backup og meta

နှလုံးရောဂါကိုဖြစ်ပွားစေနိုင်သောအကြောင်းများ

နှလုံးရောဂါတွင်ပုံစံမျိုးစုံရှိပြီးနှလုံးရောဂါဖြစ်ပွားစေနိုင်သော အကြောင်းများစွာရှိပါတယ်။ ၎င်းတို့ကိုပြောင်းလဲ၍မရသော အကြောင်းနှင့် ပြောင်းလဲ၍ရသောအကြောင်းဟူ၍ ၂ အုပ်စု ခွဲထားပါတယ်။

ပြောင်းလဲ၍ရသောအကြောင်းများကိုသိရှိ ထားပါကနှလုံးရောဂါမဖြစ်ပွားအောင်ကာကွယ်နိုင်ပါလိမ့်မည်။

ပြောင်းလဲ၍မရသောနှလုံးရောဂါဖြစ်စေနိုင်သောအကြောင်းများ

အသက်

အသက်အရွယ်ကြီးလာခြင်းသည်နှလုံးရောဂါဖြစ်စေသော အကြောင်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အ သက်ကြီးလာသည်နှင့်အမျှနှလုံးကြွက်သားများထူလာကာ သွေးကြောများထူလာပြီးနှလုံးညှစ်အားလျော့နည်းလာပါတယ်။ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကြောင့်သေဆုံးသူ လူနာ၏၅ပုံ၄ပုံသည် အသက်၆၅နှစ်အထက်ရှိသူများဖြစ်ပါ တယ်။

လူ့သက်တမ်းကိုပြောင်းလဲ၍မရသော်လည်းကျန်းမာ ရေးနှင့်ညီညွှတ်သောအစားအသောက်နှင့်နေထိုင်မှုပုံစံသည် ခန္ဓါကိုယ်တွင်းအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်ပါတယ်။

အမျိုးသား၊အမျိုးသမီး

ယေဘူယျအားဖြင့်အမျိုးသားများသည်အမျိုးသမီးများတက်နှ လုံးရောဂါဖြစ်နှုန်းပိုများပါတယ်။ သို့သော်လည်းအမျိုးသမီး များသွေးဆုံးပြီးလျှင်နှလုံးရောဂါဖြစ်ပွားနှုန်းသည်အမျိုးသား များနှင့်အတူတူပင်ဖြစ်ပါတယ်။

မျိုးရိုးလိုက်ခြင်း

နှလုံးရောဂါမျိုးရိုးရှိသောသူသည်အခြားသူများနှင့်ယှဉ်လျှင် နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ မိသားစုထဲတွင်အ သက်၅၅နှစ်မတိုင်မီနှလုံးရောဂါဖြစ်ပါက သင့်တွင်နှလုံးရော ဂါဖြစ်နိုင်ပါတယ်။ ထို့ပြင်နှလုံးရောဂါကိုဖြစ်စေသော သွေးတိုး၊ ဆီးချိုနှင့် အဝလွန်ရောဂါများသည်လည်းမျိုးရိုးလိုက်သောရော ဂါများဖြစ်ပါတယ်။

ပြောင်းလဲ၍ရသောနှလုံးရောဂါဖြစ်စေနိုင်သောအကြောင်းများ

အဝလွန်ခြင်း

အဆီများသောအစားအစာများကိုအလွန်အကျွံစားသုံးခြင်းသည် မသင့်လျော်ပါဘူး။ အဝလွန်ခြင်းသည်သွေးတွင်းအဆီဓါတ်ကို များစေပြီး သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းသည် နှလုံးရောဂါကိုဖြစ်စေ သောအခြားရောဂါများကိုဖြစ်စေပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည်အဆုတ်ကင်ဆာဖြစ်စေနိုင်သည်ကို လူတိုင်းနီးပါးသိကြပါတယ်။ သို့သော်လည်းနှလုံးရောဂါဖြစ်ပွား နှုန်းကိုမြင့်တက်စေသည်ကိုလူအနည်းငယ်သာလျှင်သိကြပါ တယ်။ လေ့လာမှုများအရဆေးလိပ်သောက်ခြင်းသည် နှလုံးခုန် နှုန်းကိုမြန်စေပြီး သွေးကြောများကိုမာစေပါတယ်။ ထိုအခါနှလုံး ၏လှုပ်ရှားမှုကိုအခက်အခဲဖြစ်စေပါတယ်။ ထို့ပြင်ဆေးလိပ် သောက်ခြင်းသည်သွေးတိုးစေပြီး သွေးတိုးလူနာများတွင်လေ ဖြတ်နှုန်းကိုများစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

ကိုယ်လက်လှုပ်ရှားမှုနည်းသောသူများသည် ပုံမှန်အားကစား လုပ်သူများထက်နှလုံးရောဂါဖြစ်ပွားနှုန်းပိုများပါတယ်။ အားက စားပုံမှန်လုပ်ပါကကယ်လိုရီများကိုလောင်ကျွမ်းစေပြီးသွေးတွင်း ကိုလက်စထရောကိုထိန်းပေးပါတယ်။ ထို့ပြင်သွေးပေါင်ချိန်နှင့် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးပါတယ်။ အားကစားကို ဖြေးဖြေးနှင့် ပုံမှန်လုပ်သွားပါကနှလုံးကြွက်သားလုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။

သွေးတွင်းကိုလက်စထရောများခြင်း

ကိုလက်စထရောသည်အသည်းမှထုတ်သောအဆီတစ်မျိုးဖြစ်ပါ တယ်။ ကိုလက်စထရောကိုဆဲလ်အမြှေးပါးနှင့် ဟော်မုန်းတည် ဆောက်ရန်အသုံးပြုပါတယ်။ ထို့ပြင် အသား၊ ဥနှင့် နို့ထွက် ပစ္စည်း စသည့်အစားအစာမှလည်းရရှိပါတယ်။

ဆီးချို

ဆီးချိုဝေဒနာရှင်၆၅%သည်နှလုံးရောဂါကြောင့်သေဆုံးနေသည် ဟုခန့်မှန်းထားပါတယ်။ ဆီးချိုလူနာများတွင် သွေးတိုးနှင့် အဝလွန်ရောဂါများရှိနိုင်သောကြောင့် နှလုံးရောဂါနှင့်လေဖြတ် နှုန်းမြင့်တက်နိုင်ပါတယ်။

နှလုံးရောဂါဖြစ်စေသောအကြောင်းများတွင်အများစုမှာပြောင်း လဲ၍ရသောအကြောင်းများဖြစ်ပါတယ်။

ထို့ကြောင့်ကျန်းမာရေး နှင့်ညီညွှတ်သောအစားအသောက်နှင့်နေထိုင်မှုပုံစံရှိခြင်းဖြင့် ကျန်းမာသောနှလုံးကိုပိုင်ဆိုင်နိုင်ပါတယ်။

ထို့ပြင်ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း စသောမကောင်းသောအ လေ့များကိုရှောင်ရှားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Cardiovascular disease risk factors, http://www.world-heart-federation.org/cardiovascular-health/cardiovascular-disease-risk-factors/, Accessed October 3rd, 2016.

Heart disease, http://www.mayoclinic.org/diseases-conditions/heart-disease/basics/risk-factors/con-20034056, Accessed October 3rd, 2016.

Heart Disease Risk Factors, http://www.cdc.gov/heartdisease/risk_factors.htm, Accessed October 3rd, 2016.

ယခုပုံစံ

22/05/2020

Dr. Sandar Lin မှ ရေးသားသည်။

Wilson Chan မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နှလုံးကျန်းမာရေး ကောင်းဖို့အတွက် အရသာရှိသော အစားအစာများအကြောင်း

သက်ကြီးရွယ်အိုတွေကို နှလုံးကျန်းမာစေနိုင်မယ့် စားသောက်နည်းလမ်းညွှန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement