backup og meta

စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

စိတ်ဖိစီးမှုတွေက ဝက်ခြံပေါက်စေနိုင်သလား

စနေ၊တနင်္ဂနွေတော့ရောက်လာပါရဲ့၊တပတ်လုံးပင်ပန်းနွမ်းနယ်ထားပြီးစာမေးပွဲ၊ရုံးအလုပ်၊ပရောဂျက်အပြီးလုပ်ရမယ့်အလုပ်တွေကလည်းနှိပ်စက်နေတဲ့အတွက်စိုးရိမ်ပူပန်မှုတွေကလည်းရှိနေပါသေးတယ်။ ထိုအချိန်မျိုးမှာသင့်မျက်နှာမှာ ဝက်ခြံတွေ ပိုထွက်လာတတ်တာမျိုး ဖြစ်ဖူးပါသလား။ အရေပြားပြဿနာတွေနဲ့စိုးရိမ်ပူပန်မှုတွေဟာတပြိုင်တည်းလိုလိုပေါ်လာတတ်တယ်ဆိုတာ (သို့) ဝက်ခြံတွေဟာသင့်ပြဿနာတွေရဲ့အမှတ်အသားတစ်ခုဖြစ်တယ်ဆိုတာသင်သိပါသလား။

အရေပြားရောဂါဆိုင်ရာပါမောက္ခတဦးရဲ့အဆိုအရစိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေဟာဝက်ခြံအသစ်ထွက်လာတာနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းတော့မရှိဘဲသူတို့ဟာရှိပြီးသားအရေပြားပြဿနာတွေကိုပိုဆိုးစေတာလို့ဆိုပါတယ်။ ဒါ့အပြင်ကျောင်းသားတွေအနေနဲ့စာမေးပွဲရက်တွေအတွင်းမှာဝက်ခြံပြဿနာကနေထွက်ပြေးဖို့အင်မတန်ခဲယဉ်းတယ်ဆိုတာနဲ့ဒီပြဿနာတွေဟာ နွေရာသီကျောင်းပိတ်ရက်လိုမျိုးဖိအားမရှိတဲ့အချိန်တွေမှာထက်ပိုပြီးဆိုးတယ်လို့သုတေသနပညာရှင်တွေရဲ့လေ့လာချက်တွေအရသိရပါတယ်။ စိတ်ဖိစီးမှုများနေချိန်မှာသူတို့ရဲ့ဆဲလ်တွေဟာ sebum လို့ခေါ်တဲ့အဆီတွေကိုပုံမှန်ထက်ပိုထုတ်လေ့ရှိပါတယ်။ အလုပ်၊အိမ်ထောင်ရေး၊စီးပွားရေးနဲ့ပညာရေးအဆင်မပြေမှုတွေကကာလရှည်စိတ်ဖိစီးမှုကို ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုဖြစ်လာရင်အက်ဒရီနယ်ဂလင်းကိုပါသွားဆွနိုင်ပြီးအဆိုပါဂလင်းကထုတ်ပေးတဲ့ဟော်မုန်းတွေဟာအဆီထုတ်တဲ့ဂလင်းတွေအပေါ်သက်ရောက်မှုရှိပါတယ်။ ဒီအဆီတွေဟာအရေပြားဆဲလ်သေတွေ၊ဘက်တီးရီးယားတွေနဲ့ပေါင်းပြီးမွေးညင်းပေါက်တွေကိုပိတ်ဆို့ကာဝက်ခြံဖြစ်လာစေပါတယ်။

ဒါ့အပြင်စိတ်ဖိစီးမှုတွေများခြင်းဟာသွေးပေါင်တက်စေပြီးသွေးကြောတွေကိုကျယ်လာစေတာကြောင့်အရေပြားနီရဲရောင်ရမ်းတာတွေကိုလည်း ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေဟာအစာအာဟာရဓါတ်တွေစုပ်ယူမှုကိုလျော့နည်းသွားစေတာကြောင့်ကိုယ်ခံအားစနစ်အားနည်းပြီးဝက်ခြံပျောက်ဖို့အချိန်ကြာစေပါတယ်။

ဒီပြဿနာတွေကိုဖြေရှင်းဖို့အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့စိတ်ဖိစီးမှုနဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုလျှော့ချဖို့ပဲ ဖြစ်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း (ယောဂ၊အပြေး၊အားကစားလုပ်၊အားကစားခန်းမမှာကစားစသည်)။

  • ကဖင်းဓါတ်နဲ့သကြားဓါတ်တွေလျှော့စားခြင်း။
  • အသီးအနှံတွေနဲ့အမျှင်ဓါတ်ပါသောဟင်းသီးဟင်းရွက်တွေများများစားခြင်း။
  • အသားအရေထိန်းသိမ်းခြင်း။

အိပ်ရေးဝဝအိပ်ခြင်း (တစ်ညကို၇-၈နာရီလောက်အိပ်ရပါမယ်)။ ဝက်ခြံဆိုတာဒီနေ့ကုမနက်ဖြန်ပျောက်ဆိုတဲ့အမျိုးတော့မဟုတ်ပါဘူး။ အခြေအနေဆိုးတဲ့လူနာတွေမှာဆိုရင်retinoids၊ပဋိဇီဝပိုးသတ်ဆေးနဲ့တခြားဆေးတွေသုံးပြီးကုသဖို့လည်းလိုအပ်ကောင်းလိုအပ်ပါလိမ့်မယ်။ ဒါကြောင့်သင့်အနေနဲ့စိတ်ဖိစီးမှုတွေနည်းနိုင်သမျှနည်းအောင်နေထိုင်ရမှာဖြစ်ပြီးဝက်ခြံတွေစထွက်လာပြီဆိုရင်လည်းစိတ်ဖိစီးမှုတွေကိုအမြန်ဆုံးလျှော့ချနိုင်ဖို့ရာအတွက်ဆရာဝန်နဲ့အမြန်ဆုံးပြသရမှာပဲ ဖြစ်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Does stress cause breakouts? https://www.dermalogica.com/does-stress- cause-breakouts%3F/does- stress-
cause-breakouts,default,pg.html.

Stress and Acne. http://www.webmd.com/skin-problems- and-treatments/acne/features/stress- and-acne#1.
Accessed April 22, 2011

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ

ဝက်ခြံပေါက်နေစဉ် ရှောင်သင့်သော အစားအစာများ


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement