backup og meta

လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

လေထုညစ်ညမ်းမှု (Air Pollution) ဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာအများအပြားကို ဖန်တီးနိုင်ပါတယ်။ လူတွေရဲ့ စည်းကမ်းမမှုရှိမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အလေးမထားမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ Air Pollution ဟာ လူသားတွေကို ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတွေ ပြန်လည်ဖြစ်ပေါ်စေပါတယ်။

အခြေခံအားဖြင့် သိနားလည်ထားတာက Air Pollution နာတာရှည်အဆုတ်ရော၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ နမိုးနီးယား၊ ရင်ကျပ်၊ ကိုယ်ဝန်ထိခိုက်တာ၊ လေဖြတ်ဝေဒနာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။

ဒါပေမယ့် ခုအမေရိကန် ဆေးသိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်မှာတော့ လေထုညစ်ညမ်းမှုဟာ နောက်ထပ် ကျန်းမာရေးပြဿနာတစ်ခုရဲ့ အကြောင်းခံ အရင်းအမြစ်တစ်ခုဖြစ်နေတာကို သိရှိလာရပါတယ်။

ပါကင်ဆန်ဝေဒနာ

အဲ့ဒါကတော့ ပါကင်ဆန်ရောဂါပါပဲ။ ပါကင်ဆန်ရောဂါ (Parkinson’s disease) ဆိုတာက ဦးနှောက်အတွင်းမှာ Dopamine လို့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးတဲ့ အာရုံကြောဆဲလ်တွေ ထိခိုက်ခံရတဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။

Dopamine နည်းလာတာနဲ့အမျှ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုတွေ၊ စိတ်နဲ့ကိုယ် ညီညွတ်မျှတအောင်ထိန်းချုပ်တာတွေမှာ အဆင်မပြေဖြစ်လာတတ်ပါတယ်။

ပါကင်ဆန်ဝေဒနာဟာ များသောအားဖြင့် မျိုးရိုးဗီဇ၊ အဆိပ်တွေ၊ ဦးနှောက်ဆဲလ်ထဲတွင် Lewy Bodies နဲ့ A-synuclein ဆိုသောအရာတွေရှိနေတာနဲ့ အခြားပတ်ဝန်းကျင် အခြေအနေတွေကြောင့်ဖြစ်တတ်ပါတယ်။

ပါကင်ဆန်ရောဂါဖြစ်တဲ့အခါ ကြွက်သားတွေ တောင့်တင်းလာတာ၊ တုန်ယင်လာတာ၊ စကားပြောဆိုတာနဲ့ လမ်းလျှောက်ရာမှာ ပြောင်းလဲလာတာတွေဖြစ်လာမှာဖြစ်ပါတယ်။ ပါကင်ဆန်ရောဂါဟာ ကိုယ်လက်လှုပ်ရှားမှုတွေကို ထိခိုက်စေနိုင်တဲ့အတွက် ကိုယ်၊ စိတ်နှစ်ပါးအပြင် လိင်မှုဘဝကိုပါ ထိခိုက်စေနိုင်ပါတယ်။

Toxicological Sciences ဆေးပညာဆိုင်ရာ ဂျာနယ်ရဲ့ ဖော်ပြချက်အရဆိုရင် လေထုညစ်ညမ်းမှုဟာ ပါကင်ဆန်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။

ပါကင်ဆန်နဲ့ လေထုညစ်ညမ်းမှု

ကာလီဖိုးနီးယားတက္ကသိုလ်၊ လော့စ်အိန်ဂျယ်လိစ် (UCLA) က ပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရဆိုရင် ဒီဇယ်ပါဝင်တဲ့ လေထုညစ်ညမ်းမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဓာတုဗေဒအမှုန်အမွှားတွေဟာ ဦးနှောက်ကို ထိခိုက်ပျက်စီးစေတဲ့ ပရိုတိန်းတစ်မျိုးကို ထုတ်လုပ်နိုင်ပါတယ်တဲ့။

အဆိုပါ ပရိုတိန်းကို Alpha-synuclein လို့ ခေါ်ဆိုပြီး ပါကင်ဆန်ဝေဒနာဖြစ်စေနိုင်တဲ့ အဆိပ်အတောက်တွေကို ဖန်တီးပေးနိုင်တဲ့အရာလို့ဆိုပါတယ်။

လေထုညစ်ညမ်းတယ်ဆိုတာ ကိုယ်ရှူတဲ့လေထဲမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေပါနေတာကို ဆိုလိုတာပါ။ WHO ရဲ့ ဆိုထားချက်အရ ကမ္ဘာပေါ်မှာ လူ ၁၀ ယောက်မှာ ၉ ယောက်နှုန်းဟာ မသန့်ရှင်းတဲ့လေတွေကို ရှူရှိူက်နေရတယ်လို့ ဆိုပါတယ်။

လေထုကို အများဆုံးညစ်ညမ်းစေတဲ့အရာတွေကတော့ ကျောက်မီးသွေး၊ ရေနံတို့ကြောင့်ဖြစ်တဲ့ ဇီဝလောင်စာလောင်ကျွမ်းမှုတွေ၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းတွေ၊ စက်ရုံတွေ၊ မိုင်းတွင်းလုပ်ငန်းတွေ၊ အိမ်တွင်းလေထုညစ်ညမ်းတွေကြောင့်ပါပဲ။

UCLA ရဲ့ အဆိုအရ လေထုညစ်ညမ်းတဲ့အရပ်ဒေသတွေမှာ နေထိုင်သူတွေဟာ ပါကင်ဆန်ရောဂါဖြစ်ပွားဖို့ အလားအလာပိုမြင့်မားလွန်းနေတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် ယာဉ်ကျောပိတ်ဆို့မှုနဲ့သက်ဆိုင်တဲ့ လေထုညစ်ညမ်းမှုမျိုးတွေဟာ ပါကင်ဆန်ရောဂါပိုဖြစ်နိုင်စေတယ်လို့ ဆိုထားတာပါ။

လေထုညစ်ညမ်းမှုကို ရှောင်ကျဉ်ပါ

ပါကင်ဆန်ဝေဒနာဟာ ယျေဘုယျအားဖြင့် အသက် ၆၀ အထက် လူကြီးတွေမှာ ဖြစ်နိုင်ချေပိုမြင့်မားပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။

ဒီရောဂါကိုကာကွယ်ဖို့ဆိုရင် လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှ ရှောင်ကျဉ်နိုင်ဖို့ လိုအပ်ပါတယ်။ လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက်ဆိုရင်

  • တစ်နေရာနဲ့ တစ်နေရာ သွားလာရာမှာ ဖြစ်နိုင်ရင် လမ်းလျှောက်တာ၊ စက်ဘီးစီးတာမျိုးကို ပိုမိုအသုံးပြုပါတာမျိုး၊
  • အများပြည်သူ ပို့ဆောင်ရေးစနစ်တွေကို ပိုမိုအသုံးပြုတာမျိုး၊
  • စွမ်းအင်ကို ချွေတာ သုံးစွဲတာမျိုး၊
  • Reduce၊ Reuse၊ Recycle စတဲ့ R သုံးလုံး စနစ်ကို လိုက်နာတာမျိုးတွေ ပိုမိုပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

နောက်ပြီး ကိုယ့်ကို အနီးကပ်ဒုက္ခပေးနိုင်တဲ့ အိမ်တွင်းလေထုညစ်ညမ်းမှု (Indoor Air Pollution) ရန်ကနေကာကွယ်နိုင်ဖို့ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ Indoor Air Pollution ရန်ကနေ ကာကွယ်ဖို့ဆိုရင်တော့

  • ပုံမှန်ချိန်တွေမှာ ပြတင်းတွေ၊ တံခါးတွေ ဖွင့်တာ၊
  • အိမ်ထဲမှာ ဆေးလိပ်သောက်တာကို တားမြစ်တာ၊
  • အိမ်မွေးတိရစ္ဆာန်တွေကို ပုံမှန်သန့်စင်ပေးတာ၊
  • လေစုပ် ပန်ကာသုံးတာ၊
  • ခြေသုတ်ခုံ ထားတာ၊
  • အိမ်မှာ အမွှေးခဲ ထားတဲ့အကျင့်ကို ရပ်တန့်တာ၊
  • မကြာခန ဖုန်စုပ်ပေးတာ၊
  • ကော်ဇောအသုံးပြုမှုကို လျှော့ချတာ၊
  • နေအိမ်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားတာမျိုးတွေပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://airqualitynews.com/2020/05/26/air-pollution-linked-to-parkinsons-disease/

https://www.nature.com/articles/srep44741

https://www.webmd.com/lung/news/20200325/covid-19-what-people-with-parkinsons-should-know#1

https://www.healthline.com/health/parkinsons-warning-signs

https://www.webmd.com/brain/news/20191125/can-air-pollution-take-a-toll-on-your-memory

https://www.ncbi.nlm.nih.gov/pmc/articles/PMC5089873/

ယခုပုံစံ

27/05/2022

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Wolff-Parkinson-White Syndrome (ဝုဖ်-ပါကင်ဆန်-ဝိုက် ဆင်ဒရုန်း )

လေထုညစ်ညမ်းမှု အန္တရာယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement