backup og meta

ဓါတ်မတည့်ခြင်းကုသမှု။ ကိုယ်ခံအားစနစ်ကုသခြင်း၊ ဓါတ်မတည့်မှု ထည့်သွင်းခြင်း

ဓါတ်မတည့်ခြင်းကုသမှု။ ကိုယ်ခံအားစနစ်ကုသခြင်း၊ ဓါတ်မတည့်မှု ထည့်သွင်းခြင်း

သင်ဟာ ဓါတ်မတည့်မှု ဖြစ်တတ်တယ်ဆိုပါစို့။ ဓါတ်မတည့်မှုဖြစ်ခြင်းကနေ ရှောင်ရှားနိုင်ဖို့ဆိုရင် ဓါတ်မတည့်စေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းကနေ ရှောက်ကြဉ်နိုင်ဖို့ဆိုတာ လူအများစုက သိကြပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းများနဲ့ ရှောင်လွဲလို့ မရဘူးဆိုရင် ကိုယ်ခံအားစနစ် ကုသနည်းကို ရွေးချယ်သင့်ပါတယ်။

ဓါတ်မတည့်မှု ထည့်သွင်းခြင်း နည်းလမ်းဟာ အလုပ်ဖြစ်ပါတယ်။ ဓါတ်မတည့်မှုကို ကာကွယ်နိုင်ပြီး အနည်းဆုံးတော့ ဖြစ်ခဲ့ရင်တောင် သက်သာစေပါတယ်။

၁။ ဓါတ်မတည့်မှု ထည့်သွင်းခြင်း ဘယ်နှကြိမ်လောက် ပြုလုပ်ဖို့ လိုအပ်သလဲ

ပထမဦးစွာ သင့်အနေနဲ့ ဆေးခန်းကို တပတ်မှာ တကြိမ်၊ နှစ်ကြိမ်နဲ့ လပေါင်းများစွာအထိ သွားပြသင့်ပါတယ်။ ဆရာဝန်ဟာ လက်မောင်းမှာ ဆေးထိုးပေးပါလိမ့်မယ်။ ထည့်သွင်းတဲ့ ဓါတ်မတည့်ပစ္စည်းရဲ့ ပမာဏဟာ အလွန်နည်းပါး ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ ဓါတ်တုံ့ပြန်မှုတွေတော့ မကြုံရပါဘူး။ ဆရာဝန်ဟာ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း ဓါတ်မတည့်ပစ္စည်း ပမာဏကို မြှင့်တင်ပေးသွားပါလိမ့်မယ်။

၄-၅လလောက် ကြာတဲ့အထိ တပတ် (သို့) ၂ပတ်ခြားလောက် ဆေးထိုးရပါမယ်။ ပြီးရင် တကြိမ်နဲ့ တကြိမ်ကြား အချိန်ကို ဆွဲဆန့်သွားပါလိမ့်မယ်။ နောက်ပိုင်းမှာ တလတခါနှုန်းနဲ့ ၃-၅နှစ်လောက် ထိုးရပါမယ်။ ဓါတ်မတည့်ခြင်း ဖြစ်ရင်တောင် အခြေအနေ မဆိုးတော့ပါဘူး။ မဖြစ်တော့တာမျိုးတောင် ရှိတတ်ပါတယ်။

၂။ ဘယ်လိုပြင်ဆင်ရမလဲ

ချိန်းဆိုထားတာမတိုင်ခင်နဲ့ ပြသပြီးချိန်တွေမှာ လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခြင်း စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို တိုးမြှင့်ပေးပြီး ဓါတ်မတည့်ပစ္စည်းဟာ ကိုယ်ခန္ဓါအနှံ့ ပြန့်နှံ့သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွား မဖြစ်တတ်ပေမယ့် ဘေးကင်းအောင်နေတာ အကောင်းဆုံးပါပဲ။ ဘာဆေးတွေသောက်နေလဲဆိုတာ ဆရာဝန်ကို ပြောပြရပါမယ်။

တချို့ဆေးဝါးတွေဟာ ဒီကုသမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေတဲ့အတွက် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဒီနည်းလမ်းကို ဆက်လက်ကုသဖို့ သင့်မသင့် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်နိုင်ပါတယ်။

၃။ မျှော်မှန်းချက်တွေက ဘာတွေလဲ

ဘေးထွက်ဆိုးကျိုးတွေ ဖြစ်မဖြစ် သေချာအောင် နောက်ထပ် အနည်းဆုံး နာရီဝက်လောက် ဆေးခန်းမှာ နေသင့်ပါတယ်။ ဆေးခန်းကနေ ပြန်သွားပြီးတဲ့အခါ ယားယံခြင်း၊ အသက်ရှူခက်ခြင်း၊ နှာရည်ကျခြင်း၊ လည်ချောင်းတွင် တင်းကျပ်ခြင်း စတဲ့လက္ခဏာတွေ ခံစားရရင် အနီးဆုံး အရေးပေါ်ဌာနကို အမြန်ဆုံး ပြသသင့်ပါတယ်။

၄။ ဓါတ်မတည့်မှုထည့်သွင်းခြင်း

ဒီနည်းနဲ့ ဘယ်လောက်အလုပ်ဖြစ်မဖြစ်ဆိုတာ ဓါတ်မတည့်တဲ့ ပစ္စည်းနဲ့ လက္ခဏာတွေရဲ့ ပြင်းထန်မှုပေါ် မူတည်ပါတယ်။ များသောအားဖြင့် အင်းဆက်ပိုးရဲ့ အဆိပ်အတောက်၊ ဝတ်မှုန်၊ မွှား၊ မှို၊ တိရစ္ဆာန်အမွေး စတာတွေဟာ ဓါတ်မတည့်တဲ့ ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ဓါတ်မတည့်မှု ထည့်သွင်းခြင်းနည်းလမ်းဟာ အစာ၊ ဆေး၊ ရာဘာစေး စတာတွေနဲ့ အလုပ်ဖြစ်မဖြစ်ကတော့ မသေချာပါဘူး။

ဓါတ်မတည့်မှု ထည့်သွင်းခြင်းဟာ နှလုံးနဲ့ အဆုတ်ရောဂါရှိသူတွေ၊ တချို့ဆေးအမျိုးအစား သောက်သုံးနေသူတွေကို ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါရာဇဝင်၊ သောက်သုံးနေတဲ့ ဆေးဝါးတွေ စတာတွေကို ဆရာဝန်ကို ဖွင့်ပြောရပါမယ်။ ဒါမှသာ ဓါတ်မတည့်မှု ထည့်သွင်းခြင်းဟာ သင့်အတွက် အကျိုးဖြစ်မဖြစ် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Allergy Shots: What to Know. http://www.webmd.com/allergies/guide/allergy-shots Assessed October 24, 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ



Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement