backup og meta

သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်တွင်အတက်ရောဂါရှိပါက ဘယ်လိုတက်တက်ကြွကြွနေထိုင်မလဲ။

    ယေဘုယျအားဖြင့်ဆိုရလျှင် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူတိုင်းအတွက်ကောင်းပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ကြံ့ခိုင်မှု ၊ စွမ်းအင်များနဲ့ စိတ်ဓါတ်အင်အားများကို တိုးမြှင့်ပေးပြီး စိတ်ဖိစီးမှုများကို သက်သာစေပါတယ် ။

    ဒါ့အပြင် အတက်ရောဂါများနဲ့တက်ခြင်းရဲ့ဆိုးကျိုးများမှသက်သာစေပြီး တစ်ကိုယ်လုံးရဲ့ကျန်းမာရေးကိုကောင်းစေပါတယ်။

    တက်ခြင်းနှင့် လေ့ကျင့်ခန်းများ ။

    လေ့လာမှုတွေအရ အတက်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်မှာတက်တာကို တွေ့ရခဲပါတယ် ။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ဦးနှောက်ထဲရှိ တက်စေတာကို ထိန်းချုပ်နိုင်ကြပါတယ် ။

    ဒါဟာ ဘာကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ EEG ပေါ်တွင် ပုံမမှ်ခြင်းများဟာသိသိသာသာလျော့နည်းလာပြီး တက်စေတာကို လျော့နည်းစေပါတယ် ။

    ခန္ဓါကိုယ်နှင့် စိတ်ဓါတ်ကြံ့ခိုင်မှုများဟာ တက်ခြင်းကို လျော့နည်းစေပါတယ် ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာသင့်ကိုနေထိုင်ကောင်းစေပြီး တက်ခြင်းကိုထိန်းချုပ်ရာတွင်တိုးတက်လာစေပါတယ် ။

    အလားတူပင် တက်ခြင်းရဲ့ဆိုးကျိုးများဖြစ်တဲ့ကြွက်သားများနာကျင်ခြင်း ၊ အိပ်ရေးပျက်ခြင်း ၊ စိတ်ဓါတ်ကျခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုများမှလည်း သက်သာစေပါတယ် ။

    လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့် ဖြစ်တတ်တဲ့ရောဂါတွေဖြစ်တဲ့ နှလုံးနှင့်သွေးလမ်းကြောင်းရောဂါများ ၊ ဆီးချိုသွေးချို နှင့် သွေးပေါင်တက်ခြင်းဟာ တက်ခြင်းကို အချိန်မရွေးပိုပြီးဆိုးဝါးစေပါတယ် ။

    လေ့ကျင့်ခန်းလုပ်ရာတွင်စိတ်ချရမည့် မှတ်စုများ။

    လေ့ကျင့်ခန်းမလုပ်ခင်တွင် စဉ်းစားသင့်တဲ့စိတ်ချရစေမယ့်အချက်အချိုရြှိပါတယ် ။

    – လေ့ကျင့်ခန်းအသစ်တွေမလုပ်ခင်မှာသင်ဟာဆရာဝန်ကိုအရင်တိုင်ပင်သင့်ပါတယ် ။

    – တက်ခြင်းကိုပိုဆိုးစေတဲ့အကြောင်းအရာများကို သိရှိနားလည်၍ ထိုအရာများမှရှောင်ကျဉ်ရပါမည် ။

    – ညွှန်ကြားထားတဲ့အတိုင်းဆေးကိုသောက်သုံးရပါမယ် ။

    – ရေများများသောက်ရန်လည်းသတိရနေပါစေ ။ သကြားပါတဲ့စားစရာ ၊သောက်စရာတွေကိုလည်းစားသုံးသင့်ပါတယ် ။

    – သင်ဟာ မူးကနဲမိုက်ကနဲဖြစ်ခြင်း ၊ ပျို့ချင်အန်ချင်ခြင်း သို့ရေဓါတ်ခန်းခြောက်နေသလိုမျိုးခံစားရလျှင် လေ့ကျင့်ခန်းလုပ်တာကိုရပ်ရပါမယ် ။

    – သင့်ကိုယ်သင် ဝန်မပိစေရန် သင်လုပ်နိင်တဲ့ပမာဏကိုသိရှိရပါမယ်။

    – ရေနှင့်ပတ်သတ်သောအားကစားနည်းများတွင်သင်ပါဝင်လျှင်နှဖူးအကာ ၊ ဒူးအကာ နှင့် အသက်ကယ်အင်္ကျီကဲ့သို့သောအကာအကွယ်ပေးသည့်ပစ္စည်းများကို ဝတ်ဆင်ရပါမယ် ။

    – အားကစားလုပ်ရန် ၊ ၊ လမ်းလျှောက်ရန် အပြင်သွားတဲ့အခါ မိသားစုဝင်များ သို့ သူငယ်ချင်းများကို သတိပေးသွားရပါမယ် ။

    ဘယ်လိုလေ့ကျင့်ခန်းမျိုးတွေသင်လုပ်နိုင်သလဲ။

    လူအများစုအတွက်အလွယ်ကူဆုံးနဲ့စိတ်အချရဆုံးကတော့ gym တစ်ခုတွင်ကစားခြင်း သို့အနှေးလမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ် ။ ယောဂ ၊ထိုက်ကျိ လေ့ကျင့်ခန်းများဟာလည်း လုပ်ရန်ကောင်းမွန်သင့်တော်ပါတယ် ။ သင်ဒါတွေကိုစိတ်မဝင်စားဘူးဆိုရင်တော့ ရေကူးခြင်း ၊ ကြက်တောင်ရိုက်ခြင်း ၊ ဘတ်စကတ်ဘောကစားခြင်းစတဲ့အခြားအရာများကို စဉ်းစားသင့်ပါတယ် ။

    သို့သော်ဆိုင်ကယ်စီးခြင်း၊ မြင်းစီးခြင်း ၊ ကိုယ်ကာယအလေးကစားခြင်း ၊ စကိတ်စီးခြင်း ၊ တစ်ယောက်တည်းရေကူးခြင်း ၊ ဒိုင်ဗင်ပစ်ခြင်း ၊ အမြင့်ခုန်ခြင်း ၊လက်ဝှေ့ထိုးခြင်းတို့ပြုလုပ်ချင်ပါက ဆရာဝန်ရဲ့အကြံဉာဏ်ကိုအရင်တောင်းရပါမယ် ။

    အတက်ရောဂါရှိခြင်းဟာ ဒီအားကစားတွေမှာမပါဝင်နိုင်တော့တာမဟုတ်ပါဘူး ။ တက်ခြင်းဟာထိနိးချုပ်ဖို့ခက်ခဲတယ်ဆိုတာသိလာတာနဲ့အမျှ ဘာကသင့်အတွက်အသင့်တော်ဆုံးလဲဆိုတာ သင်သိလာပါလိမ့်မယ် ။ သင်လုပ်ချင်တဲ့လေ့ကျင့်ခန်းတွေအတွက်ဆရာဝန်နဲ့တိုင်ပင်ရပါမယ် ။

    လုံလုံလောက်လောက်စီစဉ်မှုတွေ၊ ရှောင်ရန်ဆောင်ရန်တွေကိုသိထားပြီးရင်တော့ အားကစားတော်တော်များများမှာပါဝင်နိုင်ပါပြီ ။ သင့်သူငယ်ချင်းများ သို့ မိသားစုဝင်များနှင့် အတူတူရှိနေရင်တော့ ပိုကောင်းပါလိမ့်မယ် ။

    ဒါပေမယ့် သင်ဟာတစ်ယောက်တည်းရှိနေရင်တော့…

    သင်တက်တတ်တဲ့အကြောင်းကို သင့်ရဲ့နည်းပြ ၊ကစားဖော်တွေကိုပြောပြထားရပါမယ် ။

    သင်တက်တဲ့အခါမှာသူတို့ဘာလုပ်ရမလဲဆိုတာလည်းပြောပြထားရပါမယ် ။

    သင်အပြင်သွားတဲ့အခါ လိုအပ်တဲ့ဆေးဝါးများ သို့မဟုတ် ရှေးဦးပြုစုရန်ပစ္စည်းများကိုယူဆောင်သွားရပါမယ် ။

    Hello Health Grouop သည် ကျန်းမာရေးဆိုင်ရာအကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement