ ဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။

Agnogenic Myeloid Metaplasia (AMM) (အကြောင်းအရင်းမသိသော ရိုးတွင်းခြင်ဆီဆဲလ်များ ပုံပြောင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

လူတချို့ဟာ မူလဖိုက်ဘာဖြစ်ပေါ်ခြင်း အခြေအနေကို စတင်အတည်ပြုမိချိန်မှာ ရောဂါလက္ခဏာတွေ မရှိသလို ပုံမှန်စစ်ဆေးမှု၊ စောင့်ကြည့်မှုတွေကလွဲလို့ ကုသမှု မလိုအပ်ပါဘူး။

တခြားကုသမှုတွေကတော့ အထောက်အကူပြု ကုသမှုတွေ၊ သွေးနည်းပါးခြင်း၊ ဘေလုံးကြီးခြင်းတို့ရဲ့ နောက်ဆက်တွဲပြသနာတွေကို ကာကွယ်မှုတွေ ပါဝင်ပါတယ်။ သွေးအားနည်းခြင်း၊ ဘေလုံးကြီးခြင်းရြ့ လက္ခဏာတွေကို သက်သာစေပြီး ဘဝရဲ့ အရည်အသွေးကို မြှင့်တင်ခြင်း၊ ရောဂါနဲ့ကုသမှုတွေရဲ့ နောက်ဆက်တွဲပြသနာတွေကို ကုသခြင်းတွေ ပါဝင်ပါတယ်။ သွေးမှန်မှန်သွင်းရခြင်း၊ ရောဂါပိုးကူးစက်ခြင်းတွေအတွက် ပဋိဇီဝဆေးတွေပေးခြင်း ရှိပါတယ်။

Hydroxyurea သို့မဟုတ် thalidomide ဆေးတွေပေးပြီး ဘေလုံးကြီးမားမှုကို လျှော့ချနိုင်ပါတယ်။ တခါတရံ ဘေလုံးအခြေအနေ အရမ်းဆိုးရင် ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ပါတယ်။ သွေးသွင်းဖို့ပိုမို လိုအပ်လာတဲ့ အခြေအနေမှာလည်း ခွဲစိတ်ဖယ်ရှားပါတယ်။ တခါတရံမှာ ဘေလုံးဟာ သွေးဆဲလ်တွေကို ဖျက်ဆီးနေတဲ့ အခြေအနေတွေ တွေ့ရပါတယ်။ ဓါတ်ရောင်ခည်ကုသနည်းဟာလည်း ဘေလုံးအရွယ်ကို လျှော့ချနိုင်ပါတယ်။ ၃-၆လခန့် ယာယီသက်သာစေနိုင်ပါတယ်။

ငယ်ရွယ်တဲ့ လူနာများဟာ အလူရှင်နဲ့ ကိုက်ညီမှုရှိရင် ပင်မဆဲလ်အစားထိုး နိုင်ပါတယ်။ ဖိုက်ဘာဖြစ်ပေါ်စပြုတဲ့ လူနာကို ကုသဖို့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဆေးသွင်းကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု၊ လှူဒါန်းသူဆီက သွေးပင်မဆဲလ်သွင်းခြင်း စတာတေါ ပါဝင်ပါတယ်။ ပင်မဆဲလ်လဲလှယ်ခြင်းဟာ နောက်ဆက်တွဲပြသနာတွေရှိပြိး အသက် ၆၀အောက် ငယ်သူများအတွက်သာ သင့်တော်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက Agnogenic Myeloid Metaplasia အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအချက်တွေက အထောက်အကူ ပြုပါတယ်။

  • ယောဂ၊ လေ့ကျင့်ခန်း၊ လူမှုရေးလှုပ်ရှားမှုတွေ၊ သင့်တော်တဲ့ အလုပ်အချိန်ဇယားတွေ ပြုလုပ်ပါ။
  • ကျွမ်းကျင်သူများ၊ ကင်ဆာကုသသူ၊ လုပ်အားပေးသူများနဲ့ တိုင်ပင်ပါ။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
1. Myelofibrosis. http://www.mayoclinic.org/diseases-conditions/myelofibrosis/manage/ptc-20261213. Accessed 5 Jun 2017
2. Agnogenic Myeloid Metaplasia. http://www.mamashealth.com/blood/ag.asp. Accessed 5 Jun 2017
3. Primary Myelofibrosis. http://www.leukaemia.org.au/blood-cancers/myeloproliferative-neoplasms-mpn/primary-myelofibrosis. Accessed 5 Jun 2017
4. Agnogenic myeloid metaplasia. https://www.cancer.gov/publications/dictionaries/cancer-terms?cdrid=306486. Accessed 5 Jun 2017

ယခုပုံစံ

13/09/2019

Written by Dr. Thant Zin

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွေးပြန်ကြော သွေးမခဲစေဖို့ ဘာတွေ စားကြမလဲ။

ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တဲ့ အကြောင်းရင်း


Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2019 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement