backup og meta

ကိုယ်အလေးချိန်လျော့ကျစေရန် ပြေးခြင်းတစ်ခုတည်းဖြင့် မလုံလောက်ပါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန်လျော့ကျစေရန် ပြေးခြင်းတစ်ခုတည်းဖြင့် မလုံလောက်ပါ

    လွန်ခဲ့သောလအနည်းငယ်ကစ၍ အပြေးအားကစားသင်ပြုလုပ်ခဲ့သော်လည်းရလဒ်မှာသင်ထင်သလောက် မကောင်းသည်မျိုးဖြစ်တတ်သည်။ အဘယ်ကြောင့်နည်း။ ပြေးခြင်းဖြင့် ကယ်လိုရီများစွာလောင်ကျွမ်းစေနိုင်သည် မှန်သော်လည်းကိုယ်အလေးချိန်မကျရခြင်းအခြားအကြောင်းအရင်းများစွာရှိပါသေးသည်။

    (၁)ပြေးလွှားပြီးချိန်အလွန်အမင်းစားခြင်း

    ပြေးလွှားခြင်းဖြင့် ကယ်လိုရီများစွာလောင်ကျွမ်းသွားသည့်အတွက် ပြေးပြီးသောအခါ သင်ဆာလောင်ပေလိမ့်မည်။ အလွယ်ရရှိနိုင်သောသရေစာများသည် ကယ်လိုရီများစွာပါဝင်သည့်အပြင် ဗိုက်မပြည့်စေနိုင်သည့်အတွက် မကြာခင်ဆာလောင်မှုကိုပြန်ဖြစ်စေမည်။ သင့်အနေဖြင့် ပြေးပြီးသောအခါ အသားဓါတ်နှင့် ကာဘိုဟိုက်ဒရိုက် တု့ိပါဝင်သောကယ်လိုရီ ၁၅၀ ထက်မကျော်သည့် အစားအစာကိုရွေးချယ်သင့်သည်။ အစားမစားခင်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကောင်းသောအမူအကျင့်တော့ဖြစ်ပါသည်။ သင့်အနေဖြင့် ပင်ပန်းခဲ့သမျှအတွက် များများပြန်စားရမည်ဟုမတွေးသင့်ပါ။ လေ့ကျင့်ခန်းပြုလုပ်ပြီးသည့်အခါ ဆာလောင်တတ်သောအကျင့်ရှိလျှင် လေ့ကျင့်ခန်းမလုပ်မီတည်းကအဆာပြေစာစားပေးပါ။

    (၂)လုံလောက်သည့်ပမာဏထိမပြေးခြင်း

    ပုံမှန်ပြေးခြင်းပြုလုပ်ပါလျက် မျှောင့်လင့်ထားသလို ဖြစ်မလာလျှင် သင့်လေ့ကျင့်ခန်းများကို ပြက္ခဒိန်တွင်ပြန်ကြည့်ပါ။ တစ်ခါပြေးလျှင် ၄၅ မိနစ် (သို့မဟုတ်) မိနစ် ၂၀ စီ ၂ ကြိမ်ပြေးရုံဖြင့် ကယ်လိုရီများလောင်ကျွမ်းပြီးကိုယ်အလေးချိန်ကျရန်မှာမဖြစ်နိုင်ပါ။ တစ်ပတ်လျှင် ကိုယ်အလေးချိန် ၁ ပေါင်ကျရန် ၁ နေ့လျှင် ကယ်လိုရီ ၅၀၀ ခန့် လောင်ကျွမ်းဖို့လိုသည်။ လေ့ကျင့်ခန်းနှင့်အစားအစာကိုတွဲဖက်ကျင့်သုံးရမည်။ ပြေးခြင်းဖြင့် ကိုယ်အလေးချိန်ကျလိုခြင်းကသင့်ရည်မှန်းချက်ဆိုလျှင် တစ်ပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ် ပြေးရမည့်အပြင် အခြားသောကယ်လိုရီလောင်ကျွမ်းခြင်းကို ဖြစ်စေသောအလေးမခြင်းကဲ့သို့သောခွန်အားနှင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိပေးသောလေ့ကျင့်မှုများကိုပါ တွဲဖက်လုပ်ဆောင်ရမည်။

    (၃)သင်ထင်သလောက် ကယ်လိုရီမလောင်ကျွမ်းခြင်း

    ပြေးပြီးသောအခါ ချွေးထွက်သည့်အတွက် သင့်အနေဖြင့်ကယ်လိုရီ ၅၀၀ ခန့်လောင်ကျွမ်းပြီးဟုထင်မြင်ယူဆမိနိုင်သည်။ ပေါင် ၁၅၀ ရှိသောအမျိုးသမီးသည် ၁ မိုင်ကို ၁၀ မိနစ်နှုန်းဖြင့် ပြေးလွှားနိုင်သည်ဆိုလျှင်တောင် ၄၅ မိနစ်ခန့် ပြေးပြီးပါက ၄၉၅ ကယ်လိုရီသာလောင်ကျွမ်းနိုင်သည်။ ထိုပမာဏလောက်မြန်မြန်နှင့် ခရီးရှည်မပြေးနိုင်ပါကသင်တွေးထင်ထားသကဲ့သို့ ကယ်လိုရီလောင်ကျွမ်းမှု မဖြစ်နိုင်ပါ။ သင့်လေ့ကျင့်မှုကိုသင်အကဲဖြတ်ရန် နှလုံးခုန်နှုန်းတိုင်းတာစက် (သို့မဟုတ်) မိမိဘာသာနှလုံးခုန်နှုန်းတိုင်းခြင်းမျိုး ပြုလုပ်နိုင်သည်။

    (၄) နေ့စဉ် ပုံမှန် လေ့ကျင့်ပါ

    သင့်ပတ်ဝန်းကျင်တွင် ၃ မိုင်မျှထိပြေးနိုင်လျှင် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကျင့်သားရလာပေမည်။ သို့သော် ထိုအတိုင်းဆက်လက်လေ့ကျင့်ဖြစ်နေဖို့သည် အရေးကြီးသည်။ သင်၏ကြွက်သားများကကျင့်သားရလာမှသာကိုယ်အလေးချိန်လျှော့ချခြင်းအဆင့်ကိုပုံမှန်လေ့ကျင့်ရန်အောင်မြင်နိုင်မည်ဖြစ်သည်။ အရေးကြီးသည်မှာပုံမှန်လေ့ကျင့်မှုတွင် တောင်ဆင်းတောင်တက်ခြင်းများ ၊ ပြေးလမ်းအတိုအရှည်လိုသလိုပြုမူခြင်းများကိုမပြုလုပ်ဘဲမိမိပြုလုပ်နေကျလေ့ကျင့်ခန်းကိုသာဆက်လက်၍ ပုံမှန်လေ့ကျင့်ဖြစ်နေဖို့ဖြစ်သည်။ ထို့ပြင် အထက်တွင်ဖော်ပြပြီးသကဲ့သို့ ပြေးခြင်းတစ်ခုတည်းသာမကကယ်လိုရီလောင်ကျွမ်းမှုကိုအားပေးသောအခြားလေ့ကျင့်ခန်းများကိုပါ တွဲဖက်ကစားသင့်သည်။

    (၅)ကိန်းဂဏန်းများကိုသာမကြည့်ပါနှင့်

    ပြေးခြင်းသည်ခန္ဓါကိုယ်အောက်ပိုင်းကိုသန်မာစေသည့်အပြင် အဆီကိုလျှော့ချရန် ကြွက်သားကိုတည်ဆောက်ပေးသည်။ ကြွက်သားသည် အဆီထက်ပိုမိုကျစ်လျစ်သဖြင့် နေရာအနည်းငယ်သာယူပါသည်။ ဆိုလိုသည်မှာသင့်အနေဖြင့် ကိုယ်အလေးချိန် မလျှော့ကျခဲ့လျှင် (သို့မဟုတ်) အနည်းငယ်တက်လာလျှင်တောင် မှ အခြားသောသင်၏ခါးဆိုဒ် ၊ အတွင်းခံဆိုဒ် နှင့် ကိုယ်လုံးကိုယ်ထည်တို့မှာသိသာစွာပြောင်းလဲလာနိုင်သည်။ သင်၏တိုးတက်မှုကိုအကဲဖြတ်ရန် ကိန်းဂဏန်းတစ်ခုတည်းကိုမကြည့်သင့်ပါ။ ကိုယ်အလေးချိန် သိသာစွာမကျသော်လည်းသင်အရင်ကဝတ်ချင်ခဲ့သော်လည်း မဝတ်ခဲ့ရသည့် ဘောင်းဘီအကျပ်မျိုးကို ဝတ်ဆင်၍ရနိုင်လာခြင်းမျိုးလည်းရှိလာနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement