ဗီတာမင်ဓါတ်များ၊ သတ္တုဓါတ်များ၊ သဘာဝမှရသော သစ်ဥသစ်ဖုများမှ ထုတ်လုပ်ထားသော အဆီအနှစ်များနှင့် ဓါတ်တိုးဆန့်ကျင် ပစ္စည်များ စတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခရင်မ်တွေကို အဆီခဲများကုသဖို့ရာအတွက် ဈေးကွက်ထဲမှာ များသောအားဖြင့် ရနိုင်ပါတယ်။ ပုံမှန်အားဖြင့် သင့်ရဲ့ဆရာဝန်ဟာ ကဖေးဓါတ်နှင့် ရတီနောဓါတ်ပါတဲ့ ခရင်မ်တွေကို အဆီခဲတွေ ကုသရာမှာ လိမ်းပေးဖို့ ညွှန်ကြားနိုင်ပါတယ်။ သို့သော် ဒီခရင်မ် လိမ်းဆေးတွေဟာ အဆီခဲလျော့ကျစေဖို့ သိသိသာသာ တိုးတက်ကောင်းမွန်စေတယ်လို့ လေ့လာတွေ့ရှိထားခြင်းတော့ မရှိသေးပါဘူး။ အချို့သော လူနာတွေမှာ ဒီလိမ်းဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေကြောင့် အရေပြားတွင် ဓါတ်ပြုမှုများနှင့် အရေပြားအကွက်များ ဖြစ်စေနိုင်ပါတယ်။
အရေပြားကို ဆေးထိုး၍ကုသခြင်း
ဒီလိုဆေးထိုး၍ ကုသခြင်းမှာဆိုရင် အမိုင်နိုဖိုင်လင်း၊ ဟော်မုန်းများ၊ အန်ဇိုင်းများ၊ သဘာဝမှ ရသောသစ်ဥသစ်ဖုမှ ထုတ်လုပ်ထားသည်များ၊ ဗီတာမင်များနှင့် သတ္တုဓါတ်များ စတာတွေကို ရောပေါင်းပြီး ရလာတဲ့အရည်ကို သင့်ရဲ့ အရေပြားအောက်ကို ထိုးထည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုကုသမှုဟာ အဆီတွေကို ဖြိုခွဲနိုင်ပြီး အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို အနည်းငယ်တိုးတက် လာအောင် ပြုလုပ်ပေးနိုင်ပါတယ်။ သို့သော် ဒီလိုကုသမှုဟာ ဆိုးရွားတဲ့ မလိုလားအပ်သော အကျိုးသက်ရောက် မှုတွေဖြစ်စေနိုင်ပါတယ်။ ဆိုလိုတာကတော့ ပိုးဝင်ခြင်း၊ အရေပြားအကွက်ထခြင်းနှင့် အရေပြားတွင် အဖုအထစ်များ သို့မဟုတ် မညီညာသော ကောက်ကြောင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။