backup og meta

ဓါတ်မတည့်မှု၏ နောက်ဆက်တွဲပြသနာ

ဓါတ်မတည့်ခြင်းဟာ သင့်ကိုယ်ခံအားစနစ်ကနေ အန္တရာယ် မဖြစ်စေလောက်တဲ့ ဝတ်မှုန်၊ တိရစ္ဆာန်အမွေး၊ မှို၊ စားစရာတချို့ စတာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုတွေဟာ အသက်အန္တရာယ်ရှိပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်စေပါတယ်။

၁။ သိပ်မပြင်းထန်သော နောက်ဆက်တွဲပြသနာများ

လူအများစုဟာ သိပ်မပြင်းထန်တဲ့ နောက်ဆက်တွဲပြသနာတွေ ကြုံရတတ်ပါတယ်။ နှာစေးခြင်း (နှာခေါင်းအတွင်းပိုင်း ရောင်ရမ်းခြင်း)၊ ထိပ်ကပ်နာဖြစ်ခြင်း (နှာခေါင်းအတွင်း အပေါ်ပိုင်း ရောင်ရမ်းခြင်း) ဟာ အဖြစ်များတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပါတယ်။

ဓါတ်မတည့်မှုကြောင့် နှာစေးတဲ့လက္ခဏာတွေကတော့ နှာချေခြင်း၊ နှာရည်ကျခြင်း၊ နှာပိတ်ခြင်း၊ မျက်ရည်ကျခြင်း စတာတွေ ဖြစ်ပါတယ်။ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနဲ့ နားတွေမှာ ယားယံတာမျိုး ကြုံနိုင်ပါတယ်။

ထိပ်ကပ်နာ လက္ခဏာတွေမှာ နှာပိတ်ခြင်းအပြင် အစိမ်းရောင်နဲ့ အညိုရောင် အချွဲများ၊ နှာရည်များကျခြင်း၊ မျက်နှာမှာ တင်းနေခြင်း စတာတွေ ပါဝင်ပါတယ်။ ခေါင်းအမြဲတမ်း ကိုက်နေခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း စတာတွေလည်း တွေ့နိုင်ပါတယ်။ သိပ်မပြင်းထန်တဲ့ နောက်ဆက်တွဲပြသနာတွေကို မိမိဖာသာ ဆေးများ ဝယ်ယူသောက်သုံးနိုင်ပါတယ်။ လူတချို့မှာတော့ ကိုယ်ခံအားစနစ်ကုထုံးတွေနဲ့ သက်သာအောင် ကုသနိုင်ပါတယ်။

၂။ အင်ပျဉ်ထခြင်း

နီရဲပြီး ယားယံတဲ့ အင်ပျဉ်ကွက်တွေ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းတခုခု (ဥပမာ အစာ၊ ဆေး) စတဲ့အရာတွေနဲ့ ထိတွေ့မိတဲ့အခါ ဟစ်စတမင်းဓါတ်တွေ ထွက်ပေါ်လာပြီး ဓါတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အင်ပျဉ်ထလာရင် သွေးမှင်လေမှင်ဖြစ်လာတတ်ပြီး အပေါ်ယံအရေပြား ရောင်ရမ်းလာတတ်ပါတယ်။ လည်ချောင်းမှာ ဖြစ်ရင် ဆိုးရွားတဲ့ ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ အင်ပျဉ်ထတာဖြစ်ရင် ဆေးကုသမှု ခံယူသင့်ပါတယ်။ ဟစ်စတမင်းဆန့်ကျင်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။

၃။ ရင်ကျပ်ပန်းနာဖြစ်ခြင်း

ဓါတ်မတည့်ခြင်းနဲ့ ရင်ကျပ်ပန်းနာဖြစ်ခြင်းဟာ ဆက်စပ်နေပါတယ်။ ဓါတ်မတည့်လို့ ရင်ကျပ်ခြင်းဟာ အမေရိကမှာ အတွေ့အများဆုံး ဓါတ်မတည့်မှု ဖြစ်ပါတယ်။ ဓါတ်မတည့်စေတဲ့ ပစ္စည်းများနဲ့ ထိတွေ့မိရင် ကိုယ်ခန္ဓါကနေ ခုခံပစ္စည်းများ ထုတ်လွှတ်ပြီး လေပြွန်တလျှောက်မှာ ရောင်ရမ်းလာစေပါတယ်။ ဓါတ်မတည့်မှုကြောင့် ရင်ကျပ်ပန်းနာဖြစ်သူများဟာ ရှူဆေးကို အမြဲဆောင်ထားဖို့ လိုပါတယ်။ ဓါတ်မတည့်မှဲဖြစ်စေတဲ့ ပစ္စည်းများနဲ့ ထိတွေ့မှုလျှော့ချခြင်း၊ စောစီးစွာ ကုသခြင်းဟာ ပန်းနာဖြစ်စေခြင်းကို လျှော့ချနိုင်ပါတယ်။

၄။ ဆိုးရွားစွာ ဓါတ်မတည့်ခြင်း

အဆိုးရွားဆုံး အခြေအနေ ဖြစ်ပြီး သေတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ လက္ခဏာများကတော့

– နီရဲယားယံသော အကွက်များဖြစ်ခြင်း

– လည်ချောင်းရောင်ရမ်းခြင်း

– ရင်ကျပ်ခြင်း

– အသက်ရှူရခက်ခြင်း

– အစာမျိုရန်ခက်ခြင်း

– အစာအိမ်အောင့်ခြင်း

– ပုံမှန်မဟုတ်ဘဲ မျက်နှာဖျော့ခြင်း (သို့) နီခြင်း

ဒီလိုလက္ခဏာတွေရှိရင် ဆေးကုသမှုကို အမြန်ဆုံးခံယူသင့်ပါတယ်။ အပီနက်ဖရင်းထိုးဆေးဟာ ဒီအခြေအနေတွေကို သက်သာစေပါတယ်။ ဒါပေမယ့် ဆေးကုသမှုခံယူဖို့တော့ လိုအပ်ပါတယ်။

ဓါတ်မတည့်ပစ္စည်းကို တုံ့ပြန်မှုဟာ တယောက်နဲ့ တယောက် မတူပါဘူး။ နောက်ဆက်တွဲ ပြသနာတွေဟာလည်း သာမန်နှာရည်ကျခြင်းလောက်ကနေ သေလုမြောပါးဖြစ်တဲ့အထိ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် လက္ခဏာတွေကို သတိထား စောင့်ကြည့်ရင်း ဆရာဝန်နဲ့ သွားရောက်ပြသတာ အကောင်းဆုံးဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Allergy Complication. http://topics.info.com/Allergy-Complication_5127 Assessed October 23, 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီအပြောင်းအလဲမှာ ဓာတ်မတည့်ဖြစ်တတ်သူတိုင်း သတိထားသင့်တဲ့ အချက်တွေ

ထူးထူးခြားခြား ဓာတ်မတည့်မှုများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement