အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 10, 2020 . 2 mins read
Share now

အရိုးနဲ့ ကြွက်သားစနစ်လို့ ပြောပေမယ့် ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။

အရိုး

အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။

  • ခန္ဓာကိုယ်ကို ထောက်ကန်ပေးတယ်။ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်အောင် ထိုင်နိုင်အောင် ကြွက်သားတွေ၊ အဆစ်တွေနဲ့ ပေါင်းပြီး ထောက်ကန်ပေးပါတယ်။
  • သတ္တုဓာတ်နဲ့ အဆီတွေ သိုလှောင်ပေးတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းက အရိုးမှာရှိပါတယ်။ ခန္ဓာကိုယ်နဲ့ သွေးထဲမှာ ကယ်ဆီယမ် ပမာဏကို ထိန်းထားနိုင်ဖို့ အရိုးက ကယ်ဆီယမ်ကို သိမ်းထားပေးပါတယ်။ ချဉ်ဆီဝါထဲမှာတော့ အဆီတွေကို သိမ်းထားပါတယ်။
  • သွေးဆဲလ်တွေ ထုတ်ပေးတယ်။ လူတွေသိထားတဲ့ ရိုးတွင်းချဉ်ဆီ (ချဉ်ဆီနီ)ကတော့ သွေးဆဲလ်တွေကို ထုတ်ပေးပါတယ်။
  • ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ ဥပမာ ဦးနှောက်ကို ဦးခေါင်းခွံရိုးက ကာထားသလို၊ နှလုံးနဲ့ အဆုတ်ကိုလည်း နံရိုးက ကာထားပါတယ်။

အရိုးတွေက အမေ့ဗိုက်ထဲက သန္ဓေသားဘဝ ကိုယ်ဝန် ၆ပတ်လောက်မှာတည်းက စပြီး ဖွံ့ဖြိုးလာပြီး ၂၅နှစ်လောက်မှ ရပ်သွားပါတယ်။ အရိုးက စစချင်းမှာ အရိုးနုအနေနဲ့ ရှိပါတယ်။ နောက်ပိုင်းကျမှ အရိုးအဖြစ်ကို တဖြည်းဖြည်း ပြောင်းလာတာပါ။ အရိုးဖြစ်လာတဲ့အခါ အရိုးရှည်တွေ (လက်မောင်း၊ လက်ဖျံ၊ ပေါင်ရိုး၊ ခြေသလုံးရိုး)မှာ epiphyseal plateလို့ ခေါ်တဲ့ အရိုးနုပြားလေးတွေ ပေါ်လာပြီး အဲ့ဒီကနေ အရပ်ဆက်ရှည်ပါတယ်။

အဆစ်

အရိုးနှစ်ခုကြားမှာ ချိတ်ပေးထားတာကို အဆစ်လို့ခေါ်ပါတယ်။ အဆစ်မရှိရင် ကွေးမရ ဆန့်မရနဲ့ တောင့်တောင့်ကြီး ဖြစ်နေမှာပါ။ အဆစ်လေးတွေက အရိုးရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ဘယ်လောက်ပဲ ကွေးလို့ရမယ်။ ဘယ်လောက်ပဲ ဆန့်လို့ရမယ် စသဖြင့်ပေါ့။ လှုပ်လို့ရလေလေ မခိုင်လေပါပဲ။

ဥပမာပြောရရင် ဦးခေါင်းခွံကအရိုးတွေက သိပ်လှုပ်လို့ မရပါဘူး။ ဒါပေမယ့် သိပ်ခိုင်ပါတယ်။ ဦးခေါင်းရိုးကြီး ပြုတ်ထွက်သွားတယ်ဆိုတာမျိုးကို မကြားရပါဘူး။ လက်မောင်းကျတော့ လွတ်လွတ်လပ်လပ် လှုပ်လို့ရပေမယ့် လက်မောင်းဆစ်လွဲသွားလို့ဆိုတာကတော့ ခဏခဏကြားနေရပါတယ်။

အရွတ်

အရွတ်က ကြွက်သားနဲ့ အရိုးနဲ့ကို ချိတ်ဆက်ပေးထားပါတယ်။

အရွတ်တွဲ (ligaments)

အရိုးအချင်းချင်း ဆက်ထားပေးပါတယ်။

ကြွက်သား

ကြွက်သားတွေက ၃မျိူးရှိပြီး ခုပြောမှာက အရိုးကြွက်သားလို့ ခေါ်တဲ့ skeletal muscleအမျိုးအစားပါ။ ကြွက်သားတွေက ကျုံ့လိုက်ရင် အရွတ်တွေကို ဆွဲလိုက်တာကြောင့် အရိုးပါ ပါလာပါတယ်။ ဒီနည်းနဲ့ လှုပ်ရှားတာပါ။ ဒါ့ပြင် ကြွက်သားတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံစံကို ထိန်းပေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

အာရုံကြော

အာရုံကြောတွေက ကြွက်သားတွေရဲ့ ကျုံ့ဆန့်မှုကို ထိန်းချုပ်ပေးတယ်။ အာရုံခံမှုတွေကို အဓိပ္ပာယ်ဖော်ပေးတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။

အရိုးနု

အရိုးနုက တွယ်ဆက်တစ်ရှူး connective tissue အမျိုးအစားပါ။ ဂျယ်လီနဲ့ တူပါတယ်။ အရိုးနု အမျိုးအစား ၃မျိုးရှိပါတယ်။

  • အရိုးနုအကြည် (Hyaline cartilage)

အတွေ့ရအများဆုံး အမျိုးအစား ဖြစ်ပါတယ်။ နံရိုးတို့၊ နှာနုရိုးတို့မှာ တွေ့ရပါတယ်။ အဆစ်ကြားက အရိုးနုဟာလည်း ဒီအမျိုးအစားပါပဲ။ ဒီအရိုးနုရဲ့ မျက်နှာပြင်ဟာ ချောမွေ့နေတာကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မှုနည်းပြီး လှုပ်ရှားရကောင်းစေပါတယ်။

  • ကျုံ့ဆန့် အရိုးနု (Elastic cartilage)

သူကတော့ တောင့်တောင့်လေးနဲ့ တော်ရုံ ပုံစံမပျက်ပါဘူး။ ဥပမာ ပြောရရင် နားရွက်က ဒီအရိုးနုအမျိုးအစားပါ။

  • အရိုးနု အမာစား (Fibrocartilage)

ဒူပေ ဒဏ်ပေခံတဲ့ အမျိုးအစားပါ။ ဥပမာ ဒူးဆစ်တို့၊ ဆီးခုံရိုးတို့၊ ကျောရိုးဆစ်တို့ကြားက အရိုးနုပါ။ အဖိခံတဲ့အပြင် အရိုးစွန်းတွေ မပွန်းအောင် ကာကွယ်ပေးပါတယ်။

အရိုးတွေနဲ့ မတူတာက အရိုးနုတွေမှာ သွေးကြောစနစ်မရှိတဲ့အတွက် အနာကျက်နှေးပါတယ်။ ဒါကြောင့် အရိုးနုတွေပွန်းပြီး ဒူးနာနေတဲ့ လူနာတွေ သက်သာဖို့ အချိန်ကြာတာပေါ့။ ခဏခဏ ပွတ်တိုက်ပါများရင်တော့ ပြန်မကောင်းတော့ဘဲ လှုပ်ရှားရခက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Takeaways

ဒါကြောင့် လူတစ်ယောက် ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ အင်္ဂါပေါင်းများစွာက ဝိုင်းဝန်းထောက်ပံ့ပေးနေရပါတယ်။ မျှတတဲ့ အာဟာရနဲ့ လေ့ကျင့်ခန်းတွေက အရိုးနဲ့ ကြွက်သားစနစ်တွေကို သန်မာစေမှာ အသေအချာပါပဲ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွားပိုးပေါက်တွေ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းများ

သွားပိုးပေါက်တွေကို ကာကွယ်ဖို့ သွားပုံမှန်တိုက်တာ၊ ဗီတာမင်ဒီမချို့တဲ့အောင် နေတာ၊ အချိုတွေ လျှော့စားတာ၊ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးသုံးတာစတာတွေလိုက်နာရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

ဒူးဆစ်ဟာ ကိုယ်ခန္ဓာမှာ အရေးပါတဲ့အဆစ်တခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်နိုင်၊ အထိုင်အထလုပ်နိုင်ဖို့အတွက် ဒူးဆစ်ကောင်းမွန်ဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဂျင်ဆင်းတို့ သူရဲကောင်း သုံးယောက် ထိန်းသိမ်းစောင့်ရှောက်ပေးမယ့် ပျော်ရွှင်ခြင်းအကြောင်း

နေ့ရက်တိုင်းကို အားအင်အပြည့်နဲ့ ကျော်ဖြတ်နိုင်ဖို့ဆိုတာ ထင်ထားသလောက် မလွယ်ပါဘူး။ ကိုယ်မကျန်းမာတာ၊ စိတ်မကြည်တာ စသဖြင့် တစ်ခုမဟုတ် တစ်ခု ချို့ယွင်းနေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖနောင့်အတက်ထွက်ခြင်းအား ခွဲစိတ်ကုသခြင်း

ဖနောင့်အတက်ထွက်ခြင်းဆိုတာကတော့ ခြေဖနောင့် ဒါမှမဟုတ် ဖဝါးရဲ့အောက်မှာ ကယ်လ်ဆီယမ်ဓာတ်များ စုပုံလာပြီး အရိုးကဲ့သို့ အတက်ဖြစ်လာခြင်းကို ဆိုလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
ခါးနာခြင်း

ခါးနာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 10, 2020 . 3 mins read
အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read