brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

  1. အခြေခံကျန်းမာရေး

မျှဝေပါ။

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း

ဗီတာမင် ချို့တဲ့ရင် ဘယ်လိုဖြစ်နိုင်တယ်၊ ဘယ်လိုအန္တရာယ်ရှိနိုင်တယ်ဆိုတာမျိုးက အမြဲကြားဖူးနေကျ အသိပညာပေးစကားတွေပါ။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘယ်အရာမှ ရှိသင့်တာထက်လွန်ကဲရင်မကောင်းပါဘူး။ ခုတလောမှာတွေ့ရလိုက်ရတဲ့ သတင်းတွေထဲ ဗီတာမင် D လွန်ကဲနေလို့ အဆိပ်သင့်ရတဲ့သူတွေအကြောင်း ပါဝင်နေပါတယ်။

ဗီတာမင် D ဆိုတာ ကယ်လ်စီယမ်စုပ်ယူနိုင်စွမ်း၊ ကိုယ်ခံအားစနစ်လုပ်ဆောင်ချက်နဲ့ အရိုး၊ကြွက်သား၊နှလုံးကျန်းမာရေးတို့မှာ အရေးပါတဲ့နေရာက ပါဝင်သက်ဆိုင်တဲ့ဓါတ်ဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D ကို အဆီများတဲ့ငါးကလွဲပြီး တခြားအစားအသောက်ကနေရရှိနိုင်ဖို့ အခွင့်အလမ်းနည်းပါတယ်။နေရောင်ခြည်ကနေပဲရရှိနိုင်တာဖြစ်လို့နေရောင်ထိတွေ့မှုသိပ်မရှိသူတွေမှာ အလုံအလောက်မရနိုင်တဲ့အတွက်ဗီတာမင် D အားဆေးတွေ လိုအပ်လာတာပါ။

ဗီတာမင် D မှာD2 နဲ့D3 ဆိုပြီးနှစ်မျိုးရှိပါတယ်။D2 ကို အသီးအရွက်တွေကနေရရှိနိုင်ပြီးD3 ကိုတော့ အဆီများတဲ့ငါးနဲ့အသားကနေရရှိနိုင်တယ်၊နေရောင်ခြည်ကရနိုင်တယ်ဆိုပေမယ့် ပမာဏနည်းပါတယ်။။ တစ်နေ့ကိုဗီတာမင် D ပမာဏ 400–1000 IUအထိသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့်အရေးကြီးတာကဗီတာမင် D နဲ့ပတ်သက်တဲ့အားဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းမဟုတ်ဘဲ ထင်ရာမသောက်ဖို့ပါပဲ။ဗီတာမင် D3 ကို မလိုအပ်ဘဲ အချိန်အကြာကြာ များများသောက်မိရင် ခန္ဓါကိုယ်ထဲမှာစုပုံလာပြီး အဆိပ်သင့်နိုင်ပါတယ်။

လိုအပ်တဲ့သွေးဖောက်စစ်ဆေးမှုတွေမပါဘဲ ရမ်းသမ်းသောက်သုံးမှုတွေကြောင့်ဗီတာမင် D အဆိပ်သင့်ခြင်းအန္တရာယ်ရှိလာနိုင်တာ သတိထားသင့်တဲ့အချက်ပါ။ အရိုးအတွက်ကောင်းတယ်၊ ဘာအတွက်ကောင်းတယ်ဆိုတိုင်း အားဆေးတွေကို အရမ်းအားမကိုးသင့်ပါဘူး။ သောက်သုံးလိုက်တဲ့ ဗီတာမင် D ကို ခန္ဓါကိုယ်အဆီတွေထဲ သိုလှောင်ထားလိုက်ပြီးသွေးထဲကို တဖြည်းဖြည်းထုတ်ပေးတာဖြစ်လို့ဆေးကိုရပ်လိုက်တာတောင် လအတော်ကြာတဲ့အထိ အဆိပ်သင့်ခြင်းအာနိသင်က ရှိနေနိုင်ပါသေးတယ်။

အဆိပ်သင့်တာက အဖြစ်မများပေမယ့် ဒီဆေးတွေကို မလိုအပ်ဘဲ ၊သွေးမစစ်ဘဲ၊ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ ကြာရှည်သောက်သုံးတဲ့သူတွေမှာဖြစ်လေ့ရှိပါတယ်။

