backup og meta

သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်တွင်အတက်ရောဂါရှိပါက ယဉ်မောင်းနှင်ရာတွင်လုံခြုံစိတ်ချရစေရန်

    အတက်ရောဂါရှိတဲ့သူတွေအတွက် မောင်းနှင်ရခြင်းသည် ခက်ခဲသောအလုပ်တစ်ခုဖြစ်ပါတယ် ။ တစ်ချို့လူနာများဆိုလျှင် တက်ခြင်းကိုထိန်းချုပ်နိုင်စွမ်းမရှိသည့်အတွက် ယာဉ်များမောင်းနှင်ခြင်းမှတားမြစ်ထားရပါတယ် ။ မောင်းနှင်ရာတွင်စိတ်ချရစေမည့်နည်းလမ်းများကိုလေ့လာခြင်းဖြင့် မောင်းနှင်ရာတွင်တက်ခြင်းမှကာကွယ်နိုင်ပါတယ် ။

    တက်ခြင်းနှင့်ယာဉ်များမောင်းနှင်နိုင်စွမ်းရှိခြင်း ။

    သင်တက်သောအခါတွင် သင့်ရဲ့မိမိကိုယ်ကိုထိန်းချုပ်နိုင်မှု တွေမရှိတော့ပါဘူး ။ အာရုံခံစားမှုနဲ့သင်ပြုမူတဲ့ပုံစံတွေဟာလည်းပြောင်းလဲသွားပါတယ်။

    ဒါမှမဟုတ်သင်ဟာ ရုတ်တရက်သတိမေ့သွားတဲ့အထိဖြစ်နိုင်ပါတယ် ။ ရလာဒ်အနေနဲ့ကတော့ ကားမောင်းနေစဉ်မှာတက်ခြင်းဟာ ကားကိုထိန်းချုပ်နိုင်မှုမရှိတော့ပဲ ယာဉ်တိုက်မှုတွေဖြစ်စေနိုင်ပါတယ် ။ သင်နဲ့အခြားလူများကိုပါ ထိခိုက်နာကျင်စေနိုင်ပါတယ် ။

    သင့်ရဲ့ယာဉ်များကိုမောင်းနှင်ရန်စွမ်းရည်ကတော့အောက်ပါအချက်များအပေါ်မှာမူတည်ပါတယ် ။

    – တက်စေတဲ့အကြောင်းအရင်း ။

    – သင်တက်သော ပုံစံအမျိုးအစား ။

    – လိုင်စင်ရပြီးသားကဲသို့သော ဥပဒေများ ။

    – သင့်ကိုသတိလက်လွတ်ဖြစ်စေတဲ့တက်ခြင်းမဖြစ်ပဲနေနိုင်သော အချိန်ပမာဏ ။

    သင်သိသင့်သော ယဉ်မောင်းရာတွင်အန္တရာယ်ကင်းစေမည့်နည်းများ ။

    သင့်မှာအတက်ရောဂါရှိတာကိုသိရတဲ့အခါမှာ သိသင့်သည်များကိုသိထားဖို့လိုအပ်ပါတယ် ။ ဒါကြောင့်သင်ဟာကားမောင်းလိုင်စင်ကိုဖြည့်တဲ့အခါတွင် အတက်ရောဂါရှိကြောင်း တင်ပြဖို့အရေးကြီးပါတယ် ။ ဒီလိုတင်ပြဖို့အတွက် ဆရာဝန်ဆီမှထောက်ခံစာတစ်စောင်လိုအပ်ပါတယ် ။

    မထိန်းချုပ်နိုင်တဲ့အတက်ရောဂါရှိတဲ့သူတွေဟာကားမောင်းတဲ့အခါ မတော်တဆဖြစ်ရန် အခွင့်အလမ်းများတာကြောင့် သင်ကားမောင်းနိုင် ၊ မမောင်းနိုင်ကြောင်း ဆရာဝန်ရဲ့အတည်ပြုချက်ရရှိဖို့လိုအပ်ပါတယ် ။ အခြေအနေပေါ်မူတည်၍ ၆ လ သို့ တစ်နှစ်ကြာပြီးတဲ့အခါမှာမောင်းနိုင်ပါတယ် ။

    အတက်ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်နေတဲ့လူတစ်ယောက်ဟာ ဆရာဝန်ဆေးကုသမှုပြောင်းလဲအပြီးမှာ အတက်ရောဂါပြန်လည်ရလာခဲ့ရင်တော့ ကားကိုဆက်မောင်းနိုင်မှာမဟုတ်ပါဘူး ။

    အထူးဂရုစိုက်ရန် ၊ သင့်ကိုယ်သင်ဂရုစိုက်ရန် ၊ ရုတ်တရက်တက်ခြင်းဖြစ်မဖြစ်စေရန် ၊ အိပ်ရေးဝဝအိပ်ရန် အထူးဂရုစိုက်ရပါမယ် ။ သင်ကိုယ်တိုင်ရောအခြားလူတွေကိုပါ အန္တရာယ်အရောက်စေရန် ဂရုစိုက်ရပါမယ် ။ ဖြစ်နိုင်မယ့်အကောင်းဆုံးအဖြေကတော့ ထိန်းချုပ်မှုအောက်တွင် တက်ခြင်းမျိုးပဲဖြစ်ပါတယ် ။

    ဒီလိုဖြစ်စေရန်ဆရာဝန်နဲ့တက်ခြင်းအကြောင်းကိုပွင့်ပွင့်လင်းလင်းဆွေးနွေး၍ မှန်ကန်သောကုသမှုရစေရန် ဆရာဝန်နဲ့အတူလုပ်ဆောင်ရပါမယ် ။

    ယာဉ်မောင်းခြင်းမှစွန့်လွှတ်လိုက်ရလျှင် ဘာလုပ်သင့်သလဲ။

    သင့်ရဲ့လိုင်စင်ပြန်ရနိုင်လောက်အောင် အချိန်အတန်ကြာ တက်ခြင်းမှကင်းဝေးနေတာတောင် ယာဉ်မောင်းခွင့်မရှိတော့လျှင် ..

    – သင့်မိသားစုများ ၊သူငယ်ချင်းများနှင့် စက်ဘီးစီးခြင်း ၊

    – taxi စီးခြင်း ၊

    – ဘက်စ်ကားများစီးခြင်း ၊

    – ရထားများ ၊မြေအောက်ရထားများစီးခြင်း ၊

    လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ် ။

    Hello health group သည် ကျန်းမာရေးဆိုင်ရာ အကြံပေးခြင်း ၊ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့ကို မပြုလုပ်ပေးပါ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement