backup og meta

အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များတဲ့ ဗိုက်ထဲကဝေဒနာတွေနဲ့ အယူအဆအလွဲ (၅) ခု

    ဗိုက်အောင့်တာ၊ ဗိုက်ပွတာ၊ ဗိုက်ကယ်တာတွေကတော့ အဖြစ်များလွန်းတဲ့ အစာခြေစနစ်ပြဿနာတွေပါ။ အဖြစ်များကြပေမယ့် သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတမှာတော့ လူတိုင်းက အမှန်မသိကြပါဘူး။

    (၁) ပီကေမျိုချမိရင် ကပ်နေတတ်တယ်

    ပီကေစားရင် မျိုချမိမယ်နော်၊ မျိုချမိရင် အူမှာကပ်သွားလိမ့်မယ်၊ သေတတ်တယ်လို့ ငယ်ငယ်တည်းက ကြားဖူးတယ်။ ကလေးကိုပီကေမကျွေးနဲ့တို့ဘာတို့ (အမှန်က အသက်ရှူလမ်းကြောင်းပိတ်ဆို့မှာစိုးတာဖြစ်ပါလိမ့်မယ်)။ ပီကေကို အစာခြေစနစ်က မချေဖျက်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူက အစာခြေလမ်းကြောင်းမှာလည်း ကပ်မနေပါဘူး။ အန္တရာယ်မရှိနိုင်တဲ့အပြင် ရက်အနည်းငယ်အတွင်း တခြားအရာတွေလိုပဲ မစင်နဲ့အတူ စွန့်ထုတ်ခံရမှာသာဖြစ်ပါတယ်။

    (၂) အစပ်တွေစားရင် အစာအိမ်နာဖြစ်လိမ့်မယ်

    အစပ်ကြိုက်တဲ့ ငရုတ်သီးချစ်သူတွေအတွက် သတင်းကောင်းပါနော်။ အပူအစပ်များများစားရင် အစာအိမ်အနာဖြစ်လိမ့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ့် အစာအိမ်နံရံမှာအနာအများစုက Helicobacter pylori (H. pylori)  လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်ရတာပါ။ အပူအစပ်တွေက အစာအိမ်အနာဖြစ်ပြီးသား၊ ရောဂါရှိပြီးသားလူတချို့အတွက် ဝေဒနာပိုဆိုးစေနိုင်ပေမယ့် သူ့ကြောင့်ချည်းတော့ အဓိကအကြောင်းရင်းတော့မဟုတ်ပါဘူး။

    (၃) အစေ့တွေ မျိုချမိရင် အူထဲမှာပိတ်နေလိမ့်မယ်

    ငယ်ငယ်က အသီးတွေစားရင် မျိုချမိမှာအရမ်းကြောက်တယ်။ဆီးသီးစားရင်း မတော်တဆမျိုချမိရင် အူထဲ ပိတ်နေတော့မှာပဲ၊ အပင်တွေပေါက်လာတော့မှာပဲ တွေးမိသလိုပေါ့။ တချို့လူကြီးတွေကလည်း အစေ့တွေ၊ အစေ့အဆန်တွေမျိုချမိရင် အူလမ်းကြောင်းမှာ ပိတ်နေရင် ဒုက္ခပဲလို့ တွေးကြောက်တာတွေရှိပါတယ်။ Diverticulitis လို့ခေါ်တဲ့ အူရောင်ေရောဂါတစ်ခုမှာ အူမကြီးနံရံမှာရှိတဲ့ အိတ်ကလေးတွေထဲ အစေ့အဆန်လေးတွေ ဝင်သွားရင် ရောင်လာမယ်၊ ရောဂါပိုးဝင်မယ်လို့ ထင်ကြပါသေးတယ်။ တကယ်တော့မဟုတ်ပါဘူး။ အစေ့အဆန်တွေနဲ့ အမျှင်ဓာတ်များတဲ့အစားအစာတွေက ဒီရောဂါဖြစ်နိုင်ခြေကိုတောင် ပိုနည်းစေပါတယ်။

    (၄) ပဲတွေစားရင် ဗိုက်ပွတယ်

    ပဲကြီးလှော်မစားနဲ့၊ ဗိုက်ပွလိမ့်မယ်တဲ့။ ပဲက ကျန်းမာရေးအတွက် အကျိုးပြုတာများလို့ စားသင့်တဲ့အထဲမှာ ပါတယ်နော်။  ပမာဏအများကြီးစားတာကလွဲရင် တော်ရုံက ဘာမှမဖြစ်ပါဘူး။ ပြောရရင် နို့ထွက်ပစ္စည်းတွေကမှ တခြားဟာတွေထက် လေပွစေနိုင်သေးတယ်။ လေပွမှာကြောက်ရင် အစာကြေဆေး၊ လေဆေးတွေ ဆောင်ထားလိုက်ပေါ့။  ရှောင်ဖို့တော့ မလိုပါဘူး။

    (၅) ဆေးလိပ်သောက်ရင် ရင်ပူရင်ဆာ သက်သာတယ်

    ဒါကတော့ သောက်ချင်လို့ ရမည်ရှာတာပါနော်။ တကယ်တော့ ဆေးလိပ်သောက်တာကမှ ရင်ပူဝေဒနာကို ဖြစ်နိုင်ခြေပိုများစေတာပါ။ နီကိုတင်းက အစာရေမျိုကို အစာခြေရည်တွေပြန်ဆန်မတက်လာအောင် ထိန်းပေးတဲ့ အစာအိမ်ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အဲဒီတော့ မထိန်းနိုင်တော့တဲ့အခါ အစာခြေရည်ပြန်ဆန်တက်ပြီး ရင်ပူနာဖြစ်စေတာပေါ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement