Heart Valve Disease (နှလုံးအဆို့ရှင် ရောဂါ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ကဘာလဲ။

နှလုံးအဆို့ရှင်ရောဂါဆိုသည်မှာ နှလုံးတွင်ရှိသော အဆို့ရှင်သည် သူ၏ပုံမှန်လုပ်ငန်းတာဝန်များကို မလုပ်ဆောင်နိုင်တော့ခြင်းဖြစ်တယ်။ နှလုံးတွင် အဆို့ရှင် လေးခုရှိပါတယ်။ ထိုအဆို့ရှင်များသည် သွေးများကို မှန်ကန်စွာစီးဆင်းနိုင်စေရန် အထောက်အကူပေးပါတယ်။ နှလုံးတစ်ချက်ခုန်တိုင်း အဆို့ရှင်များသည် အဖွင့်အပိတ်လုပ်ပေးပါတယ်။

အဆို့ရှင်များ အဖွင့်အပိတ်လုပ်ဆောင်မှု မမှန်သောအခါ သွေးစီးဆင်းမှုကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါတွင် ၎င်းနှင့်ပတ်သတ်သောအရာအားလုံး(ဥပမာ- လည်ပင်းသွေးလွှတ်ကြောမကြီးကျဉ်းခြင်း) ပါဝင်တယ်။ ဒါ့အပြင် နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးတိုးရောဂါ နှလုံးပျက်ဆီးခြင်း တို့ကိုလည်း ဖြစ်စေနိင်ပါတယ်။

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

နှလုံးအဆို့ရှင်ရောဂါဟာ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါတယ်။ သို့သော် အသက်ကြီးသူများတွင် ပိုအဖြစ်များတာတွေ့ရတယ်။ ရောဂါဖြစ်ပွားစေသော အချက်များကို လျှော့ချခြင်းဖြင့် ရောဂါကိုကာကွယ်ကုသနိုင်ပါတယ်။ ပိုသိလိုသောအချက်များ ရှိပါက ဆရာဝန်နှင့်ဆွေးနွေးပါ။

လက္ခဏာများ

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများစွာရှိပါတယ်။

ယင်းတို့အနက် အတွေ့ရများသော လက္ခဏာများမှာ…
• အသက်ရှူရခက်ခြင်း
• ရင်တုန်ခြင်း
• နွမ်းနယ်ခြင်း
• ရင်ဘက်အောင့်ခြင်း သို့ မအီမသာဖြစ်ခြင်း
• မူးဝေခြင်း သို့ အားနည်းခြင်း
• မိုက်ခနဲမူးခြင်း
• ခေါင်းကိုက်ခြင်း
• ချောင်းဆိုးခြင်း
• ခန္ဒါကိုယ်အတွင်းရှိရေကိုဆွဲယူခြင်း(ခြေထောက်များနှင့် ဝမ်းဗိုက်ကိုဖောယောင်စေသည်)
• အဆုတ်အတွင်းအရည်များဖြင့်ပြည့်နေခြင်း
• ခြေကျင်းဝတ်၊ ခြေဖမိုး သို့ ဝမ်းဗိုက် ဖောယောင်ခြင်း
• ကိုယ်အလေးချိန်မြန်မြန်တက်ခြင်း

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

နှလုံးအဆို့ရှင်ရောဂါကြောင့် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများစွာရှိပါတယ်။ ယင်းတို့အနက် အတွေ့ရများသော လက္ခဏာများမှာ…
• အသက်ရှူရခက်ခြင်း
• ရင်တုန်ခြင်း
• နွမ်းနယ်ခြင်း
• ရင်ဘက်အောင့်ခြင်း သို့ မအီမသာဖြစ်ခြင်း
• မူးဝေခြင်း သို့ အားနည်းခြင်း
• မိုက်ခနဲမူးခြင်း
• ခေါင်းကိုက်ခြင်း
• ချောင်းဆိုးခြင်း
• ခန္ဒါကိုယ်အတွင်းရှိရေကိုဆွဲယူခြင်း(ခြေထောက်များနှင့် ဝမ်းဗိုက်ကိုဖောယောင်စေသည်)
• အဆုတ်အတွင်းအရည်များဖြင့်ပြည့်နေခြင်း
• ခြေကျင်းဝတ်၊ ခြေဖမိုး သို့ ဝမ်းဗိုက် ဖောယောင်ခြင်း
• ကိုယ်အလေးချိန်မြန်မြန်တက်ခြင်း
အထက်မှာဖော်ပြထားတာတွေမှာ မပါတဲ့ တချို့ရောဂါလက္ခဏာများလည်း ရှိနိုင်ပါသေးတယ်။ အကယ်၍ရောဂါ လက္ခဏာတစ်ခုခုနဲ့ တိုက်ဆိုင်နေပြီဆိုရင် ဆရာဝန်ထံမှာတိုင်ပင်ဆွေးနွေးမှုပြုလုပ်သင့်ပါတယ်။

အကြောင်းရင်းများ

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

တချို့သောနှလုံးအဆို့ရှင်ရောဂါများဟာ မွေးရာပါဖြစ်ပါတယ်။ သို့သော် တခါတရံတွင် ကျန်းမာရေးပြသနာများကြောင့်လည်း ရောဂါဖြစ်ပွားတတ်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါ ဖြစ်ပွားစေသော အခြေအနေတချို့မှာ…
• နှလုံးကြွက်သားများယောင်ယမ်းသည့်ရောဂါ
• လေးဘက်နာရောဂါ( Streptococcus ဘက်တီးရီးယားကြောင့်ဖြစ်သော အဆစ်ရောင်ရောဂါ)
• နှလုံးသွေးကြောကျယ်ခြင်း
• သွေးလွှတ်ကြောများမာကြောခြင်း
• Mitral valve ရှိ တွယ်ဆက်ကြွက်သားများယောင်ခြင်း
• အရေပြားယောင်သည့်ရောဂါ(ကိုယ်ခံအားကျဆင်းစေသည့်နာတာရှည် ရောဂါတစ်မျိုး)
• နှလုံးသွေးကြော၌ ဖြစ်တတ်သည့်ရောဂါတစ်မျိုး
• နှလုံးကြီးသည့်ရောဂါ
• ကာလသားရောဂါ
• တွယ်ဆက်ကြွက်သားများ ယောင်ယမ်းသည့်ရောဂါ
• အကျိတ်များ
• တချို့သောဆေးများနှင့် ဓါတ်ရောင်ခြည်များ စသည်တို့ပဲဖြစ်ပါတယ်။

Risk factors

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများစွာရှိပါသည်။၎င်းတို့မှာ
• အသက်ကြီးသူများ
• ကိုယ်လက်လှုပ်ရှားမှုမရှိသူများ
• နှလုံးရောဂါရှိသူများ( နှလုံးကြွက်သားယောင်ရောဂါ၊ သွေးတိုးရောဂါ၊ လေးဘက်နာရောဂါ)
• အကျိတ်များ
• တချို့ဆေးဝါးများနှင့် ဓါတ်ရောင်ခြည်ကုထုံးများ

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ သင့်နှလုံးခုန်သံကို နားကြပ်ဖြင့်နားထောင်ခြင်းဖြင့် သင့်နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် ပက်သတ်၍ နှလုံးအဆို့ရှင်ရောဂါကို ရှာဖွေနိုင်ပါတယ်။

ထို့အပြင် ရောဂါရှာဖွေသောစက်များ၊ သွေးစစ်ဆေးခြင်းများဖြင့်လည်း နှလုံးအဆို့ရှင်ကိုစစ်ဆေးပြီး သင့်တော်သော ကုသမှုခံယူနိုင်ပါတယ်။

• ရင်ဘက်ကိုဓါတ်မှန်ရိုက်ခြင်း:

သင်၏နှလုံး အရွယ်အစား၊ ပုံစံအနေအထားတို့ကို သိနိုင်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါဟာ တခါတရံ နှလုံးကြီးစေနိုင်ပါတယ်။

• Echocardiography :

အသံလှိုင်း( ultrasound wave) ကို အသုံးပြု၍ နှလုံးနှင့် သွေးကြောများ၏ ပုံစံကို ရိုက်ယူနိုင်ပါတယ်။

• နှလုံးသွေးကြောထဲသို့ ပြွန်ထည့်၍ သွေးစီးဆင်းမှုပုံမှန် မမှန် နှင့် နှလုံးအဆို့ရှင် ပြသနာရှိ မရှိလေ့လာခြင်း

Heart Valve Disease (နှလုံးအဆို့ရှင်ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်ရောဂါအခြေအနေပေါ်မူတည်၍ သင့်တော်သော ကုသမှုကိုလမ်းညွှန်နိုင်ပါတယ်။ သင်ဟာ တိကျသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူသင့်ပါတယ်။ ဆေးလိပ်သောက်တတ်သူဖြစ်ပါက ဆေးလိပ်ဖြတ်ရပါမယ်။

ကျန်းမာရေးနှင့်ညီညွတ်သောအစားအသောက်များ စားရပါမယ်။ ဆရာဝန်ညွှန်ကြားထားသော ဆေးများကို တိကျစွာသောက်ရမယ်။ နှလုံးခုန်နှုန်းနှင့် သွေးပုံမှန်စီးရန်အတွက် beta-blocker ၊ Ca channel blocker.တို့အပြင် သွေးကြောကို ပွင့်စေရန်နဲ့ ကျယ်စေရန်အတွက် သွေးကြောကျယ်ဆေး၊ ဆီးဆေးများလည်းပေးနိုင်ပါတယ်။

ပြင်းထန်သောအခြေအနေများတွင် ခွဲစိတ်ကုသမှုခံယူရန်လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ကုသမှုများတွင် ကိုယ်ပိုင်ကြွက်သားဖြင့် အဆို့ရှင်ပြင်ဆင်ခြင်း၊ တိရစ္ဆာန်များမှ အဆို့ရှင်များကို ယူ၍ အဆို့ရှင်အစားထိုးခြင်း သို့မဟုတ် အလှူရှင်ဆီမှ အဆို့ရှင်ဖြင့် အစားထိုးခြင်း သို့မဟုတ် နှလုံးအဆို့ရှင် အတု (သို့) စက်ဖြင့် အစားထိုးခြင်းတို့ပါဝင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆစ်ရောင်ရောဂါရှိသူများအတွက် သင့်တော်သော စားသောက်ဖွယ်ရာများ

အဆစ်ရောင်ရောဂါဟာ အရိုးအဆစ်တွေမှာရှိတဲ့ အရိုးနုတွေ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်း စတာတွေကြောင့် ဖြစ်ပွားရပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သိသိသာသာ ခံစားရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
အဆစ်ရောင်နာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 1, 2020 . 2 mins read

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

ကလေးတွေကို အတူတူ ပေးကစားလို့ ရပါတယ်။ ထိန်းတော့ မထိန်းခိုင်းပါနဲ့။ အကြီးဆုံးအနေနဲ့ မွေးဖွားလာတာ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့ပါ ကလေးထိန်းဖို့ မဟုတ်ပါဘူး။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

ဒါတွေကြောင့် အူမကြီးကင်ဆာ ဖြစ်တတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ချောင်းဆိုးတာကို အိမ်မှာပဲ သက်သာအောင် လုပ်ချင်တယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆယ်လ်မွန်ငါး ဘာကြောင့်စားသင့်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read