– ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း
– မူးဝေခြင်း၊ သတိလစ်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်ခြင်း ဆိုတာဘာလဲ
ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုဖြစ်တဲ့အခါ အရေးကြီး အင်္ဂါအစိတ်အပိုင်းများကို သွေးကောင်းကောင်း မလျှောက်တော့ဘဲ သွေးလန့်ခြင်း ဖြစ်စေတတ်ပါတယ်။ သွေးလန့်ခြင်းဟာ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်းရဲ့ လက္ခဏာတခုပဲ ဖြစ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်ချိန်မှာ လူတိုင်းဟာတော့ သွေးလန့်တာ မကြုံရပါဘူး။ လူတချို့ဟာ ဓါတ်မတည့်မှု ဖြစ်ပွားချိန်မှာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းလာတာကြောင့် အသက်ရှူရပ်ခြင်း၊ အသက်ရှူလမ်းကြောင်းပိတ်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဆိုးရွားပြင်းထန်တဲ့ ဓါတ်မတည့်မှုကြောင့် သွေးလန့်ခြင်းဟာ နှလုံးထိခိုက်မှုကိုလည်း ဖြစ်စေပါတယ်။ အဲဒီအခြေအနေအားလုံးဟာ အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။
သင်ဖြစ်စေ၊ သင့်မိသားစုဝင်ဖြစ်စေ၊ တခြား တယောက်ယောက်ဖြစ်စေ ဆိုးရွားတဲ့ ဓါတ်မတည့်ခြင်း ကြုံရတဲ့အခါ အရေးပေါ်ဆေးကုသမှု ခံယူဖို့ သတိပြုပါ။ ဓါတ်မတည့်ခြင်းနဲ့ ပတ်သက်တဲ့ တိကျတဲ့ ရောဂါရှာဖွေမှု၊ အောင်မြင်တဲ့ ကုသမှု အစီအစဉ်တွေဟာ ရောဂါကို ပိုမဆိုးသွားဖို့၊ ပြန်ဖြစ်မလာဖို့ အလွန်အရေးကြီးလှပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။