backup og meta

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဝတ်ခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရွှေဆိုတာရှေးယခင်ခေတ်တည်းက တန်ဖိုးထားပြီးဝတ်ဆင်သုံးစွဲခဲ့ကြတဲ့ အရာပါ။ ဘုရင်ခေတ်ကဆို အသုံးအဆောင်တွေမှာပါရွှေနဲ့ချည်းပဲ သုံးခဲ့ကြတာ၊ အဝတ်အထည်တွေမှာပါ ထည့်သွင်းရက်လုပ်ကြပါတယ်။ရွှေကို အလှအတွက်တင်မကဘဲဆေးကုမှုအနေနဲ့ပါ အသုံးပြုကြတယ်ဆိုတာရော သင်သိရဲ့လား။ မျက်နှာရွှေသွင်းတယ်ဆိုတာတော့ ကြားဖူးမှာပေါ့။ ဒီလိုပါပဲရောဂါအမျိုးမျိုးအတွက် ကုထုံးတချို့မှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာတွေရှိလာပါပြီ။ အခုပြောပြမှာကတော့ရွှေထည်ဝတ်ဆင်တာပဲဖြစ်ဖြစ်၊ ကုထုံးမှာ ပါဝင်တာပဲဖြစ်ဖြစ် လူ့ကျန်းမာရေးကို ဘယ်လိုအကျိုးကျေးဇူးပေးနိုင်သလဲဆိုတာပါပဲ။

ရွှေက ဘယ်လိုကျန်းမာရေးကိုအကျိုးပြုနေသလဲ

အဆစ်ရောင်လက္ခဏာေတွကို သက်သာစေတယ်

ရွှေကလေးဘက်နာအဆစ်ရောင်ရောဂါရဲ့လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်လို့ ကုသရေးမှာအသုံးပြုကြတာပါ။ အရေပြားမှာ ထိကပ်ပြီးရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။

နာကျင်မှုကို လျော့စေတယ်

နာကျင်ကိုက်ခဲမှုခံစားနေရတဲ့နေရာ သို့မဟုတ် ဒဏ်ရာရှိတဲ့နေရာမှာရွှေကိုထားပေးရင် အနာသက်သာစေဖို့ အထောက်အကူပေးပါတယ်။ရွှေကသွေးကြောတွေကိုပြေလျော့စေပြီးသွေးလည်ပတ်မှုကောင်းစေတဲ့အာနိသင်ရှိတာကြောင့် ခန္ဓါကိုယ်အတွင်းအောက်ဆီဂျင်ရောက်ရှိမှုပိုကောင်းစေဖို့ အနာကျက်၊ အနာသက်သာဖို့ အားပေးတာဖြစ်ပါတယ်။

ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

ရွှေက ခန္ဓါကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်အပူချိန်မှန်နေရင် လူရဲ့ကိုယ်ခံအားစနစ်ကိုလည်း ပိုကောင်းစေနိုင်တယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ hot flashဖြစ်တတ်သူတွေ အတွက် ပိုပြီးသိသာစေပါလိမ့်မယ်။

သွေးလည်ပတ်မှုကောင်းစေတယ်

သွေးလည်ပတ်မှုပိုကောင်းစေဖို့၊ ခန္ဓါကိုယ်အနှံ့ကိုအောက်ဆီဂျင်ရောက်စေဖို့ရွှေကိုအသုံးပြုကြတယ်။သွေးလည်ပတ်မှုကောင်းရင် လူကျန်းမာပြီးရောဂါကင်းစေနိုင်တာပေါ့။

အရေပြားကုထုံးအဖြစ် သုံးနိုင်တယ်

ကလီယိုပက်ထရာဟာ အသားအရေနုပျိုလှပနေစေဖို့ရွှေစင်အစစ်နဲ့ မျက်နှာပေါင်းတင်ခဲ့တယ်လို့ သိရပါတယ်။ရောမခေတ် ကတည်းကရွှေကို လိမ်းဆီအဖြစ်ပြုလုပ်ပြီး အရေပြားရောဂါတွေကုသဖို့သုံးကြပါတယ်။ဆေးပညာတွေအဆင့်မြင့်လာခဲ့ပြီး ဒီထက်ပိုအသုံးပြုလာကြပေမယ့်လည်း အရေပြားအပေါ် ရွှေရဲ့အကျိုးပြုအာနိသင်ကတော့ ထင်ရှားနေဆဲပါပဲ။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားအရေကုထုံးအမျိုးမျိုးမှာရွှေကိုထည့်သွင်းအသုံးပြုနေကြတာ အလှအပအတွက်ကောင်းကျိုးထူးလို့ပါ။

စိတ်ကျန်းမာတယ်

ရွှေဝတ်ရရင် သဘောမကျတဲ့သူတော့ရှားပါတယ်။ အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ရောရွှေဝတ်ရတာ နှစ်သက်ကြပါတယ်။ရွှေနဲ့လက်ဝတ်ရတနာလေးတွေ ဝတ်ထားရရင် မှန်ထဲကြည့်ရင်းကိုပြုံးနေကြတာ။ တကယ်တော့ရှေးယခင်တည်းက စိတ်ဖိစီးမှုသက်သာစေတဲ့ဆေးတစ်လက်အဖြစ်ရွှေကိုသုံးကြတာ ရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရွှေဝတ်ထားသူတွေကိုကြည့်ရင် ရွှေဝတ်ခြင်းကို စိတ်ခွန်အားတက်စေတဲ့ အရာတစ်ခုအဖြစ်မြင်ရမှာပါ။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/323861.php

Accessed Jan 1, 2019.

https://www.curejoy.com/content/benefits-of-wearing-gold/

Accessed Jan 1, 2019.

ယခုပုံစံ

06/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဒိန်ချဉ်လေးနဲ့ ဆံပင်အမြန်ပေါင်းတင်နည်း မှတ်စု

အသားအရေအတွက် ပြုလုပ်တဲ့ လေဆာကုထုံးနဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ



Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement