ဘက်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေရန်က ကာကွယ်နိုင်ဖို့အတွက် ဝက်ခြံကို ရေအေးအေးနဲ့ ဆပ်ပြာအပျော့စားကို သုံးပြီး ဆေးကြောသန့်စင်ပေးပါ။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေက အနာကျက်တာကို နှေးစေလို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သန့်စင်တဲ့အခါ hydrogen peroxide၊ အိုင်အိုဒင်း ဒါမှမဟုတ် အယ်လ်ကိုဟော(အရက်ပျံ)တို့ကို ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲရပါမယ်။ သူတို့တွေဟာ ကြီးမားတဲ့ အနာတွေအတွက် အကျိုးရှိပြီး ဘက်တီးရီးယားပိုးတွေကို သတ်ပေးနိုင်ပေမယ့် ဝက်ခြံပျောက်ဖို့ နှောင့်နှေးစေလို့ ဖြစ်ပါတယ်။
ဝက်ခြံကို ဖုံးအုပ်ကာကွယ်ထားပါ။
သင်အပြင်ထွက်တဲ့အခါ ဝက်ခြံကို အသေအချာ ဖုံးအုပ်ထားသင့်ပါတယ်။ ဒါမှသာ ပတ်ဝန်းကျင်က အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ဝက်ခြံထဲ မဝင်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးမွှားတွေကို သတ်ပစ်နိုင်ဖို့အတွက် ဝက်ခြံကို ပိုးသတ်ဆေးတွေ လိမ်းပေးနိုင်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းဟာ ကြီးမားတဲ့ဝက်ခြံတွေကို ပျောက်ဖို့ခဲယဉ်းစေပါတယ်။ ဒါ့ကြောင့် ဝက်ခြံအမြန်ပျောက်ဖို့အတွက် အရေပြားအစိုဓါတ်ကို ထိန်းပေးထားရမှာ ဖြစ်ပါတယ်။ သင်အသုံးပြုတဲ့ တံဆိပ်ပေါ်မူတည်ပြီး ဝက်ခြံကိုအုပ်ထားတဲ့ အကာကို တစ်ရက်တစ်ခါ ဒါမှမဟုတ် သုံးလေးနာရီခြားတစ်ခါ လဲပေးရမှာ ဖြစ်တဲ့အတွက် အသုံးမပြုခင် ဆေးညွှန်းကို သေချာစွာ ဖတ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။