အဆိပ်သင့်ရင်ဘာတွေဖြစ်လာမှာလဲ

ကယ်လ်စီယမ်တွေများလာမယ်

ဗီတာမင် D က ကိုယ်စားလိုက်တဲ့အစားအသောက်တွေထဲက ကယ်လ်စီယမ်တွေစုပ်ယူမှုကို အားပေးကူညီပါတယ်။ ဒါပေမယ့် လွန်ကဲလာတဲ့အခါသွေးတွင်းကယ်လ်စီယမ်တွေ များလာပြီး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။သွေးထဲ ကယ်လ်စီယမ်တွေများလာပြီဆိုရင် –

  • ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းတို့လို အစာခြေစနစ်ပြဿနာ
  • နုံးချိခြင်း၊ခေါင်းမူးခြင်းနဲ့ အာရုံရှုပ်ထွေးခြင်း
  • ရေငတ်ခြင်း
  • ဆီးမကြာခဏသွားခြင်းစတဲ့ လက္ခဏာတွေဖြစ်လာနိုင်တယ်။

ခံတွင်းပျက်လာမယ်

မအီမသာဖြစ်တာ၊ ပျို့အန်တာနဲ့ အစာစားချင်စိတ်မရှိတာတွေဖြစ်လာပါမယ်။

ဗိုက်အောင့်မယ်၊ ဝမ်းချုပ်မယ်၊ ဝမ်းပျက်မယ်

ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ဝမ်းပျက်ခြင်းတို့က အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့ IBSရောဂါတို့နဲ့ပတ်သက်နေကျ အစာခြေစနစ်ပြဿနာတွေဖြစ်ပါတယ်။ ဒါပေမယ့်ဗီတာမင် D အဆိပ်သင့်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

အရိုးပျက်စီးစေတယ်

အရိုးကျန်းမာရေးအတွက်ဗီတာမင် D3ကို သောက်သုံးကြသလို သူကိုယ်တိုင်လည်း ကယ်လ်စီယမ်စုပ်ယူမှုကိုအားပေးပြီး အကျိုးပြုပါတယ်။ ဒါပေမယ့် လွန်ကဲသွားရင်တော့ အရိုးကျန်းမာရေးကို ထိခိုက်ပျက်ယွင်းစေနိုင်တယ်ဆိုတာ သိပ်မသိကြပါဘူး။ဗီတာမင် D လွန်ကဲရင် ကယ်လ်စီယမ်ကိုလည်းလွန်ကဲစေနိုင်ပေမယ့် ဗီတာမင် K2 ကိုတော့လျော့နည်းစေနိင်ပါတယ်။

ဗီတာမင် K2 ရဲ့လုပ်ဆောင်ချက်က သွေးထဲမှာတင်မကဘဲ အရိုးတွင်းမှာပါ ကယ်လ်စီယမ်ကိုသိုလှောင်ပေးထားတာဖြစ်ပါတယ်။ဗီတာမင် D များနေတဲ့အခါK2 ရဲ့လုပ်ဆောင်ချက်ကိုလျော့နည်းစေတာမို့ အရိုးကျန်းမာရေးအတွက် ဘယ်ကောင်းနိုင်ပါတော့မလဲ။

ကျောက်ကပ်ပျက်စီးစေတယ်

ဗီတာမင် D လွန်ကဲသွားရင်ကျောက်ကပ်ထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။လေ့လာမှုတွေအရ နဂို ကျောက်ကပ်ကျန်းမာသူတွေဖြစ်ဖြစ်၊ ကျောက်ကပ်ရောဂါရှိသူဖြစ်ဖြစ် ဗီတာမင် D လွန်ကဲတဲ့အခါကျောက်ကပ်ပျက်စီးလာတာလေ့လာမှုတွေအရတွေ့ရပါတယ်။

ဒါ့ကြောင့်ဗီတာမင်နဲ့သတ္တုဓါတ်အတွက် ဘယ်အားဆေးကိုပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားချက်မပါဘဲ စိတ်ထင်ရာမသောက်သုံးသင့်တာကို သတိထားသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
Yun Sandi Nan Mon မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ

Hello Health

  • Hello Health အကြောင်း
  • ကျွန်ုပ်တို့အကြောင်း

  • HelloSehat
  • HelloKhunmor
  • HelloDoktor
  • HelloKrupet
  • HelloYishi
  • HelloSwasthya
  • HelloBacsi
  • HelloDoctor
  • HelloJiankang
  • https://www.dmca.com/ProtectionPro.aspx?r=m
©2026 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။