backup og meta

အာရှလူမျိုးများရဲ့ အသားအရေမှာ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာရှလူမျိုးများရဲ့ အသားအရေမှာ ဝက်ခြံပေါက်တဲ့အခါ ဘယ်လိုကုသမလဲ

    ရာသီဥတုကွဲပြားမှု၊ ပတ်ဝန်းကျင်ဆိုင်ရာနှင့် အခြားသောအရာများ၏ ကွဲပြားမှုများကြောင့် ကျွန်ုပ်တို့ အာရှလူမျိုးများ၏ အသားအရေဟာ အခြားနေရာမှ လူမျိုးများနှင့် ကွဲပြားရခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်ခြံနှင့် ပတ်သက်ပြီး နောက်ထပ်ပြုလုပ်ရမယ့် အရာတွေအများကြီး ရှိပါတယ်။ အခြားလူမျိုးများရဲ့ အသားအရေ များအတွက် ထုတ်လုပ်ပေးထားသော အလှကုန်တွေဟာ အာရှလူမျိုးများရဲ့ အသားအရေတွက် အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အာရှအသားအရေပေါ်မှာ ဝက်ခြံပေါက်တဲ့အခါ ကုသနိုင်မယ့် နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

    အာရှလူမျိုးများရဲ့ အသားအရေဆိုင်ရာ ကွာခြားချက်တွေက ဘာတွေလဲ။

    အရေပြားဟာ ပတ်ဝန်းကျင် ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နေထိုင်ရပြီး အရေပြားထဲမှ ရောင်ခြယ်ဖွဲ့စည်းပုံများကြောင့်

    အာရှလူမျိုးများရဲ့ အသားအရေဟာ အခြားလူမျိုးများထက်စာရင် အဆီပိုပြန်ပြီး ရောင်ခြယ်ပါဝင်နှုန်းမြင့်ပါတယ်။

    အာရှအသားအရေဟာ သဘာဝမှာကိုက အဆီပိုထုတ်တဲ့ အတွက်ဝက်ခြံ ပိုဖြစ်လွယ်ပါတယ်။ အများစုကိုကြည့်ရင် အာရှလူမျိုးများ ဝက်ခြံပေါက်တဲ့အခါ နီရဲပြီး မာထန်တဲ့အဖုအထစ်တွေ ဖြစ်လာပါတယ်။ တကယ်လို့ ၎င်းဝက်ခြံတွေကို အချိန်မီ သေချာမကုရင် ကုသလို့မရနိုင်တဲ့ အမာရွတ်တွေ ဖြစ်သွားနိုင်ပါတယ်။

    ဝက်ခြံကို မှန်ကန်သောနည်းလမ်းနှင့် ဘယ်လိုကုသမလဲ။

    သင့်ရဲ့အသားအရေကိုခြောက်သွေ့မှု မဖြစ်စေတဲ့အပြင် ဆပ်ပြာလည်း မဟုတ်သော အပျော့စားသန့်စင်ပစ္စည်း ကို တစ်နေ့လျှင် ၁ကြိမ် သို့မဟုတ် ၂ကြိမ်သာ သုံးပေးပါ။ အလွန်အမင်း သန့်စင်ဆေးကြောခြင်းက သင့်မျက်နှာပေါ်မှာ အဆီတွေ ပိုထွက်လာနိုင်ပြီး သင့်ရဲ့ထိခိုက်လွယ်တဲ့ အရေပြားကို လှုံ့ဆော်ပါတယ်။ ဒါ့အပြင် အဆီဂလင်းတွေကို ပိုများလာစေပါတယ်။ အာရှအသားအရေဟာ အခြားအသားအရေတွေထက် အဆီပိုပြန်ပြီး ချွေးပေါက်ပိုကျယ်တာကြောင့် သင့်ရဲ့အရေပြားကို တစ်ပတ်လျှင် ၂ ကြိမ် သို့မဟုတ် ၃ ကြိမ် ချေးချွတ်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ အရေပြားအနာအဆာတွေနဲ့ ဝက်ခြံ တွေကိုဖြစ်စေတဲ့ ချွေးပေါက်ကျယ်ကြီး တွေထဲက အဆီ ပိုထွက်လာခြင်းကို ကာကွယ်စေရန် ဖြစ်ပါတယ်။

    ချေးချွတ်ခြင်းဟာ ချွေးပေါက်ကို ပိတ်စေတဲ့ အညစ်အကြေးများ၊ အဆီများနှင့် အရေပြားဆဲလ် အသေများအားလုံးကို ဖယ်ရှားပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်နိုင်တဲ့နေရာတွေကို benzoyl peroxide ပါဝင်တဲ့ ဝက်ခြံ လိမ်းခရင်မ်အချို့ကို လိမ်းပေးပါ။ benzoylperoxide ဟာ ဝက်ခြံအကြီးအကျယ် ဖြစ်ပွားမှုတွေမှာ အသုံးဝင်ပါတယ်။ ၎င်းဟာ ဝက်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေနဲ့ တစေးမှိုကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။ ဒီလိုကုသမှုကို တစ်နေ့မှာ ၁ကြိမ် သို့မဟုတ် ၂ကြိမ်စသဖြင့် သင်ဘယ်နှစ်ကြိမ် အသုံးပြုသင့်သလဲ ဆိုတာကတော့ benzoyl peroxide ကိုသင့်အရေပြားက ခံနိုင်ရည်ဘယ်လောက်ရှိသလဲဆိုတာအပေါ် မူတည်ပါတယ်။ နေရောင်ခံ ပစ္စည်းပါဝင်တဲ့ အလှဆီ အပျော့စားကို တစ်နေ့လျှင် ၁ကြိမ်အသုံးပြုပါ။ တကယ်လို့ သင်ဟာအလှဆီကြောင့် အရေပြား အဆီပြန်မှာ စိုးရိမ်လျှင် ဝက်ခြံမပေါက်စေတဲ့ အခြားတစ်ခုကို ရွေးချယ်နိုင်ပါတယ်။ ၎င်းဟာ သင့်ရဲ့ချွေးပေါက်တွေကို သန့်စင်ပေးမှာဖြစ်ပြီး သင့်ရဲ့ အရေပြားကို ရေဓါတ်ဖြည့်ပေးကာ အဆီပိုထွက်ခြင်းကို လျှော့ချပေးပါလိမ့်မယ်။ နေရောင်ခံပစ္စည်းကတော့ အရေပြားခြောက်သွေ့ ခြင်းမှကာကွယ်ပေးနိုင်ပြီး နေရောင်ကြောင့် အသားအရေ ပျက်စီးခြင်းမှလည်း ကာကွယ်ပေး နိုင်ပါတယ်။

    သင့်ရဲ့ ဝက်ခြံကိုဖောက်ခြင်း သို့မဟုတ် ကုတ်ခြင်း မပြုလုပ်ပါနဲ့။ သင့်ရဲ့ အာရှအသားအရေဟာ ဝက်ခြံပေါက်တဲ့အခါ အမာရွတ်ပိုဖြစ်လွယ်ပါတယ်။ ဘတ်တီးရီးယားပိုးများရှိနေသောလက် နှင့် ဝက်ခြံကို ကိုင်တွယ်မိခြင်း သို့မဟုတ် ဝက်ခြံများကို ဖောက်ခြင်း စတာတွေက ကုသမှုကို ပိုပြီးနှေးစေတဲ့အပြင် အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့အရေပြားဟာ အခြေအနေပိုဆိုးလာကာ မျက်နှာပေါ်မှာ ဝက်ခြံနှင့် အမဲစက်တွေအများကြီး ထွက်လာပြီဆိုရင်တော့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်တာအကောင်းဆုံးဖြစ်ပါတယ်။ ကျွမ်းကျင်ပညာရှင်ကသာ သင့်နဲ့အဆင်ပြေမယ့် နည်းလမ်းအသစ်ကို ချပြပေးနိုင်မှာဖြစ်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

    ဝက်ခြံဖြစ်မှ ကုသခြင်းထက် မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်းဟာ အဓိကဖြစ်ပါတယ်။ သင့်တော်တဲ့ အရေပြားစောင့်ရှောက်မှု တစ်ခုခုကို ပြုလုပ်ပြီး ထိန်းသိမ်းသင့်ပါတယ်။ ဒါ့အပြင် သင့်ရဲ့အရေပြားကို အန္တရာယ်ဖြစ်စေမယ့် အရာတွေမှ ကာကွယ်နိုင်အောင် သန့်ရှင်းသောအစားအသောက် စားပေးခြင်း၊ ရေများများသောက်ခြင်းနှင့် ကျန်းမာရေးနှင့် ညီညွှတ်စွာနေထိုင်ခြင်း စတာတွေကို ထိန်းသိမ်းပေးသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 01/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement