backup og meta

ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံအမာရွတ်တွေအတွက် အကောင်းဆုံးအိမ်တွင်းဆေးဝါးများ

    ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို အသုံးပြုတာတွေပါဝင်ပါတယ်။

    ဝက်ခြံအမာရွတ်တွေအတွက် အသုံးပြုတဲ့ အိမ်တွင်းဆေးဝါးတွေဟာ Infection (ပိုးဝင်ခြင်း) ပြင်းပြင်းထန်ထန်ဝင်ခြင်း သို့မဟုတ် ဝက်ခြံတွေကို ညှစ်ခြင်း၊ ကုတ်ခြင်း နဲ့ အနာတရဖြစ်စေခြင်းတွေအတွက် အသုံးဝင်ပါတယ်။ အမာရွတ် အသေးစားတွေကတော့ သူ့ဖာသာ ပျောက်သွားနိုင်ပြီး ထင်ရှားတဲ့အမာရွတ်တွေကတော့ တစ်ဘဝလုံးစာ ကျန်ရစ်နေမှာပါ။ အပျော့စား အမာရွတ်တွေကိုတော့ အိမ်မှာအသုံးပြုနေကျသဘာဝပစ္စည်းတွေနဲ့ အန္တရာယ်ကင်းကင်း ကုသ ပျောက်ကင်းစေနိုင်ပါတယ်။

    ဝက်ခြံတွေဟာ ချွေးပေါက်ပိတ်ခြင်းနဲ့ ဒဏ်ရာအနာတရတွေ ရုတ်တရက် ဖြစ်ပွားခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ဝက်ခြံရှိခြင်းဟာ ဆယ်ကျော်သက် အရွယ်ကနေ အရွယ်ရောက်ပြီးသည်အထိ ရှက်စရာကောင်းပြီး သင့်ကိုယ်သင် ရုပ်ဆိုးတယ်လို့ ခံစားနေရစေနိုင်ပါတယ်။ ဒီဟော်မုန်းပြောင်းလဲတဲ့ နှစ်တွေကုန်ဆုံးပြီးတဲ့ နောက်မှာတော့ ဝက်ခြံတွေ ပိုဆိုးလာခြင်းလည်း သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ အမာရွတ်တွေ အစက်အပြောက်တွေနဲ့ ဝက်ခြံကြောင့် ကျန်ရစ်ခဲ့တဲ့အမှတ်တွေဟာ မိမိကိုယ်ကိုယုံကြည်မှုနဲ့ အခြားသော ယုံကြည်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံပေါက်တာကိုပဲ ကုသနေရုံနဲ့မလုံလောက်ပါဘူး။ ဝက်ခြံပျောက်သွားတာနဲ့ ဝက်ခြံအမာရွတ်တွေပါ မကျန်အောင် ဂရုစိုက်သင့်ပါတယ်။

    ဝက်ခြံအမာရွတ်တွေအတွက် အသုံးများတဲ့ အိမ်တွင်းဆေးဝါးအချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

    ရေခဲ : မျက်နှာပေါ် ရေခဲကပ်ပေးခြင်းက ချွေးပေါက်တွေ ကျဉ်းစေပြီး အဆီကြောင့်ဝက်ခြံဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ သဘာ၀ astringent အနေနဲ့ အမာရွတ်နဲ့ အမှတ်တွေနားမှာရှိတဲ့ ချွေးပေါက်တွေကိုကျဉ်းစေပြီး ဝက်ခြံကြောင့် ထိခိုက်ထားတဲ့ ချွေးပေါက်အရွယ်အစားကို သေးငယ်စေခြင်းဖြင့် အမာရွတ်တွေကို မသိသာအောင် လုပ်ပေးပါတယ်။

    ခရမ်းချဉ်သီး အလွှာများ : လွှာထားတဲ့ ခရမ်းချဉ်သီးတွေကို အမာရွတ်ပေါ်မှာ ပွတ်ပေးခြင်းက အမာရွတ်ရဲ့ ထင်ရှားပေါ်လွင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါက ခရမ်းချဉ်သီးမှာပါတဲ့ Vitamin Aနဲ့ carotenes တွေကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါပါတယ်။ carotene ဆိုတာက အနီရောင်ကိုပဲ ထုတ်ပေးရုံမကဘဲ တစ်သျှူးပျက်စီးခြင်းကို ကုသပေးနိုင်ပြီး ဆဲလ်တွေကို ကျန်းမာစွာကြီးထွားစေနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် တွေလည်း အများကြီး ပါဝင်ပါတယ်။

    သခွားသီးအရည် : သခွားသီးအရည်ဆိုတာ စံပြုထားရမဲ့ တိုနာတစ်ခုပါ။ အသားအရည်အထိအတွေ့ကို ပိုမိုကောင်းမွန်လာစေပါတယ်။ သခွားသီးဟာ နီရဲရောင်ယမ်းခြင်းကိုလျှော့ချပေးနိုင်ပြီး အသားအရည်ကိုချောမွတ်စေနိုင်ကာ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ကုသပေးနိုင်ပါတယ်။

    ကြက်ဥအကာ : ကြက်ဥအကာဟာ လွယ်လွယ်ကူကူရနိုင်ပြီး ဝက်ခြံအမာရွတ်တွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ဂွမ်းလုံးကိုအသုံးပြုပြိး ကြက်ဥအကာကို အမာရွတ်တွေပေါ်မှာ တစ်ညလောက်ထားအိပ်ပါ။ (အထိရောက်ဆုံးဖြစ်ဖို့) ကြက်ဥမှာ ပရိုတိန်းတွေများစွာပါဝင်ပြီး သင့်အသားပေါ်မှာ တိုက်ရိုက်လိမ်းခြင်းအားဖြင့် အမာရွတ် ကုသတာကို ပိုပြီးမြန်ဆန်စေပါတယ်။ ပရိုတိန်းဟာ ဆဲလ်တစ်သျှူး တွေနဲ့ ကြွက်သားတွေကို တည်ဆောက်ပေးတဲ့အရာမို့ မျက်နှာပေါ် တိုက်ရိုက်လိမ်းပြီး အကြာကြီး ထားထားတာက ဝက်ခြံအမာရွတ်တွေ ပိုပြီးလျင်မြန်စွာ ပျောက်ကင်းသွားစေနိုင်ပါတယ်။

    နနွင်း :အရှေ့နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ နနွင်းကို လွန်ခဲ့ဲတဲ့ နှစ်ထောင်ကျော်တည်းက အလှအပပစ္စည်းအဖြစ်အသုံးပြုခဲ့ကြပါတယ်။ နနွင်းကိုပျစ်ပျစ်ဖျော်ပြီး အသားပေါ်မှာလိမ်းတာ သို့မဟုတ် နနွင်းကိုစားသုံးတာက ဝက်ခြံအမာရွတ်တွေပျောက်ကင်းအောင်ပြုလုပ်တဲ့နေရာမှာ အကျိုးရှိပါတယ်။

    ရှားစောင်းလက်ပတ် : ရှားစောင်းကို အနာကျက်စေသောအရာ အဖြစ်အသိများကြပါတယ်။ ရှားစောင်းက ဝက်ခြံအမာရွတ်တွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ရှားစောင်းကို ရေနွေးပူထဲနှစ်ထားပါ။ ပြီးရင်အအေးခံလိုက်ပြီး အသားပေါ်လိမ်းပေးပါ။ ရှားစောင်းကို အသားပေါ်တိုက်ရိုက်လိမ်းပေးလို့လည်း ရပါတယ်။

    • ပန်းသီးရှာလကာရည် : ဒါက ဝက်ခြံအမာရွတ်တွေနဲ့ အမှတ်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်မယ့် တိုနာကောင်းတစ်ခုပါ။ ရှာလကာရည်က စွမ်းအားပြည့် astringent ဖြစ်ပြီး သွေးလည်ပတ်မှုကိုကောင်းစေတာကြောင့် ကုသတဲ့နေရာမှာနဲ့ ဆဲလ်အသစ်ဖြစ်ပေါ်တာကို ပိုပြီးမြန်ဆန်စေပါတယ်။

    သံပုရာရည် : လတ်လတ်ဆတ်ဆတ်ညှစ်ယူထားသော သံပုရာရည် သို့မဟုတ် ရှောက်ရည်ကို အမာရွတ်တွေပေါ်လိမ်းလိုက်ပါ။ ခဏထားပြီး ဆေးချပါ။ သံပုရာရည်ရဲ့ အရောင်ချွတ်ပေးတဲ့ ဂုဏ်သတ္တိဟာ အမာရွတ်တွေ မထင်ရှားအောင်လုပ်ပေးနိုင်ပါတယ်။ သံပုရာရည်ဟာ ဆဲလ်သေတွေကိုလည်းဖယ်ရှားပေးတဲ့အပြင် ဆဲလ်သစ်တွေဖြစ်ပေါ်လာတာကို အားပေးပြီး အသားအရည်ရဲ့ ကြုံ့နိုင်ဆန့်နိုင်စွမ်းကို ပိုပြီးတိုးမြှင့်စေပါတယ်။

    သံလွင်ဆီ : သံလွင်ဆီကို ဟင်းချက်တဲ့နေရာမှာ စားကောင်းစေရုံလောက်သာမကဘဲ ဝက်ခြံအမာရွတ်တွေကိုလျော့ပါးစေအောင်လည်း သုံးလို့ရပါတယ်။ အသားထဲကို သံလွင်ဆီစိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ ဒီလိုလုပ်ခြင်းက အသားအရည်ကိုပြန်လည်ချောမွတ်စေပြီး အမာရွတ်တွေ သိသာထင်ရှားနေခြင်းကို လျှော့ချပေးပါတယ်။ သံလွင်ဆီမှာ သဘာ၀ ဓါတ်တိုးဆန့်ကျင် အာနိသင်တွေပါတာကြောင့် တစ်ကမ္ဘာလုံးက ကျန်းမာရေးအတွက် ကောင်းကျိုးဖြစ်စေတဲ့ နေရာတော်တော်များများမှာ သံလွင်ဆီကို အသုံးများကြပါတယ်။ အမာရွတ်တွေနဲ့ အမှတ်အသားတွေကိုဖယ်ရှားပေးပြီး အသားအရည် ကြည်လင်စေတဲ့ နေရာမှာတော့ သံလွင်ဆီက အကောင်းဆုံး အိမ်တွင်းဆေးဝါးတွေထဲက တစ်ခုပါပဲ။

    ပျားရည် : ပျားရည်ဟာ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာသုံးတဲ့ သဘာ၀ အစိုဓါတ်ထိန်း Moisturizer ပါပဲ။ ပျားရည်ကို သုံးဆောင်ခြင်းနဲ့ မျက်နှာပေါ်မှာ ပျားရည်လိမ်းတာဟာ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ အကျိုးရှိတာကိုတွေ့ရပါတယ်။

    ရေ: ရေကတော့ ဝက်ခြံအမာရွတ်တွေကို ကုသရာမှာ အကောင်းဆုံးသဘာဝနည်းလမ်းဖြစ်နိုင်ပါတယ်။ ရေသောက်ခြင်းဟာ သင့်ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကိုကင်းစင်စေပြီး စွမ်းအင်သစ်တွေကို ပေးစွမ်းနိုင်တာကြောင့် ရေများများသောက်သင့်ပါတယ်။ ရေက ဆဲလ်သေတွေကိုဖယ်ရှားတဲ့နေရာမှာ အထောက်အကူပေးပြီး ကျန်းမာတဲ့အသားအရည်ကို ရရှိပိုင်ဆိုင်စေပါတယ်။ ကြက်သီးနွေးရေကို နံနက်မိုးလင်းတိုင်း သောက်ပေးခြင်းက အဆိပ်အတောက်ကင်းစင်စေတာပါ။

    နှင်းဆီသီးစေ့ အဆီ (rosehip seed oil) : ဒီအဆီဟာ ဝက်ခြံအမာရွတ်တွေကို လျှော့ချပေးနိုင်ပြီး အရောင်မညီတာတွေကို လျော့နည်းစေပါတယ်။ ဒါက စွမ်းအားပြည့် anti-aging(အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးသော) အရာ တစ်မျိုးပါပဲ။ အရေးအကြောင်းတွေကို လျှော့ချပေးပြီး အသားအရည်ကို အသစ်ပြန်လည် မွေးဖွားစေပါတယ်။ ဒီအဆီဟာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အရေးပါပြီး ဝက်ခြံအမာရွတ်တွေ၊ မျက်နှာပေါ်က အမာရွတ်တွေ၊ နေလောင်ခြင်းနဲ့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကုသဖို့အတွက် အသုံးပြုပါတယ်။ အကောင်းဆုံးရလဒ်ကို ရရှိနိုင်ဖို့အတွက် ဒီဆီကို တစ်ရက်ကို၂ကြိမ် အသားထဲစိမ့်ဝင်အောင် နှိပ်နယ်လိမ်းပေးပါ။

    လာဗင်ဒါဆီ : နုပျိုစေတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်ထားတာကြောင့် လာဗင်ဒါဆီကို ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပေးခြင်းက အသားအရည်ကို အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်စေပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement