backup og meta

မျှဝေပါ။

Wisdom Teeth ( အံဆုံးသွား )

လက္ခဏာများအံဆုံးသွား ပြဿနာများ ဖြစ်ရတဲ့ အကြောင်းရင်း ရောဂါရှာ‌ဖွေခြင်း ကုသနည်း လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အံဆုံးသွား ဆိုတာ အပေါ်မေးရိုး၊ အောက်မေးရိုးရဲ့ အနောက်ဘက်မှာပေါက်နေတဲ့ မညီမညာဖြစ်နေတဲ့ တတိယမြောက်အံသွား အထက်အောက် ဘယ်ညာလေးချောင်း ဖြစ်ပါတယ်။ ဆယ်ကျော်သက်နှောင်းပိုင်း (သို့) နှစ်ဆယ်ကျော်စအရွယ်မှာမှ ပေါက်လာလေ့ရှိတဲ့ နောက်ဆုံးသွားအစုံပဲဖြစ်ပါတယ်။ အံဆုံးသွားက အတွေ့ရများပါတယ်။ အသက်၁၇ နဲ့ ၂၁နှစ်အတွင်းမှာ စပေါက်လေ့ရှိပါတယ်။

Wisdom Teeth ( အံဆုံးသွား )

အံဆုံးသွားတွေရဲ့ အနေအထား မမှန်မှု အမျိုးမျိုးရှိပါတယ်။ ဘေးဘက်ကို ၉၀ဒီဂရီစောင်းနေခြင်း၊ ဒုတိယမြောက်အံသွားနဲ့ ထောင့်ချိုးအနေအထား၊ အတွင်းဘက်ကို ထွက်နေခြင်း၊ အပြင်ဘက်ကိုထွက်နေခြင်း စသည်ဖြင့် ဖြစ်နိုင်ပါတယ်။ ဒီလိုအနေအထားမမှန်မှုတွေကြောင့် သွားထပ်ခြင်း၊ ကပ်လျက်ရှိတဲ့သွားတွေနဲ့ အာရုံကြော (သို့) မေးရိုးတစ်ခုလုံးထိခိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။

Wisdom Teeth ( အံဆုံးသွား ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • အံဆုံးက သွားဖုံးကို ပေါက်မထွက်နိုင်ခြင်းကြောင့် မေးရိုးနာခြင်း၊ တောင့်ခြင်း
  • သွားကို ထိမိရင် (သို့) သွားတိုက်ရင် နာခြင်း
  • သွားဖုံးထဲမှာ မြုပ်နေတဲ့ သွားရဲ့အပေါ် သွားဖုံးသားပိုးဝင်ခြင်းကြောင့် နာခြင်း
  • သွားနေရာလွတ်မရှိခြင်း
  • သွားသန့်ရှင်းဖို့ နေရာလွတ်မရှိခြင်းကြောင့် ခံတွင်းမသန့်ရှင်းမှုကနေ သွားပျက်စီးခြင်း (သို့) သွားဖုံးရောဂါ ဖြစ်လာခြင်း

အံဆုံးသွားပေါက်ခြင်းဆိုင်ရာပြဿနာတွေ ဘာကြောင့်ဖြစ်တာလဲ။

အံဆုံးသွားက နေရာမှန်မှာသာ ပေါက်ခဲ့မယ်ဆိုရင် ပြဿနာဖြစ်စရာမရှိပါဘူး။ အောက်ပါအချက်တွေကြောင့် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာရတာ ဖြစ်ပါတယ်။

  • အံဆုံးသွားရဲ့အပေါ်မှာ သွားဖုံးသားထပ်ပေါက်နေတဲ့အတွက်ကြောင့် အစာတွေညှပ်နေခြင်းနဲ့ ပိုးဝင်ခြင်း
  • အံဆုံးသွားရွဲ့စောင်းပြီး ပေါက်လာခြင်း
  • မေးရိုးကျဉ်းတဲ့အတွက်ကြောင့် အံဆုံးသွား သွားဖုံးကို ဖောက်မထွက်နိုင်ခြင်း
  • ခံတွင်းနောက်စွန်းရှိသွားများ သန့်ရှင်းဖို့အခက်အခဲရှိခြင်း
  • သွားဖုံးထဲမှာမြုပ်နေတဲ့သွားမှာ အရည်အိတ်တည်ခြင်း၊ သွားနဲ့ သွားခြေကို ထိခိုက်မိခြင်း

အံဆုံးသွားကောင်းကောင်းပေါက်မပေါက်ကို ဘယ်လိုအတည်ပြုပါသလဲ။

သွားဆရာဝန်က အံဆုံးပေါက်ခြင်း လက္ခဏာရှိမရှိ (သို့) အခြားကပ်လျက် သွားတွေအပေါ် ထပ်နေခြင်းရှိမရှိ သင့်ရဲ့သွားဖုံးကို စစ်ဆေးပါလိမ့်မယ်။ ဓာတ်မှန်ရိုက်တာကလည်း သွားတွေကြောင့်ဖြစ်နေတဲ့ လတ်တလောပြဿနာတွေနဲ့ ဖြစ်လာနိုင်တာတွေကို သိစေနိုင်ပါတယ်။

အံဆုံးသွား ပြဿနာကို ဘယ်လိုကုသပါသလဲ။

အံဆုံးသွားမနှုတ်ခင်မှာ နာကျင်မှု သက်သာစေဖို့ ထုံဆေးပေးတာ၊ စိတ်ငြိမ်ဆေးပေးတာတွေ လုပ်နိုင်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ရိုးရိုးနှုတ်ရတာ ရှိသလို၊ ခွဲစိတ်ပြီး နှုတ်ရတာလည်း ရှိနိုင်ပါတယ်။ အံဆုံးသွားနှုတ်သင့်တဲ့ အချက်တွေကတော့

  • သွားဖုံးပိုးဝင်ခြင်း (သို့) ရောဂါက အံဆုံးသွားကိုပါ ထိခိုက်နေပြီဆိုရင်
  • အနည်းငယ်ပေါက်နေတဲ့ အံဆုံးသွား ပျက်စီးနေမယ်ဆိုရင်
  • အံဆုံးသွားမှာ အရည်အိတ်တွေ အကျိတ်တွေဖြစ်နေခဲ့ရင်

သွားနှုတ်ခြင်းက အချိန်အကြာကြီးမလိုပါဘူး။ ပါဝင်တဲ့အချက်တွေကတော့

  • ထုံဆေးပေးခြင်း
  • သွားနှုတ်ခြင်း
  • သို့မဟုတ် သင့်ရဲ့ သွားဖုံးကို ခွဲပြီး သင့်ရဲ့ မထွက်နိုင်တဲ့ သွားအပေါ် ပိတ်ဆို့ထားတဲ့ သွားအပိုင်းအစကို ဖယ်ထုတ်ခြင်း ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ချုပ်ရိုးသုံးပြီး ပြန်ပိတ်ပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

အံဆုံးသွားမထွက်အောင်၊ မဖြစ်အောင် ကာကွယ်လို့မရပါဘူး၊၊ အံဆုံးသွားကြီးထွားမှုအခြေအနေတွေကို သိနိုင်ဖို့ သွားဆရာဝန်နဲ့ ပုံမှန်စမ်းသပ်စစ်ဆေးခြင်းတွေ လုပ်နေတာ သင့်အတွက် ပိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

အံဆုံးသွားကြောင့် ကိုက်ခဲနာကျင်တာတွေ ဖြစ်လာရင် လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့

  • အကိုက်အခဲပျောက်ဆေးသောက်တာ
  • ရေခဲကပ်တာ
  • ဆားရည်နဲ့ ပလုပ်ကျင်းတာ စတာတွေပဲ ဖြစ်ပါတယ်။

ဒါတွေက နာကျင်မှုကို ယာယီတော့ သက်သာစေမှာပါ။ ကိုယ့်ကို ဆက်ပြီး ဒုက္ခမပေးဖို့ဆိုရင်တော့ သွားဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသလိုက်တာပဲ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Impacted wisdom teeth.
http://www.mayoclinic.org/diseases-conditions/wisdom-teeth/basics/prevention/con-20026676.
Accessed July 19, 2016.

Dental Health and Wisdom Teeth.
http://www.webmd.com/oral-health/wisdom-teeth. Accessed July 19,2016.

ယခုပုံစံ

13/11/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/11/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement