backup og meta

ခုခံတဲ့လေ့ကျင့်ခန်းပြုလုပ်စဉ် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခုခံတဲ့လေ့ကျင့်ခန်းပြုလုပ်စဉ် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

    အခုပြောမှာကို သင်အပြင်မှာ မြင်ဖူးပြီးသားဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် သတိမထားမိပဲ သင်ကိုယ်တိုင် လုပ်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ လေ့ကျင့်နေစဉ် ကိုယ်နေဟန်ထားမှားယွင်းခြင်းပါပဲ။ ခုခံတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားကို ပိုမိုသန်မာစေပေမယ့် သင့်ပုံစံဟာ လျော့တိလျော့ရဲဖြစ်နေမယ်ဆိုရင် လေ့ကျင့်ခန်းက အကျိုးအပြည့်အဝမရနိုင်ပဲ ဒဏ်ရာရရှိမှုပါ ဖြစ်နိုင်ပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ပြီး သင့်တော်တဲ့ ကြွက်သားတွေကို ပစ်မှတ်ထားလေ့ကျင့်မှသာ လေ့ကျင့်ခန်းလုပ်ပြီး လိုချင်တဲ့အရာတွေကို ရနိုင်မှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ဘာလို့ ကိုယ်နေဟန်ထားကို အလေးထားသင့်လဲဆိုတာ ဖေါ်ပြထားတာတွေပဲဖြစ်ပါတယ်။

    ပိုမိုကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံစံရှိခြင်း

    ရာဇဝင်ထဲမှာ စွမ်းအားကြီးတဲ့လူအကုန်လုံးဟာ သူတို့ရဲ့ဓါတ်ပုံကိုကြည့်လိုက်ရင် ကိုယ်နေဟန်ထား ဆင်တူကြပါတယ်။ နောက်ကျောကို မတ်မတ်ရပ်တယ်၊ ပုခုံးကားတယ်၊ မေးစေ့ကိုမော့ထားကြပါတယ်။ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ ယုံကြည်မှုနဲ့ အားအင်ကို ဆောင်ကျဉ်းပေးပါတယ်။ တကယ်တော့ မကြာသေးမီက လေ့လာမှုတစ်ခုက လူတွေရှေ့မှာ စကားပြောတဲ့လူအချို့ဟာ စကားမပြောခင် စူပါမန်းပုံစံကို စက္ကန့်အနည်းငယ်လောက် လုပ်လိုက်ရင် ပိုပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရတယ်လို့ ဆိုပါတယ်။

    ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်ပေးပါတယ်။

    ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်ပေးခြင်းဟာ ဘာလို့ကိုယ်နေဟန်ထားမှန်အောင် နေသင့်လဲဆိုတာရဲ့ အရေးကြီးတဲ့ အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်။ သင်ဟာ အလွန်လေးတဲ့အရာတွေကိုမ မယ်ဆိုရင် သင့်ကိုယ်ခန္ဓါဟာ ဖြောင့်တန်းမှုလွဲနိုင်ပြီးတော့ အဆစ်တွေလဲ လွဲနိုင်ပါတယ်။ ကြွက်သားတွေနဲ့ အရွတ်တွေဟာလည်း ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်နဲ့ ကိုယ်နေဟန်ထားကိုသာ ရွေးရမယ်ဆိုရင် ကိုယ်နေဟန်ထားကိုသာရွေးပါ။ ပုံသဏ္ဍာန်မှန်ကန်စွာနဲ့ ပေါ့တဲ့အရာတွေကို မခြင်းဟာ ပုံသဏ္ဍာန်မမှန်ပဲ မပြီး ဒဏ်ရာရခြင်းထက် ပိုကောင်းပါတယ်။

    ကောင်းမွန်တဲ့ အသက်ရှူနည်း

    ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ အသက်ရှူခြင်းကို အထောက်အကူပေးပါတယ်။ သင့်လျော်တဲ့ အသက်ရှူနည်းဟာ သင့်ကို အားအင်ပိုရှိစေပြီးတော့ နှလုံးရောဂါ၊ aneurysms၊ သွေးတိုးရောဂါတို့ကို ကာကွယ်ပေးပါတယ်။ တကယ်လို့မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ အသက်ရှူခြင်းတွေသာ ရှိမယ်ဆိုရင် အလေးတွေကို ပိုမို လွယ်ကူစွာ မနိုင်ပါလိမ့်မယ်။

    ကျန်းမာတဲ့ ကျောရိုးမ

    လူအများစုဟာ တစ်နေကုန် ကုန်းနေတဲ့အတွက် ခါးနာတတ်ကြပါတယ်။ ဒါဟာ ကျောရိုးမကို သင့်ကိုယ်နေဟန်ထားက ဘယ်လိုလွှမ်းမိုးလဲဆိုတာ ပြပါတယ်။ ကျန်းမာတဲ့ ကျောရိုးမဟာ နောက်ကျောကို ကောင်းမွန်စွာ ထောက်ပံ့ပေးပြီး သူဟာ တစ်နေကုန်ရုံးမှာထိုင်နေ (သို့) မတ်တပ်ရပ်နေရတဲ့သူတွေအတွက် အရေးကြီးပါတယ်။

    သွေးလှည့်ပတ်မှု (သို့) အစာခြေမှုကို တိုးတက်စေခြင်း

    ကိုယ်နေဟန်ထား မှန်ကန်ခြင်းဟာ အစာခြေစနစ်ကိုလည်း သူ့နေရာမှာ သူနေစေပါတယ်။ ကုန်းနေမယ်ဆိုရင် ကိုယ်ခန္ဓါအတွင်းက အင်္ဂါအစိတ်အပိုင်းတွေမှာ ဖိအားသက်ရောက်စေပြီး သွေးလှည့်ပတ်မှုကို တားမြစ်ပါတယ်။

    သင့်ကို ပိန်ပြီး ငယ်တယ်လို့ ထင်ရစေပါတယ်။

    အားကစားရုံထဲကို ဝင်သွားပြီး ကျန်းမာပြီး Fit ဖြစ်တဲ့ လူတွေနဲ့တွေ့ပြီဆိုရင် သင်ဟာလည်း သူတို့နဲ့ နေသားတကျဖြစ်ချင်ပြီးတော့ ဝိတ်ကျချင်လာပါလိမ့်မယ်။ ကိုယ်နေဟန်မှန်ခြင်းဟာ ကိုယ်အလေးချိန်ကို ကီလိုအနည်းငယ် ရုတ်တရက် ကျဆင်းစေနိုင်ပြီး ကောက်ကြောင်းပိုမို ပေါ်လွင်စေနိုင်ပါတယ်။ သင်ဟာ ပိုပြီး ပိန်လာမယ်။ ငယ်လာမယ်။ ပိုပြီး fit ဖြစ်လာပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement