backup og meta

အမြဲတက်ကြွသောအားကစားသမားတစ်ဦးဖြစ်နေစေသောလျှို့ဝှက်ချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမြဲတက်ကြွသောအားကစားသမားတစ်ဦးဖြစ်နေစေသောလျှို့ဝှက်ချက်များ

    -ရေရှည်တွင်အမြဲစိတ်ဓါတ် တက်ကြွနေသောအားကစားသမားဖြစ်စေသော လျှို့ဝှက်ချက်ကဘာလဲ။ ယခု ဆောင်းပါးတွင် သင်၏အားကစားလုပ်သောအစီအစဉ်တွင်အမြဲစိတ်ဝင်စားတက်ကြွအောင်မည်သို့နေထိုင်ရမည်ကိုဆွေးနွေးထားပါသည်။

    အားကစားပစ္စည်းများကိုအဝေးမှာမထားပါနှင့်

    -သင့်အားကစားလုပ်သောပစ္စည်းများကိုအဝေးမှာထားလိုက်သည်နှင့်အားကစားလုပ်ချင်စိတ်လည်းပျောက်သွားမည်ဖြစ်သည်။ အားကစားလုပ်ချင်စိတ်ကိုဖြစ်စေရန်အိမ်တွင် အားကစားပစ္စည်းများထားပါ။ အိမ်တွင်ဟိုနားဒီနားအားကစားပစ္စည်းများကိုတွေ့လျှင်သင်အာကစားလုပ်ရမည်ကိုသတိရလိမ့်မည်။

    အလေးမတုံးများ၊ဟန်ချက်ထိန်း ဘောလုံးများ၊ယောဂကျင့်သောဖျာနှင့်ကြိုးခုန်ပစ္စည်းများကိုရေးချိုးခန်း နှင့်အခြား အိမ်တွင်းနေရာများ:၌ရှိနေပါစေ။ သင့်အိမ်တွင်အားကစားပစ္စည်းများထားစရာနေရာမရှိပါကနဂိုကပင်နေရာတစ်ခု၊နှစ်ခုကြိုတင်စဉ်းစားပြင်ဆင်ထားပါ။

    -အိမ်တွင်လေ့ကျင့်ခန်းလုပ်ရန် မဖြစ်နိုင်ပါကလည်းအားကစားဝတ်စုံများကို အိပ်ရာမဝင်မီအိပ်ယာအနား၌ထားပါ။ ထိုအခါမနက်အိပ်ယထလျှင်သင်၏အားကစားဝတ်စုံနှင့်ဖိနပ်တို့ကိုမြင်တွေ့ရပြီးအားကစားလုပ်ရန်မေ့လျော့ခြင်းမျိုးလဲရှိတော့မည်မဟုတ်ပါ။

    -မျက်စိဖြင့်မြင်ရခြင်းဖြင့်မိမိဦးနှောက်ကိုသတိပေးရာရောက်သောကြောင့်ထိုကဲ့သို့မိမိကိုယ်ကို သတိပေးခြင်းမျိုးကလည်းအလုပ်ဖြစ်ပါသည်။ စတန်းဖို့ဒ်မှစိတ်ကျန်းမာရေးနှင့်ခန္ဓါကိုယ် ကြံ့ခိုင်ရေးသင်ပြသူပညာရှင် Kelly McGonigal ကကျွန်ုပ်တို့တွင်အလုပ်၊မိသားစုနှင့် အခြားလူမှုကိစ္စများစွာရှိသည့်အတွက်လေ့ကျင့်ခန်းလုပ်ခြင်းကိုသတိရ၍ရှေ့တန်းတင်ရန်လိုအပ်ပါသည်ဟုဆိုပါသည်။

    ရည်မှန်းချက်ထားပါ

    ခန္ဓါကိုယ်ကြံ့ခိုင်ရေးတွင်စိတ်အားထက်သန်သူMarie Chooက အောင်မြင်မှုရရှိရန်သင်လုပ်နိုင်သောပန်းတိုင်သေးသေးလေးများကိုလုပ်ရန်အရေးကြီးသည်ဟုဆိုပါသည်။ ရိုးရှင်းလွယ်ကူသောရည်ရွယ်ချက်များမှစတင်၍ တဖြည်းဖြည်းချင်းစီရှေ့တိုးသွားပါ။ အစပိုင်းလေ့ကျင့်မှုကခက်ခဲပင်ပန်းလျှင်အရှိကိုအရှိတိုင်းလက်ခံပြီးသင်ပြုနေကျစွမ်းဆောင်ရည်ကိုလျှော့ချပါ။ ဖြည်းဖြည်းချင်းစီတိုး၍လေ့ကျင့်သွားဖို့အရေးကြီးပါသည်။

    -သင်လိုချင်သောပန်းတိုင်တစ်ခုသတ်မှတ်ပြီးသောအခါရောက်ရှိရန်အဆင့်များခွဲ၍ကြိုးစားပါ။ အဆင့်တစ်ဆင့်ပြီးဆုံးသွားသောအခါရှေ့ဆက်လိုစိတ်ပြင်းပြလာပြီးစိန်ခေါ်မှုများကိုလည်း ပိုမိုရင်ဆိုင်လိုစိတ်ပြင်းပြလာသည်။

    -ဥပမာအားဖြင့်ယခင်ကသင်သည်အပြေးလေ့ကျင့် ခြင်းမလုပ်ဖူးဘဲ ၃လမှ၄လအတွင်း၅ကီလိုမီတာအထိပြေးဖို့ရည်မှန်းထားသည်ဆိုလျှင်အကွားအဝေး တစ်ခုကိုသတ်မှတ်ပြီးပြေးလိုက်လျှောက်လိုက်လုပ်၍တဖြည်းဖြည်းနှင့်နှုန်းကိုတင်သွားပါ။ အချိန်တစ်ခုကြာပြီးသောအခါလေ့ကျင့်ရင်းဖြင့်သင်အလိုရှိသော၅ကီလိုမီတာကိုမိမိလိုချင်သော အမြန်နှုန်းဖြင့်ပြေးနိုင်လာပါမည်။

    အားကစားလိုက်စားခြင်းကိုဘဝနေမှုအဖြစ်ပုံသွင်းပါ

    -အခြားအရေးကြီးကိစ္စများမှလွဲ၍လေ့ကျင့်ခန်း လုပ်ခြင်းကိုမပျက်ကွက်ပါစေနှင့်။ အချို့သူများအတွက်နေ့စဉ်အချိန်တစ်ခုသတ်မှတ်ပြီးလေ့ကျင့်ခန်း လုပ်ခြင်းကအသုံးဝင်တတ်ရာမနက်ပိုင်းတွင်ပြုလုပ်ပါကပိုကောင်းပါသည်။ ထိုနည်းအားဖြင့်သင့်နေ့စဉ်လူနေမှုဘဝသည် သင်၏လေ့ကျင့်ခန်းဆိုင်ရာပန်းတိုင်နှင့်နီးကပ်လာသည်။ လေ့ကျင့်ခန်း လုပ်ခြင်းအပြင်တစ်နေ့တာလုံးသွက်သွက်လက်လက်နေတတ်သည့်အကျင့်ကိုလည်းလုပ်ပါ။ဥပမာအလုပ်တွင်အချိန်ရပါကဓါတ်လှေကားမစီးဘဲလှေကားကိုသာအသုံးပြုပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လူနေမှုပုံစံဖြစ်လာပါကလေ့ကျင့်ခန်းလုပ်ရန်ပျင်းရိခြင်းမျိုးရှိတော့မည်မဟုတ်ပါ။

    -ထို့ကြာင့်မိမိလက်လှမ်းမီသလောက်ပြုလုပ်ရန်အကြံပေးထားပါသည်။ အကယ်၍အားကစားခန်းမတွင်အသင်းဝင်မထားလျှင်ကောဘယ်လိုလုပ်ရမည်နည်း။ စိတ်မပူပါနှင့်။ ပြေးခြင်း၊လမ်းလျှောက်ခြင်းမျိုးပြုလုပ်ပေးနိုင်သည်။ ထို့ပြင်ကြိုးခုန်သည့် ပစ္စည်း၊အလေးမတုံး၊ဟန်ချက်ထိန်းဘောလုံးများ ဝယ်၍အိမ်တွင်လေ့ကျင့်နိုင်သည်။ ရာသီဥတု မကောင်း၍လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်းမျိုးလည်းမရှိနိုင်တော့ပါ။

    အားကစားလိုက်စားသောသူငယ်ချင်းများနှင့် ပေါင်းဖော်ပါ

    -အားကစားဝါသနာပါသော သူငယ်ချင်းများက သင့်ကိုအားကစားလုပ်ခြင်းဖြင့်ပျော်ရွှင်စေပြီး သင်တန်းမှမပျက်ကွက်အောင်လည်းကူညီပေးသည်။ သင့်ကျန်းမာရေးအတွက်လေ့ကျင့်နေကြောင်းလူတိုင်းကသိနေပါစေ။ သင်နှင့်ကစားဖော်များတွင်တချို့ကသင့်ကိုချစ်ပြီး တချို့ကမုန်းလိမ့်မည်။ ပြိုင်ဆိုင်မှုနှင့်သင့်ကို အလေးကိုမရမကမခိုင်းခြင်းမျိုးသည်သင့်ကိုထူး၍အန္တရာယ်မဖြစ်စေပါ။

    တိုးတက်မှုကိုမှတ်တမ်းလုပ်ထားပါ

    -သင့်ကြိုးစားမှုများအတွက် တိုးတက်မှုကို မှတ်တမ်းတင်ထားပါ။ မည်သည်ကသင့်အတွက် အထောက်အကူဖြစ်ပြီးမည်သည်ကမဖြစ်သည်ကိုသင်သိလာလိမ့်မည်။ အပတ်စဉ်သင်၏ကိုယ်အလေးချိန်ကိုမှတ်တမ်းတင်ထားပါ။ ယခင်ထက်သင်ပိုမိုတိုးတက်လာဖို့ကူညီပေးနိုင်သကဲ့သို့အစပိုင်းတိုးတက်ပြီး နောက်ပိုင်းတိုးတက်မှုနည်းသွားခြင်းမျိုးကိုလည်းသင်အမြဲမပြတ်သိရှိနေလိမ့်မည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement