backup og meta

စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

    စနေ၊တနင်္ဂနွေတော့ရောက်လာပါရဲ့၊တပတ်လုံးပင်ပန်းနွမ်းနယ်ထားပြီးစာမေးပွဲ၊ရုံးအလုပ်၊ပရောဂျက်အပြီးလုပ်ရမယ့်အလုပ်တွေကလည်းနှိပ်စက်နေတဲ့အတွက်စိုးရိမ်ပူပန်မှုတွေကလည်းရှိနေပါသေးတယ်။ ထိုအချိန်မျိုးမှာသင့်မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ်တာမျိုး ဖြစ်ဖူးပါသလား။ အရေပြားပြဿနာတွေနဲ့စိုးရိမ်ပူပန်မှုတွေဟာတပြိုင်တည်းလိုလိုပေါ်လာတတ်တယ်ဆိုတာ (သို့) ဝက်ခြံတွေဟာသင့်ပြဿနာတွေရဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။

    အရေပြားရောဂါဆိုင်ရာပါမောက္ခတဦးရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာဝက်ခြံအသစ်ထွက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းတော့မရှိဘဲသူတို့ဟာရှိပြီးသားအရေပြားပြဿနာတွေကိုပိုဆိုးစေတာလို့ဆိုပါတယ်။ ဒါ့အပြင်ကျောင်းသားတွေအနေနဲ့စာမေးပွဲရက်တွေအတွင်းမှာဝက်ခြံပြဿနာကနေထွက်ပြေးဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာနဲ့ဒီပြဿနာတွေဟာ နွေရာသီကျောင်းပိတ်ရက်လိုမျိုးဖိအားမရှိတဲ့အချိန်တွေမှာထက်ပိုပြီးဆိုးတယ်လို့သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရသိရပါတယ်။ စိတ်ဖိစီးမှုများနေချိန်မှာသူတို့ရဲ့ဆဲလ်တွေဟာ sebum လို့ခေါ်တဲ့အဆီတွေကိုပုံမှန်ထက်ပိုထုတ်လေ့ရှိပါတယ်။ အလုပ်၊အိမ်ထောင်ရေး၊စီးပွားရေးနဲ့ပညာရေးအဆင်မပြေမှုတွေကကာလရှည်စိတ်ဖိစီးမှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်အက်ဒရီနယ်ဂလင်းကိုပါသွားဆွနိုင်ပြီးအဆိုပါဂလင်းကထုတ်ပေးတဲ့ဟော်မုန်းတွေဟာအဆီထုတ်တဲ့ဂလင်းတွေအပေါ်သက်ရောက်မှုရှိပါတယ်။ ဒီအဆီတွေဟာအရေပြားဆဲလ်သေတွေ၊ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်လာစေပါတယ်။

    ဒါ့အပြင်စိတ်ဖိစီးမှုတွေများခြင်းဟာသွေးပေါင်တက်စေပြီးသွေးကြောတွေကိုကျယ်လာစေတာကြောင့်အရေပြားနီရဲရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာအစာအာဟာရဓါတ်တွေစုပ်ယူမှုကိုလျော့နည်းသွားစေတာကြောင့်ကိုယ်ခံအားစနစ်အားနည်းပြီးဝက်ခြံပျောက်ဖို့အချိန်ကြာစေပါတယ်။

    ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့စိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချဖို့ပဲ ဖြစ်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ယောဂ၊အပြေး၊အားကစားလုပ်၊အားကစားခန်းမမှာကစားစသည်)။

  • ကဖင်းဓါတ်နဲ့သကြားဓါတ်တွေလျှော့စားခြင်း။
  • အသီးအနှံတွေနဲ့အမျှင်ဓါတ်ပါသောဟင်းသီးဟင်းရွက်တွေများများစားခြင်း။
  • အသားအရေထိန်းသိမ်းခြင်း။
  • အိပ်ရေးဝဝအိပ်ခြင်း (တစ်ညကို၇-၈နာရီလောက်အိပ်ရပါမယ်)။ ဝက်ခြံဆိုတာဒီနေ့ကုမနက်ဖြန်ပျောက်ဆိုတဲ့အမျိုးတော့မဟုတ်ပါဘူး။ အခြေအနေဆိုးတဲ့လူနာတွေမှာဆိုရင်retinoids၊ပဋိဇီဝပိုးသတ်ဆေးနဲ့တခြားဆေးတွေသုံးပြီးကုသဖို့လည်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒါကြောင့်သင့်အနေနဲ့စိတ်ဖိစီးမှုတွေနည်းနိုင်သမျှနည်းအောင်နေထိုင်ရမှာဖြစ်ပြီးဝက်ခြံတွေစထွက်လာပြီဆိုရင်လည်းစိတ်ဖိစီးမှုတွေကိုအမြန်ဆုံးလျှော့ချနိုင်ဖို့ရာအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement