backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ)


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ကဘာလဲ။

Achalasia ဆိုသည်မှာ ပါးစပ်နှင့်အစာအိမ်ကိုဆက်ထားသည့်အစာရေမျိုပြွန်ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းရောဂါသည်အစာမျိုရခက်ခဲမှုကိုဖြစ်စေသည်။ Achalasia ရောဂါခံစားရပါက အစာရေမျိုပြွန်နှင့် အစာအိမ်ဆက်ထားသောကြားကြွက်သား (အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သား) သည် မျိုချပြီးနောက် ပြန်ဖြေလျှော့နိုင်ခြင်းမရှိတော့တာကြောင့်ဖြစ်သည်။

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

သူသည်ရှားပါးသည့်ရောဂါတစ်မျိုးဖြစ်ပြီး အမျိုးသားရောအမျိုးသမီးပါဖြစ်နိုင်၏။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး လူကြီးများတွင်တွေ့ရများ၏။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များကိုပိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်ပါ။

လက္ခဏာများ

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဘယ်ရောဂါလက္ခဏာတွေကတွေ့ရများသလဲ

အဓိကလက္ခဏာမှာ မျိုချရခက်ခဲခြင်း သို့မဟုတ် မျိုးချချိန်ရင်ဘတ်အောင့်ခြင်းဖြစ်သည်။ နာသောကြောင့် မျိုမချနိုင်ရာကနေ အစားမစားနိုင်ပဲ ကိုယ်အလေးချိန်လဲလျှော့ကျသွားနိုင်သည်။ တခြားလက္ခများမှာ ရင်ဘတ်အောင့်ခြင်း၊ နှာချေခြင်း၊ ရင်ပူခြင်း၊ ဗိုက်ဖောခြင်းနှင့် အန်ခြင်းတို့ပါဝင်ပါသည်။ တစ်ချို့ဖြစ်ရပ်များတွင် အစာများနောက်ပြန်ထွက်လာနိုင်ပါသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီတွင် ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ခန္ဓါကိုယ်တုံ့ပြန်မှုသည် မတူညီနိုင်ပါ။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နှင့် တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ။

တိတိကျကျမသိရသေးသော်လည်း alchalasia သည် အစာရေမျိုပြွန်၏ အာရုံကြောထိခိုက်မှုကြောင့်ဖြစ်ရသည်ဟုဆိုသည်။ အစာရေမျိုပြွန်နှင့် အစာအိမ်ဆုံရာတွင် အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သား ရှိသည်။ ပုံမှန်အားဖြင့် ၎င်းသည် အစာမျိုချပါက ပြေလျော့သွားသည်။ alchalasia ရောဂါရှိသူတွင် ၎င်းကြွက်သားက မပြေလျော့နိုင်တော့ပါ။ ထပ်လောင်းပြောရလျှင် အစာရေမျိုပြွန်၏လှုပ်ရှားမှု (Peristalsis) ကို မလုပ်ဆောင်နိုင်တော့ပဲ ဖြစ်သွားပါသည်။

တခြားရောဂါများတွင်လဲ တူညီသည့်လက္ခဏာမျိုးရှိတတ်ပါသည်။ ဥပမာ ။ ။ အစာရေမျိုပြွန်ကင်ဆာ၊ အစာအိမ်အထက်ပိုင်းကင်ဆာနှင့် Chagas ရောဂါကိုဖြစ်စေသော ကပ်ပါးပိုကူးစက်ခံရခြင်း။

Risk factors

ငါ့ဆီမှာ Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အာရုံကြောပျက်စီးရသည့်အကြောင်းရင်းကို မသိရသောကြောင့် ရောဂါဖြစ်စေသည့်အကြောင်းရင်းများကိုလဲ သေချာစွာ မသတ်မှတ်နိုင်သေးပါ။ တစ်ချို့အချက်များမှာ

  • အစာရေမျိုပြွန်တွင်အကြိတ်ဖြစ်ခြင်း
  • Chagas’ ရောဂါဖြစ်ခြင်းတို့ဖြစ်သည်။

ပိုမိုသောအချက်အလက်များကိုသိလိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါအတည်ပြုနိုင်ရန်အတွက် ဆရာဝန်သည် Barium မျိုချပြီး ဓါတ်မှန်ရိုက်ခိုင်းမည်ဖြစ်သည်။ (ဓါတ်မှန်မရိုက်ခင် Baium White ဟုခေါ်သောဆေးတစ်မျိုး သို့မဟုတ် ဓါတ်ရောင်ပြန်နိုင်သော အရည်တစ်မျိုးကိုသောက်ရမည်။ သို့မှသာ အစာရေမျိုပြွန်ကိုဓါတ်မှန်တွင်ကောင်းကောင်းမြင်ရမည်) Barium ဓါတ်မှန်သည် ကျဉ်းမြှောင်းသော အစာရေမျိုပြွန်အောက်ဖက်နှင့် အကျယ်အဝန်းကိုပြသနိုင်သည်။ ဒီစစ်ဆေးမှုကို X-ray upper gastrointestinal contrast-enhanced ဟုခေါ်သည်။

ဆရာဝန်များသည် အစာရေမျိုပြွန်အတွင်းရှိဖိအားနှင့် လုပ်ရှားမှုရှိမရှိကိုတိုင်းတာသောနည်းများကို တိုင်းတာကြပြီး ညှစ်ကြွက်သား၏ဖိအားတိုးနေမှုကိုသိနိုင်သည်။

မှန်ပြောင်းကြည့်ခြင်း (အလင်းနှင့်ကင်မရာတပ်ထားသည့်ပြွန်)နှင့်လည်း ညှစ်ကြွက်သားတင်းမတင်း

စစ်ဆေးကြည့်နိုင်သေးသည်.။

ထို့အပြင် အကြိတ်လက္ခဏာများစစ်ဆေးဖို့ ဆရာဝန်မှအသားစယူရန်တောင်းဆိုပါလိမ့်မည်။

Achalasia (အစားအစာကို လည်ချောင်းထဲကနေ အစာအိမ်ထဲကို မပို့ဆောင်နိုင်သော ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်၏ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။

Achalasia အတွက်ရွေးချယ်စရာများ

Achalasia သည်ပျောက်အောင်ကုလို့မရသော်လည်း အခြေအနေပိုကောင်းပြီး နောက်ဆက်တွဲအခြေအနေများမဖြစ်အောင် ကုသမှုကလုပ်ပေးနိုင်ပါသည်။

Aschalasia ရောဂါရှိနေပါက အောက်ဖက်အစာရေမျိုပြွန်ညှစ်ကြွက်သားကို ဖိအားလျော့ပေးဖို့လိုမည်။ ဘောလုံးများ အထူးပြုကိရိယာများနှင့် ညှစ်ကြွက်သားကိုကျယ်အောင့်ချဲ့နိုင်သည်။ ချဲ့ပြီနောက်တွင်တောင်မှ အစာရေမျိုပြွန်သည့် ပုံမှန်လျှပ်ရှားမှုရှိလာမည်မဟုတ်ပါ။ လက္ခဏာများပြန်ဖြစ်လျှင် ပြန်ချဲ့ရမည်ဖြစ်သည်။ ဆရာဝန်နှင့်ဆွေးနွေးပါ။

တာရှည်ခံ nitrates များ calcium channel blocker များကလဲ ညှစ်ကြွက်သားမှဖိအားကိုလျော့ပေးနိုင်ပါသည်။ ချဲ့ခြင်းမလုပ်နိုင်ပါက ဒီဆေးမျိုးကိုဆရာဝန်မှပေးလေ့ရှိပါသည်။

ဆရာဝန်က Botox (botulinum toxin) ကို အစာရေမျိုပြွန်ကျယ်သွားစေရန် ညှစ်ကြွက်သားထဲထိုးဖို့အကြံပေးနိုင်ပါသည်။

လူနာက ချက်ချင်းမကုလျှင် နောက်ဆက်တွဲအခြေအနေများ ဖြစ်ပေါ်လာနိုင်ပါသည်။ အစာရေမျိုပြွန်ပြဲခြင်း (ပေါက်ထွက်ခြင်း) အစာအိမ်ထဲအက်စစ်များ အစာရေမျိုပြွန်ထဲသို့နောက်ပြန်စီးခြင်း၊ အဆုတ်ထဲရေ သို့ အစာဝင်ခြင်း တို့ဖြစ်လာနိုင်သည်။ တချို့သူများတွင် အစာရေမျိုပြွန်ကင်ဆာဖြစ်ပေါ်လာတတ်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Achalasia ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် Achalasiaကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ဖြည်းဖြည်းနှင့်မှန်မှန်ဝါးပါ
  • လက္ခဏာများတိုးတက်မှုရှိမရှိပြန်စစ်ဆေးရန် ချိန်းဆိုပါ တခြားကျန်းမာရေးအခြေအနေတွေပါ စစ်ဆေးပါ
  • ဆရာဝန်၏လမ်းညွှန်မှုကိုလိုက်နာပါ။ သောက်ခိုင်းသည့်ဆေးကို မသောက်ပဲမနေပါနှင့်။
  • အစာမျိုရခက်ခြင်းကာလအတော်ကြာလျှင်၊ မျိုချိန်နာလျှင်၊ ကုသပြီးနောက်အကြွင်းအကျန်လက္ခဏာရှိလျှင် ဆရာဝန်နှင့်ပြသပါ
  • သွေးအန်လျှင် လက္ခဏာအသစ်များပေါ်လာလျှင် ဆရာဝန်နှင့်ပြသပါ

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement