မွေးလမ်းကြောင်း စွန့်ပစ်အရည် (Vaginal discharge) တွေဟာ အမျိုးသမီး မျိုးပွားအင်္ဂါစနစ်ထဲကသန့်ရှင်းရေးပိုင်းကို တာဝန်ယူထားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ မွေးလမ်းကြောင်း (vagina) နဲ့ သားအိမ်ခေါင်းထဲက ဂလင်းတွေ စစ်ထုတ်တဲ့ အရည်တွေဟာ ဆဲလ်အသေတွေနဲ့ ဘက်တီးရီးယားတွေကို အပြင်ထုတ်ပေးပြီး မွေးလမ်းကြောင်း သန့်ရှင်းရေးနဲ့ ကူးစက်ရောဂါတွေကို ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ မွေးလမ်းကြောင်း စွန့်ပစ်အရည်ဆင်းခြင်းဟာ အမျိုးသမီး တော်တော်များများမှာ ပုံမှန်ဖြစ်တတ်တဲ့ အရာတစ်ခုပါ။ ဓမ္မတာ စက်ဝန်းလာတဲ့ အချိန်ပေါ် မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေရဲ့ အနံ့နဲ့ အရောင်တွေဟာ ပြောင်းလဲနိုင်ပါတယ်။ မျိုးဥကြွေချိန်၊ နို့ချိုတိုက်ကျွေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တက်ကြွမှု ဖြစ်တဲ့အချိန်တွေမှာ မွေးလမ်းကြောင်း စွန့်ပစ်အရည်တွေဟာ ပိုများနိုင်ပြီး ကိုယ်ဝန်ဆောင်ခြင်းနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးပေါ်မူတည်ပြီး မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အနံ့အသက်က ပြောင်းလဲနိုင်ပါတယ်။ ဒီလို သာမန်ပြောင်းလဲမှု တွေလောက်က ဘာမှ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ မွေးလမ်းကြောင်း စွန့်ပစ်ပစ္စည်းတွေရဲ့ အရောင်နဲ့ အနံ့တွေက သာမန်ထက်ထူးထူးခြားခြားပြောင်းလဲသွားမယ်၊ တခြားသော ဝေဒနာတွေပါ ခံစားလာရမယ်ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ခံစားနေရတာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်သင့်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ Hello ဆရာဝန်အမျိုးသမီးပရိတ်သတ်တွေအတွက် မွေးလမ်းကြောင်း စွန့်ပစ်အရည်များရဲ့ အရောင်တွေက ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေတွေ အကြောင်းကို ဖော်ပြပေးသွားမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။