backup og meta

အစားအသောက် နှင့် အပြေးလေ့ကျင့်ခန်း

အစားအသောက် နှင့် အပြေးလေ့ကျင့်ခန်း

အစာစားပြီး ပြေးဖူးပါသလား။ ဗိုက်ဆာတဲ့အခါ သင့်ကိုယ့်ကို ဘယ်လိုပြန်ဖြည့်တင်းပါသလဲ။ လိုအပ်နေတဲ့စွမ်းအင်တွေကို ဘယ်ကရနိုင်မလဲ။ ဗိုက်အပြည့်နဲ့ ပြေးတဲ့အခါ ခံစားရတာတွေကို တစ်ယောက်ယောက်ပြောပြတာမျိုးရော ကြားဖူးပါသလား။ ဗိုက်အပြည့်နဲ့ပြေးမယ်ဆိုရင် သင်ပြေးမယ့်ပုံစံမှားနေပါပြီ။

တကယ်တော့ အစာစားပြီးပြေးပြေး မစားခင်ပဲပြေးပြေး မပြေးခင်စားသုံးရမယ့် Diet ကိုတော့ ချင့်ချိန်ဖို့လိုအပ်ပါတယ်။ ပြေးပြီးနောက် စားသုံးရမယ့် Diet ကိုလဲ ချင့်ချိန်ရမှာ ဟုတ်ပါတယ်။ ဒီတော့ အောက်ကိုဆက်ဖတ်ကြည့်ပါဦး။

မပြေးခင်

ပုဇွန်၊ ကြက်သား၊ ဝက်သားတို့ကို အပြတ်တွယ်လိုက်ရရင် သိပ်ကို အားရစရာကောင်းပါတယ်။ ပြီးတာနဲ့ သင်ပြေးတော့မယ်ဆိုပါတော့။ ဒီလိုဆို အကြံဉာဏ်ကောင်းတစ်ခု မဟုတ်ဘူးနော်။ အကြံဉာဏ်ကောင်းဆိုတာ မပြေးခင်လဲ ဗိုက်ဆာမနေသင့်သလို့ အသားအပြည့် ဗိုက်ထဲဖြည့်သွားဖို့လဲ မလိုပါဘူး။ အဲ့ဒီလိုပဲ အစာစားပြီး ပြေးလိုက်မယ်ဆိုရင် ဗိုက်ထဲအောင့်တာလိုလို နံကြားထဲအောင့်တာလိုလို ဖြစ်လာနိုင်ပါတယ်။ သင့်အစာအိမ်ကို မသက်မသာမဖြစ်စေဖို့ရန်အတွက် ပေါ့ပေါ့ပါးပါးကိုသာ စားပေးရမည်ကို သတိရပါ။ အဆီများတဲ့အစာတွေကိုတော့ မစားသင့်ပါဘူး။

ကာဗိုဟိုက်ဒြိုက်ပါတဲ့ မုန့်တွေက ပြေးတဲ့အခါ စွမ်းအင်ထုတ်ပေးနိုင်တာမို့ အကောင်းဆုံးပါပဲ။ ဒါတွေအပြင် မပြေးခင် စားသုံးနိုင်မယ့် မီနူးကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပူတင်း၊ ဗီတာမင်စီပါတဲ့ လိမ္မော်သီး၊ နှံစားသီးနှံ၊ အုတ်ဂျုံ၊ ခါကြက်ဥ ဒါမှမဟုတ် နို့ကော်ဖီတစ်ခွက်လောက် သောက်လို့ရပါတယ်။ အာရုံစိုက်ကောင်းချင်ရင်တော့ ကော်ဖီပေါ့။ ဒါတွေက ညွှန်ထားတဲ့ အစားအစာတစ်ချို့သာရှိပါသေးတယ်။ တစ်ဦးနဲ့တစ်ဦး စားသောက်ဖို့လိုအပ်ပုံချင်းကလဲ မတူနိုင်ပါဘူး။ မှတ်ထားရမှာ တစ်ခုပဲရှိပါတယ်။ ရိုးရှင်းတာမျိုးသာစားပါ။ ပေါ့ပေါ့ပါးပါးပဲစားပါ။ ဗိုက်ဗလာနဲ့ ပြေးတယ်ဆိုတာ မိနစ် ၃၀ လောက်ပဲ ပြေးနိုင်တာပါ။ တစ်နာရီထက်ပိုပြေးမယ်ဆိုရင်တော့ နည်းနည်းလောက် စားထားတာက ပိုအသုံးဝင်ပါလိမ့်မယ်။

ပြေးပြီးနောက်

ယခုဆို သင်ဗိုက်အတော်ဆာနေလောက်ပါပြီ။ တကယ့်ဗိုက်တာမျိုးမဟုတ်တောင်မှ ပြေးနေတုန်း သုံးလိုက်ရတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်တင်းရတော့မှာပါပဲ။ ဒီလိုဆိုပြီးတော့ ပေါက်ကရသွပ်လို့မရသလို သင်စားချင်တာတွေ လျှောက်စားလို့မရပါဘူး။ ဒီလိုစားလိုက်တာနဲ့ သင်ပြေးထားတာတွေ အလကားဖြစ်သွားမှာပေါ့။ သွေးအေးအောင်လုပ်ပြီးနောက် တစ်နာရီအတွင်း အစာစားတာ အကောင်းဆုံးဖြစ်ပါတယ်။

ထို့အပြင် မနက်စာဆိုတာက နေ့တစ်နေမှာ အကောင်းဆုံးစားသောက်ရမယ့် အစာလဲဖြစ်ပါတယ်။ ဒီတော့ သင့်စိတ်ကူးထဲမှာ ကယ်လိုရီတွေရော ကာဗိုဟိုက်ဒြိုက်တွေရော ပရိုတင်းတွေရော ပလုံစီနေမှာပါ။ မီနူးမှာလဲ ကြက်ဥတွေ၊ ပန်ကိတ်တွေ၊ ဆန်းဝှစ်တွေ ဒါမှမဟုတ် ကျန်းမာရေးနဲ့ ညီညွှတ်သမျှ အားလုံးကိုထည့်စဉ်စားလိုက်ရင် သွားရေယိုချင်စရာချည်းပါပဲ။

တစ်ခါတစ်လေ KFC တို့ Lotteria တို့ကိုလဲ မျက်စောင်းထိုးချင်တတ်ပါတယ်။ ဒီလိုစားလိုက်မိရင်တော့ ပါသမျှအဆီတွေအတွက် လေ့ကျင့်ခန်း ပိုလုပ်ရတော့မှာပါ။ ဒါပေမယ့်လဲ အနည်းအကျဉ်းတော့ စားပေးနိုင်ပါတယ်။ တစ်လမှာ တစ်ခါလောက်တော့ ကိုယ်စားချင်တာလွှတ်ပြီး စားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်စီစဉ်ထားတဲ့ပလန်ကိုလဲ သတိရပေးပါ။ အဓိကက သင်နဲ့အသင့်တော်ဆုံးဖြစ်မယ့် Diet ကို မပြေးခင်ရော ပြေးပြီးပါ မျှမျှတတစားရမှာပဲဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

6 Rules for Eating Right as a Runner”
http://www.runnersworld.com/start-running/6-rules-for-eating-right-as-a-runner/slide/5

“What to eat before and after a run”
http://www.runontexas.com/news/what-eat-after-run

“What to Eat Before a Run”
http://www.active.com/food-and-nutrition/articles/what-to-eat-before-a-run

“What to Eat Before and After Your Morning Run”
http://www.active.com/nutrition/articles/what-to-eat-before-and-after-your-morning-run

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement