backup og meta

အိမ်မှာ ဖုန်ထူနေရင် လူကို အဆီပိုတက်စေနိုင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာ ဖုန်ထူနေရင် လူကို အဆီပိုတက်စေနိုင်

    အိမ်သုံးပစ္စည်းတွေမှာကပ်ငြိနေတဲ့ ဖုန်မှုန့်တွေဟာ အဆီဆဲလ်တွေဖြစ်တည်မှုကို အရှိန်မြှင့်တင်ပေးနိုင်တဲ့ ဓါတုပစ္စည်းပေါင်းများစွာရဲ့ခိုအောင်းရာဖြစ်နေနိုင်တယ်လို့ သုတေသနပညာရှင်တွေကဖော်ပြလာပါတယ်။ ဒီတော့ ဖုန်တလူးလူးနဲ့ အိမ်မရှင်းဘဲနေကြတဲ့ အစ်ကိုအစ်မတို့ ပိုဝလာဖို့ လမ်းကြောင်းမြင်နေပါတယ်နော်။

    မကြာသေးခင်နှစ်တွေတည်းကendocrineဟော်မုန်းရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေရဲ့သက်ရောက်မှုအကြောင်းကို သုတေသီတွေက စိုးရိမ်ခဲ့ကြပါတယ်။

    ဒီဓါတ်ပစ္စည်းတွေက တစ်ခါတလေ အိမ်သန့်ရှင်းရေးပစ္စည်းတွေမှာပါဝင်တတ်ပြီးနေ့စဉ်သုံးနေကျအရာတွေမှာတောင် ရှိနေတတ်ပါတယ်။ ပလတ်စတစ်ပစ္စည်းအများစုမှာက ခုနလိုendocrine-disruptingဟော်မုန်းတွေဖြစ်တဲ့phthalatesတွေပါလေ့ရှိပါတယ်။

    ဒီဓါတုပစ္စည်းတွေက သန္ဓေမရနိုင်ခြင်း၊ အသည်းရောဂါ၊ ကင်ဆာနဲ့ ကလေးအဝလွန်ခြင်းတွေနဲ့ဆက်နွှယ်နေတယ်လု့ိလေ့လာတွေ့ရှိခဲ့ပြီးနောက်ပိုင်း သူတို့ကို လူ့ကျန်းမာရေးအန္တရာယ်တွေအဖြစ်နဲ့ သုတေသီတွေက သတိပေးခဲ့ပါတယ်။

    အခုသုတေသနမှာတော့Duke University ရဲ့Nicholas School of the Environmentမှ ပါရဂူဘွဲ့ရChristopher Kassotisအဖွဲ့ကလေ့လာတွေ့ရှိခဲ့တာပါ။ အိမ်ထဲကဖုန်တွေကြောင့် အဆီဆဲလ်တွေပိုဖြစ်လာစေတာ ဘာကြောင့်လဲဆိုတော့ အဲဒီဖုန်တွေမှာendocrine-disrupting ဓါတုပစ္စည်းတွေပါနေလို့ပါပဲ။

    သုတေသနမှာမြောက်ကယ်ရိုလိုင်းနားရှိနေအိမ် ၁၉၄ လုံးဆီက ဖုန်မှုန့်နမူနာတွေကို စုဆောင်းခဲ့ပြီး လူ့ကျန်းမာရေးအပေါ် ဖုန်မှုန့်တွေရဲ့ဓါတုသက်ရောက်မှုတွေကိုလေ့လာခဲ့ပါတယ်။ အဲဒီဖုန်မှုန့်တွေထဲက ဓါတ်ပစ္စည်းတွေရဲ့အာနိသင်ကိုစမ်းသပ်ခဲ့ပြီး အဆီဆဲလ်တွေအပေါ်သက်ရောက်မှုကို ဦးစားပေးလေ့လာဆန်းစစ်ခဲ့ပါတယ်။

    ဒီဖုန်မှုန့်တွေထဲမှာပါဝင်တဲ့ ဓါတုပစ္စည်းက ပမာဏအရမ်းနည်းနေရင်တောင် အဆီဆဲလ်တွေဖြစ်ပေါ်မှုကိုမြှင့်တင်ပေးနိုင်တယ်လို့လေ့လာမှုရလဒ်တွေကဖော်ပြနေပါတယ်။

    သုတေသနအတွင်းမှာ အိမ်တွင်းဖုန်မှုန့်နမူနာတွေမှာပါရှိတဲ့ ဓါတုပစ္စည်းအမျိုးပေါင်း ၁၀၀ကျော်မှာ ၇၀လောက်က အဆီဆဲလ်တွေကို အားပေးနေတာတွေ့ရပါတယ်။

    ဒါ့အပြင် ကိုယ်အလေးချိန်များနေတဲ့ သို့မဟုတ် အဝလွန်နေတဲ့ ကလေးတွေရှိတဲ့အိမ်တွေဆီက ဖုန်မှုန့်တွေမှာ အဆီဆဲလ်ဖြစ်ပေါ်မှုအားပေးတဲ့ ဓါတုပစ္စည်းတွေများနေတာတွေ့ရတယ်လို့ သုတေသီတွေကပြောပါတယ်။

    လက်ရှိမှာတော့Kassotis နဲ့အဖွဲ့က ကနဦးလေ့လာတွေ့ရှိချက်ကို ဆက်ပြီးလေ့လာဖို့နဲ့ အိမ်သုံးပစ္စည်းမှာပါဝင်တဲ့ဓါတ်ပစ္စည်းတွေနဲ့ ကိုယ်တွင်းဇီဝဖြစ်စဉ်တွေကြား ဆက်နွှယ်မှုကို ပိုတိကျခိုင်မာအောင်လေ့လာနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement