backup og meta

Multiple sclerosis (အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် စကားပြောဆိုမှုထိန်းမနိုင်သည့်ရောဂါ) ဖြစ်နေတဲ့ သင်ချစ်တဲ့သူကို သင်ဘယ်လိုကူညီမလဲ

Multiple sclerosis (အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် စကားပြောဆိုမှုထိန်းမနိုင်သည့်ရောဂါ) ဖြစ်နေတဲ့ သင်ချစ်တဲ့သူကို သင်ဘယ်လိုကူညီမလဲ

သင်ချစ်တဲ့သူ တစ်စုံတစ်ဦးမှာ multiple sclerosis ရောဂါဖြစ်နေတယ်ဆိုတာက ရောဂါဖြစ်နေသူတင်မကဘဲ သင့်တစ်မိသားစုလုံးကို သက်ရောက်မှုရှိပါတယ်။ အစပိုင်းမှာ သင့်အနေနဲ့ သူ့ကိုဘယ်လိုပြုစု ကူညီရမလဲ မသိပေမယ့် ရောဂါအကြောင်း ပွင့်ပွင့်လင်းလင်း အရင်ဆုံးပြောဆိုထားခြင်းက အကောင်းဆုံးပါ။ သူ့ရဲ့လိုအပ်မှုက အချိန်နဲ့အလိုက် မတူညီဘဲကွဲပြားနိုင်ပါတယ်။ ဥပမာ – multiple sclerosis ဖြစ်နေတဲ့ သင်ချစ်တဲ့သူက သူတစ်နေရာရာသွားလာဖို့ သင့်ကိုလိုအပ်ချင် လိုအပ်နေလိမ့်မယ်၊ ဒါမှမဟုတ် သူ့ကိုဂရုစိုက်ပေးဖို့ စကားတူတူပြောဖို့ တစ်စုံတစ်ဦးကို လိုအပ်ချင်လိုအပ်နေပါလိမ့်မယ်။ အခုပြောပြသွားမှာက သူ့ကိုကူညီနိုင်မယ့်အချက်လေးတွေပါ။

Multiple sclerosis ရောဂါအကြောင်းကို လေ့လာပါ။

တစ်စုံတစ်ယောက်က ဒီ Multiple sclerosis ရောဂါဖြစ်နေပြီဆိုပါက သင့်အနေနဲ့လုပ်ရမှာက ထိုရောဂါအကြောင်းကို လေ့လာထားဖို့ဘဲ ဖြစ်ပါတယ်။ Multiple sclerosis ဆိုတာဘာလဲ ? ဒီရောဂါက ခန့်မှန်းလို့မရတဲ့ရောဂါမျိုးဆိုတာကို သင်သိထားဖို့လိုတဲ့အပြင် သူက အာရုံကြောစနစ်ချို့ယွင်းမှုကြောင့် လူကိုမသန်မစွမ်းဖြစ်စေတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ဦးနှောက်နဲ့ ခန္ဓါကိုယ်အကြားက ဆက်သွယ်မှုတွေကို ကြားဖြတ်နှောင့်ယှက်ပါတယ်။ ဒါ့ကြောင့် Multiple sclerosis ဖြစ်နေတဲ့ သင်ချစ်တဲ့သူတစ်ယောက်က သူ့ရဲ့တချို့လှုပ်ရှားမှုတွေကို သူကိုယ်တိုင် ထိန်းနိုင်မှာမဟုတ်ပါဘူး။ လှုပ်ရှားမှုမှာ အခက်အခဲရှိစေတဲ့အပြင် ဒီရောဂါကြောင့် ရောဂါရှိသူဟာ အင်အားနည်းနေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း စတာတွေကိုလည်း ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ ဒီရောဂါအကြောင်းနားလည်ထားခြင်းက ရောဂါခံစားနေရတဲ့ သင်ချစ်တဲ့သူရဲ့ဘဝကို ပိုမိုလွယ်ကူအောင် ကူညီပေးနိုင်ပါတယ်။

မျှဝေဖို့ အားပေးခြင်း။

အပေါ်မှာပြောသွားတဲ့အတိုင်း Multiple sclerosis ရောဂါက ခန့်မှန်းမရတဲ့ရောဂါဖြစ်တဲ့ ကုသမရတဲ့ရောဂါဖြစ်ပါတယ်။ စိတ်ဂယောက်ဂယက်ဖြစ်ခြင်းက သာမန်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ကြောက်လန့်ခြင်း ဒေါသထွက်ခြင်း အကူညီမဲ့ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။ ဒီလိုခံစားချက်တွေထဲ နစ်မြုပ်မနေအောင်လို့ သင့်အနေနဲ့ သင်ခံစားနေရတဲ့အကြောင်းတွေကို သင်ချစ်တဲ့သူနဲ့ ပြောဆိုသင့်ပါတယ်။ တစ်ဦးနဲ့တစ်ဦးရိုးသားကြဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နေလို့ကောင်းပါတယ် ဘာမှဖြစ်မနေပါဘူးလို့ ပြောနေကြတာက ခံစားချက်အစစ်အမှန်တွေကိုဖုံးကွယ်နေတာပါပဲ။ ကိုယ့်ရဲ့ခံစားချက်တွေကို မျှဝေနိုင်ပြီဆိုရင် ကိုယ်ချစ်တဲ့သူကို ကူညီပေးဖို့အတွက် ဘယ်လောက်လွယ်လာလဲဆိုတာကို သင်တွေ့နိုင်ပါလိမ့်မယ်။ ကိုယ့်ခံစားချက်တွေကို မပြောဘဲ မျိုသိပ်ထားခြင်းက အခြေအနေတွေကိုခန့်မှန်းမရဖြစ်လာစေပြီး ကောင်းကျိုးထက် ဆိုးကျိုးကိုများစေပါတယ်။

အကောင်းမြင်ပါ အကောင်းဘက်ကတွေးပါ။

အကောင်းမြင်တတ်ဖို့က အရေးကြီးပါတယ်။ သင့်ရဲ့အကောင်းမြင်ခြင်းက ရောဂါခံစားနေရတဲ့ သင်ချစ်တဲ့သူကိုလည်း ပိုပြီးအဆင်ပြေစေပါတယ်။ သင်သူ့အတွက် ဘယ်လောက်ဘဲစိတ်ပူနေပါစေ အမြဲတမ်းပြုံးထားပါ။ သင့်အနေနဲ့ ရောဂါရှိတဲ့ သင်ချစ်တဲ့သူရဲ့ နေ့စဉ်ဘဝကို နေထိုင်ဖို့ ပိုမိုလွယ်ကူအောင် စီစဉ်ပေးပါ။ လုံးဝလက်မလျှော့လိုက်ပါနဲ့။ သင့်ရဲ့အကောင်းမြင်မှုက သင့်ဘေးကလူတွေအားလုံးကို ကူးစက်သွားပြီး သူတို့ကိုပါ အကောင်းမြင်စေလာနိုင်ပါတယ်။

သူ့ရဲ့လိုအပ်ချက်တွေကိုကြိုတင်ခန့်မှန်းပါ၊ ကျရောက်လာနိုင်တဲ့ဘေးရန်တွေကိုလည်း ရှောင်ရှားပါ။

ရောဂါရှိနေတဲ့ သင်ချစ်တဲ့သူက ဘာလိုအပ်နေလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ သူ့ရဲ့အပြုအမူတွေကိုလည်း အာရုံစိုက်ထားပေးဖို့လိုပါတယ်။ သူကတော့ သူဘာလိုလဲဆိုတာ သင့်ကိုအမြဲတမ်းပြောနေမှာ မဟုတ်ပါဘူး။ ဥပမာ သူက လမ်းလျှောက်ရင်းနဲ့မောလာတာကိုတွေ့ရင် ခဏနားပေးပါ။ သင့်အိမ်က ပရိဘောဂတွေကိုလည်း သူ့အတွက်နေရထိုင်ရအဆင်ပြေအောင် ပြန်လည်နေရာချထားပေးနိုင်ပါတယ်။ တကယ်လို့သူက အပူမခံနိုင်တဲ့သူဆိုရင် သူ့အတွက်အေးအောင်စီစဉ်ပေးလိုက်ပါ။ ကြိုတင်စီစဉ်ခြင်းက ကြုံလာနိုင်တဲ့ ဘေးရန်တွေကို ရှောင်ရှားနိုင်ပါတယ်။

စိတ်ရှည်ပါ။

ဒီရောဂါမျိုးက နောက်ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး။ သင်ချစ်တဲ့သူဟာ သူ့အတွက် အဆင်ပြေတဲ့နေ့ရှိသလို မပြေတဲ့နေ့လည်းရှိနိုင်ပါတယ်။ သူအားငယ်ချိန်တွေမှာ အားပေးဖို့လိုအပ်ပါတယ်။ အရေးအကြီးဆုံးကတော့ သင်ရော ရောဂါရှိသူရော စိတ်ရှည်ဖို့နဲ့ အကောင်းမြင်တတ်ဖို့ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ သူ့ကို ဘယ်တော့မှလက်မလျှော့ဖို့အားပေးပါ။ သင်တို့နှစ်ယောက် အချင်းချင်းအားပေးရင်း မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ အပြည့်နဲ့ multiple sclerosis ရောဂါကိုအတူတိုက်ထုတ်ကြပါ။

Multiple sclerosis ရောဂါစွဲကပ်ခြင်းက သင်ချစ်တဲ့သူကို သူ့မှာဒီရောဂါရှိတယ်ဆိုတာ လက်ခံဖို့ ထိန်းညှိဖို့ ခက်ခဲစေပါတယ်။ အပေါ်ကပြောသွားတဲ့ နည်းလမ်းတွေအတိုင်းလုပ်ဆောင်ခြင်းက သင်ချစ်တဲသူကို သူ့ရဲ့ရောဂါကို ပြန်တိုက်ခိုက်ဖို့ ခွန်အားတွေပေးပါလိမ့်မယ်။ တကယ်လို့ အခြေအနေဆိုးလာရင် ဆရာဝန်ဆီဆက်သွယ်ဖို့ ဝန်မလေးပါနဲ့။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coping when somebody close to you has MS. https://www.mssociety.org.uk/sites/default/files/Documents/Professionals/Coping%20when%20somebody%20close%20to%20you%20has%20MS%20(SAMS)%201210%20-%20web.pdf. Accessed September 6, 2016.

Your Spouse Was Diagnosed With MS. Now What? http://www.everydayhealth.com/multiple-sclerosis/living-with/multiple-sclerosis-grief-stages/. Accessed September 6, 2016.

9 Things to Know When Your Partner Has MS. http://www.healthcentral.com/multiple-sclerosis/cf/slideshows/9-things-know-when-your-partner-has-ms. Accessed September 6, 2016.

Sex, Love, and Multiple Sclerosis. https://patients.aan.com/resources/neurologynow/?event=home.showArticle&id=ovid.com:/bib/ovftdb/01222928-200703030-00024. Accessed September 6, 2016.

Can Your Relationship Survive MS? http://msfocus.org/article-details.aspx?articleID=487. Accessed September 6, 2016.

ယခုပုံစံ

16/10/2020

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်

မနက်ခင်းတိုင်း ခေါင်းကိုက်ပြီး နိုးထနေရပြီလား!


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 16/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement