လေဖြတ်ခြင်းဟာ သင့်ကိုရော၊သင့်အိမ်ထောင်ဖက်ကိုပါ ထိခိုက်စေပါတယ်။ နာကျင်ခြင်း၊ကြွက်သားတောင့်တင်းခြင်း၊ခေါင်းကိုက်ခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများ မလှုပ်ရှားနိုင်ခြင်း အစရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင်ခံစားရပါမယ်။ အဝတ်အစားလဲတာ၊စားတာသောက်တာ၊အညစ်အကြေးစွန့်တာ အစရှိတဲ့ နိစ္စဓူဝပြုဖွယ်တွေကို သင့်အနေနဲ့ လုပ်ဆောင်နိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ အိမ်ထောင်ဖက်ပေါ် မှီခိုရတော့မှာဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုကျဆင်းလာပါတော့တယ်။ သင့်စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်တဲ့ ဦးနှောက်ရဲ့ အချို့သော အစိတ်အပိုင်းတွေကိုလည်း လေဖြတ်ခြင်းဝေဒနာက ဖျက်ဆီးပစ်လိုက်မှာပါ။ ဒီလိုဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်တို့အကြား ရင်းရင်းနှီးနှီး ဆက်ဆံမှုကိုလည်း အထိုက်အလျောက် ထိခိုက်စေပါလိမ့်မယ်။
လေဖြတ်ဝေဒနာခံစားရပြီးနောက်မှာ သင့်ရဲ့အနေအထားကလည်း ပြောင်းလဲသွားပါပြီ။ သင့်အိမ်ထောင်ဖက်ဟာ မိသားစုကို အဓိကရှာဖွေကျွေးမွေးထောက်ပံ့ရသူ ဖြစ်သွားသလို သင့်ကို အဓိက ပြုစုစောင့်ရှောက်ရသူလည်း ဖြစ်သွားပါပြီ။ ဒီလိုအနေအထားမျိုးကို အသားကျဖို့အတွက် နှစ်ဦးနှစ်ဖက်လုံး အချိန်ယူရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။