backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကဘာလဲ။

Pneumothorax (နျူမိုသောရပ်စ်) ဟာ အဆုတ်နဲ့ ရင်ဘတ်နံရံအတွင်းကို လေဝင်တဲ့ အခါမှာ ဖြစ်ပွားပါတယ်။ Pneumothorax နှစ်မျိုး ရှိပါတယ်။

အကြောင်းမဲ့ဖြစ်သော Pneumothorax – အရင်က မဖြစ်ဖူးပဲ ကျန်းမာနေတဲ့သူတွေမှာ ရုတ်တရက်ဖြစ်ပွားခြင်း

နောက်ဆက်တွဲဖြစ်သော Pneumothorax – အဆုတ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်ပွားခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သေသေချာချာ မကုသနိုင်ဘူးဆိုရင် ဒီရောဂါကြောင့် သေဆုံးနိုင်ပါတယ်။

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ အဖြစ်များပြီး ပိန်ပြီး အရပ်ရှည်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Pneumothorax ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ မောခြင်းနဲ့ အသက်ရှူစဉ် ရင်ဘတ်အောင့်ခြင်းတို့ပဲဖြစ်ပါတယ်။ အခြားရောဂါ လက္ခဏာတွေလဲ ရှိပါသေးတယ်။

  • မောခြင်း
  • သတိလစ်ခြင်း
  • ဖြူဖျော့ခြင်း
  • ပင်ပန်းလွယ်ခြင်း
  • နှလုံးခုန် မြန်ခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အခုလောလာဆယ်မှာတော့ သိပ္ပံပညာရှင်တွေက Pneumothorax ဖြစ်စေတဲ့ အကြောင်းရင်းကို သိရှိပြီးဖြစ်ပါတယ်။ သူတို့က လေပူဖောင်းလေးတွေဟာ ပေါက်ထွက်ပြီးတော့ အဆုတ်ထဲမှာ ငြိမ်နေတာကြောင့်လို့ဆိုပါတယ်။ တစ်ခါတစ်ရံမှာ မျိုးရိုးလိုက်ခြင်းကြောင့်လဲ ဖြစ်ပွားတတ်ပါတယ်။

တချိန်တည်းမှာပဲ နောက်ဆက်တွဲ Pneumothorax ဟာ အဆုတ်ရောဂါတွေဖြစ်တဲ့ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါနဲ့ နာတာရှည် အဆုတ်လေပြွန်ကျဉ်းမြောင်းသော COPD ရောဂါတွေကြောင့်လဲ ဖြစ်ပွာတတ်ပါတယ်။ ဒါ့အပြင် အဆုတ်နဲ့ ရင်ဘတ်ကို ဒဏ်ရာရရှိမှုတွေဟာလည်း Pneumothorax ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်စေနိုင်ပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Pneumothorax ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • လိင် – အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။
  • ဆေးလိပ်သောက်ခြင်း – ဆေးလိပ်သောက်ရင် Pneumothorax ပိုဖြစ်နိုင်ပါတယ်။
  • မျိုးရိုးဗီဇ – အချို့ရောဂါတွေဟာ မျိုးရိုးလိုက်နိုင်ပါတယ်။
  • အဆုတ်ရောဂါ – အရင်က အဆုတ်ရောဂါ ရှိခဲ့မယ်ဆိုရင် သင့်မှာ Pneumothorax ဖြစ်ပွားနှုန်း မြင့်တက်နိုင်ပါတယ်။
  • အသက်ရှူထောက်ကူစက် – အသက်ရှူစက်ကို အသုံးပြုနေရရင် pneumothorax ဖြစ်ပွားနိုင်ပါတယ်။
  • အရင်က Pneumothorax ဖြစ်ဖူးခြင်း

အထက်ဖေါ်ပြပါအချက်တွေ မရှိခြင်းဟာ Pneumothorax မဖြစ်ပွားနိုင်ဘူးတို့ မဆိုလိုပါဘူး။ သိချင်တာရှိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ကျန်းမာရေး ရာဇဝင်နဲ့ ကိုယ်ခန္ဓါ စစ်ဆေးမှု ပြုလုပ်ပါလိမ့်မယ်။ နားကျပ်နဲ့ အသက်ရှူသံကို နားထောင်ပြီး ရင်ဘတ်ဓါတ်မှန် တွေကတော့ ရောဂါအတည်ပြုနိုင်ပါတယ်။ သမားတော်တွေက သွေးအတွင်း အောက်စီဂျင် ပမာဏနဲ့ အီးစီဂျီ ကို စစ်ဆေးမှာ ဖြစ်ပါတယ်။

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကို ဘယ်လိုကုသပါသလဲ

Pneumothorax ကုသမှုဟာ ပြင်းထန်မှုနဲ့ ဖြစ်ပွားစေတဲ့ အကြောင်းရင်းပေါ်ကို မူတည်ပါတယ်။ မပြင်းထန်တဲ့ Pneumothorax ဟာ ကိုယ်ခန္ဓါမှ လေစုပ်ယူစေခြင်းအားဖြင့် ကုသနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါတွေအတွက်ကတော့ ဆေးထိုးပြွန် (သို့) ပြွန်ကို ရင်ဘတ်ထဲထည့်ပြီး လေထုတ်နိုင်ပါတယ်။

အပေါက်က ကြီးသွားခဲ့ရင် ပြွန်ကို အဆုတ်အတွင်းမှာ ရက်အနည်းငယ်ထားပြီး အပေါက်ကျက်သွားတဲ့ အချိန်အထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ နည်းလမ်းတွေဟာ အကျိုးမရှိဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Pneumothorax (နျူမိုသောရပ်စ်) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Pneumothorax ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးကို ပြန်လည် စစ်ဆေးခြင်း
  • ဆေးပုံမှန်သောက်ခြင်း၊ ဆရာဝန် ညွှန်ကြားချက်မရှိတဲ့ဆေးတွေ သုံးစွဲခြင်း၊ ရပ်ပစ်ခြင်း မပြုလုပ်သင့်ပါဘူး။
  • သင်သောက်နေတဲ့ဆေးတွေအကုန်ကို ဆရာဝန်ကို ပြောပြသင့်ပါတယ်။
  • ကိုယ်ဝန်ရှိနေရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement