backup og meta

အန္တရာယ်ရှိသော ဓါတ်မတည့်မှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် နည်းလမ်း (၄) သွယ်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အန္တရာယ်ရှိသော ဓါတ်မတည့်မှုများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် နည်းလမ်း (၄) သွယ်

    တစ်ခါတလေမှာ သင့်ရဲ့ ခုခံအားစနစ်ဟာ ပန်းဝတ်မှုံ၊ မှို ၊ အချို့သော အစားအသောက်များ ၊ တိရိစ္ဆာန်များ၏ အရေပြားဆဲလ်အသေများ စတဲ့ လုံးဝအန္တရာယ် မရှိသော အရာတွေအပေါ်မှာ ထူးထူးဆန်းဆန်း တုံ့ပြန်နိုင်ပါတယ်။ ဒီလိုတုံ့ပြန်တဲ့ ဖြစ်စဉ်ကို ဓါတ်မတည့်မှုလို့ခေါ်ပြီး ဒီလိုဖြစ်စေတဲ့ အန္တရာယ်မရှိသော ပစ္စည်းတွေကို ဓါတ်မတည့်မှုဖြစ်စေသော ပစ္စည်းများ allergen (အလာဂျင်) လို့ ခေါ်ပါတယ်။ ဒီလိုဓါတ်မတည့်မှုတွေဟာ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင့်မှာအန္တရာယ်ရှိတဲ့ ဓါတ်မတည့်မှုမျိုး ဖြစ်လေ့ရှိတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့ကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ နေထိုင်နိုင်ပါတယ်။

    ၁။ အင်းဆက်ပိုးမွှားများ၏ အကိုက်ခံရခြင်းမှ ရှောင်ကြဉ်ပါ။

    တကယ်လို့ သင်ဟာ အင်းဆက်ပိုးမွှားများရဲ့ အဆိပ်ကို ဓါတ်မတည့်မှု ဖြစ်လွယ်တဲ့အခါမှာ ပြင်ပ ပတ်ဝန်းကျင်တွင် လှုပ်ရှားသွားလာမှုဟာ သင်ထင်ထားတာထက်ကို ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ သင်ဟာ ဒီလိုအင်းဆက်ပိုးမွှားတွေရဲ့ အကိုက်ခံရခြင်းကနေ ရှောင်ကြဉ်နိုင်အောင် အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

    • အနံ့ပြင်းသောရေမွှေး သို့မဟုတ် ချွေးနံ့ပျောက်ဆေး ၊ လိုးရှင်းတွေကို အသုံးမပြုပါနဲ့။
    • အပြင်သွားတဲ့အခါ ဖိနပ်မပါပဲ လမ်းမလျှောက်ပါနဲ့။
    • ဆိုဒါကို ပိုက်နဲ့ပဲ စုပ်သောက်နိုင်ပါတယ်။
    • အရောင်အရမ်းတောက်ပြီး ရှုပ်ယှက်ခတ်နေသော အဝတ်အစားများကို မဝတ်ဆင်ပါနဲ့။
    • အပြင်မှာ စားတဲ့အခါ သင့်ရဲ့ အစားအသောက်ကို ဖုံးအုပ်ထားပါ။

    ၂။ သင်သောက်နေတဲ့ ဆေးတွေနဲ့ ပတ်သက်ပြီး သတိရှိပါ။

    အချို့သော ဆေးတွေဟာ ရုတ်တရက် ဓါတ်မတည့်မှု ဖြစ်စဉ်တွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ဆေးနဲ့ ပတ်သက်ပြီး ဓါတ်မတည့်မှုတွေ ဖြစ်လာတဲ့အခါ သင့်ရဲ့ ဆရာဝန်ထံသို့ ဒီအကြောင်းကို အကြောင်းကြားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ပင်နီဆလင် ဆေးကို ဓါတ်မတည့်မှု ရှိတယ်ဆိုရင် အမောက်ဆလင် ကဲ့သို့ မျိုးတူသော ပဋိဇီဝ ပိုးသတ်ဆေးဟာလည်းပဲ ဓါတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုတာကို သိရပါမယ်။ တကယ်လို့ ဒီဆေးတွေရဲ့ ဓါတ်မတည့်မှုကို မရှောင်ရှားနိုင်တဲ့အခါ သင့်ရဲ့ ဆရာဝန်က သင့်ကို corticosteroid သို့မဟုတ် antihistamines ကဲ့သို့ ဆေးများကို ပေးပြီး ဓါတ်မတည့်မှု ဖြစ်စဉ်တွေကို သက်သာအောင်ပြုလုပ် ပေးနိုင်ပါတယ်။ ဓါတ်မတည့်မှု ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်တဲ့ အခြားသော ဆေးတွေကတော့ အင်ဆူလင်၊ အတက်ရောဂါ ပျောက်ဆေးနှင့် ဆာလဖာပါသော ဆေးများစတာတွေ ဖြစ်ပါတယ်။

    ၃။ သင်စားမယ့် အစားအသောက်တွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ။

    အချို့သော လူတွေမှာ အလွန်ဆိုးရွားသော ဓါတ်မတည့်မှု တွေကို ဖြစ်စေနိုင်တဲ့ ပုံမှန်အစားအသောက်များစွာ ရှိပါတယ်။ အစားအသောက်တွေထဲမှာပါတဲ့ ပါဝင်ပစ္စည်းတွေမှာ ဓါတ်မတည့်မှု ဖြစ်စေနိုင်တဲ့ ပစ္စည်းအချို့ ပါဝင်နေပါတယ်။ ၎င်း တို့ကတော့ နို့၊ ဥအမျိုးမျိုး၊ ပဲပိစပ်နှင့် ဂျုံစတာတွေပဲ ဖြစ်ပါတယ်။ အခြားသော အန္တရာယ်မရှိတဲ့ အစားအသောက်တွေဟာလည်းပဲ ပြင်ပမှ အညစ်အကြေးတွေ ဝင်ရောက်လာတဲ့အခါ အန္တရာယ် ရှိလာနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ အစားအသောက်တွေကို မစားခင် ဓါတ်မတည့်တဲ့ ပစ္စည်းနဲ့ ထိတွေ့မိလိုက်တဲ့ အခါမှာ ဖြစ်တတ်ပါတယ်။ ပင်လယ်စာနဲ့ ပဲတွေဟာ မသန့်ရှင်းမှု ဖြစ်တတ်တာများပါတယ်။ တကယ်လို့ သင်ဟာ စားသောက်ဆိုင်မှာ စားနေတာဆိုရင် အစားအသောက်ရဲ့ ပါဝင်ပစ္စည်းတွေအကြောင်းကို အသေးစိတ်မေးခွန်းတွေ မေးဖို့ရာ မတွေဝေသင့်ပါဘူး။ ဒါ့အပြင် လိုအပ်ရင်လည်း အစားအစာတွေကို ပြန်လည်အစားထိုး လဲလှယ်ပေးဖို့ရာ ပြောဆိုသင့်ပါတယ်။

    ၄။ ကြိုတင်ပြင်ဆင်ထားပါ။

    သင့်ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို သင့်မှာ ဓါတ်မတည့်မှု ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြထားသင့်ပါတယ်။ ဒါ့အပြင် တကယ်လို့ အရေးပေါ်အခြေအနေ တစ်ခုဖြစ်လာတဲ့အခါမှာ ဘာလုပ်ပေးရမယ် ဆိုတဲ့ အကြောင်းကိုလည်း သူတို့ကို သေချာစွာပြောပြထားသင့်ပါတယ်။ သင်ဟာ အိုင်ဒီကဒ်ပါတဲ့ လက်ကောက်လေးကို ဝယ်ထားနိုင်ပြီး ၎င်းကဒ်မှာ သင့်ရဲ့ ဓါတ်မတည့်စေတဲ့ အရာတွေကို ချရေးထားပါ။ တကယ်လို့ သင်ဟာတစ်စုံတစ်ခု လုပ်ဖို့ အပြင်သွားမယ်ဆိုရင် ဒီတိုင်းမသွားပါနဲ့။ သင်နဲ့အတူ ကိုယ်တိုင်ထိုးနိုင်တဲ့ epinephrine ထိုးဆေးကိုပါ အမြဲ တမ်းယူသွားသင့်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ သင့်ရဲ့ဖုန်းမှာ အရေးပေါ်ဆေးကုသမှုခံယူနိုင်တဲ့ နေရာဖုန်း နံပါတ်ကို ထည့်ထားပြီး အချိန်တိုင်းမှာ ဖုန်းကို ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement